ကိုယ့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေးကိုမှ ချစ်စိတ် တွေ ဝင်မိပြီလား။ ဒါပေမယ့် သူငယ်ချင်းကို ချစ်မိသူတွေအဖို့ သူငယ်ချင်းဆိုတဲ့ အဖြူရောင် စည်းက သူနဲ့ကိုယ့်ကြားမှာ ကန့်လန့်ခံနေပါတယ်။ အနားမှာအတူတူရှိနေပေမယ့် ချစ်တယ်ဆိုတဲ့ ကြည်နူးစရာနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ Friend Zone ဆိုတဲ့ ကန့်သတ်နယ်မြေထဲကနေ ရဲရဲကြီးရုန်းထွက်ဖို့ လိုသေးတယ် မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းကို ချစ်မိတဲ့ ကွီးတို့အတွက် သူငယ်ချင်း အဖြစ်ကနေ နောက်တဆင့် တက်လှမ်းနိုင်ဖို့ သိထားသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ရှည်ဖို့ အရေးကြီးပါတယ်

Photo : Pexels

အရင်ဆုံး သူမအတွက် အချိန်ပိုပေးလိုက်ပါ။ ဒီနေရာမှာ စိတ်ရှည်တာက သော့ချက်ပါ။ အနစ်နာခံခြင်းဟာ ရေရှည်ရလဒ်ကောင်းတွေ ပေးပါလိမ့်မယ်။

(၂) သူမရဲ့ ရင်တွင်းစကားတွေ နားထောင်ပေးပါ


Photo : Pexels

ကိုယ့်ဘဝအကြောင်း သူမကို ပြောပြရမှာ ဖြစ်သလို သူမရဲ့ ရင်ထဲက ပြောချင်တာတွေကိုလည်း အသေအချာ နားထောင်ပေးဖို့ လိုပါတယ်။ ဒီကောင်မလေးဟာ ကိုယ့်ဘဝအတွက် အရေးပါသူဖြစ်ကြောင်းကို သူမကိုယ်တိုင် ခံစားနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ တစ်ခုရှိတာက အလွန်အကျွံကြီး ရုပ်ပျက်ဆင်းပျက်တော့ ဂရုစိုက်မပြသင့်ပါဘူး။

(၃) ဖွင့်ပြောပါ


Photo : Pexels

ချစ်ကြောင်းဖွင့်ပြောတဲ့အခါ အချိန်အခါကြည့်ပြီးတော့ ပြောဖို့လိုပါတယ်။ အခြေအနေကို အချိန်အခါကို ကောင်းကောင်းသုံးသပ်ပြီး အဆင်သင့်ဖြစ်မယ့် အချိန်မှာ သူမကို ဘယ်လောက် ချစ်ကြောင်း ဖွင့်ပြောလိုက်ပါ။ ဒါပေမယ့် သူငယ်ချင်းတွေလိုပဲ ဆက်နေရအောင် ဆိုတဲ့ စကားလုံးတွေကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ။

(၄) အခက်အခဲတွေကို အတူ ရင်ဆိုင်ပါ


Photo : Pexels

အခက်အခဲတစ်ခုခု သူမမှာ ကြုံလာရင် ၊ ပြဿနာတစ်ခုခု သူမနဲ့ ပတ်သက်ပြီး ဖြစ်လာရင် အတူ ရင်ဆိုင်ဖြေရှင်းပေးပါ။ ကိုယ်နဲ့ သူမ နှစ်ယောက်ပေါင်းရင် အင်အားတစ်ခု ဖြစ်တယ်ဆိုတာကို နားလည်ပါ။ မိန်းကလေးတွေဟာ သူတို့ အားကိုးလို့ ရမယ့် ၊ အခက်ကြုံချိန် မားမားမတ်မတ် ရှေ့ထွက်ပြီး ရပ်တည်ပေးတဲ့ ယောကျာ်းကောင်းကို ခေါင်းမခါတတ်ပါဘူး။

(၅) ဆက်ကြိုးစားပါ

Photo : Pexels

တကယ်ချစ်ရင် မစွန့်ပစ်ပါနဲ့။ သူမရဲ့ တုန့်ပြန်မှုကို မျှော်လင့်လို့မရတဲ့ အချိန်မှာတောင် ကိုယ့်နှလုံးသားကို ပြင်ဆင်တည့်မတ်ပြီး သူမကို ဆက်ချစ်ပြနေ ၊ ဂရုစိုက်အားပေးနေပါ။ လူတစ်ယောက်ရဲ့ အချစ်ကို ရဖို့ နည်းလမ်းတကျ အားကြိုးမာန်တက် ကြိုးစားပါတယ်ဆိုရင်တောင် သင်္ချာသင်ခန်းစာလို သီအိုရီအရ မှန်ရင်တောင် တကယ့်ဘဝမှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ကြိုးစားပါ။ အနည်းဆုံး သူမကို ချစ်နေတဲ့ သူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာကို သူမသိနေပါစေ။