လူတိုင်းရဲ့ဘဝမှာ ပေါင်းသင်းဆက်ဆံရေးဟာ အခရာပဲလို့ ပြောကြပါတယ်။ ကျွန်တော်တို့ အသက်ရှင်သန်ရာ ဘဝတစ်လျှောက်လုံးမှာ လူမျိုးစုံ ၊ ကာလာအရောင်အသွေးစုံတဲ့ လူတွေနဲ့ တွေ့ခဲ့ကြရမှာပါ။ မိတ်ဆွေအပေါင်းအသင်းတွေဟာ ကျွန်တော်တို့ဘဝအတွက် တစ်ထောင့်တစ်နေရာက အရေးပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ကျွန်တော်တို့ဘဝအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်စေသလို ၊ ဆိုးရွားတဲ့ အမှတ်တရတွေကိုလည်း ဖန်တီးပေးနိုင်သူတွေပါ။ သို့သော် ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဟာ မိတ်ဆွေ သူငယ်ချင်းတွေ တနည်းအားဖြင့် တခြားသူတွေပေါ်မှာပဲ မှီခိုနေတာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဟာ ကျွန်တော်တို့ ကိုယ်တိုင်မှာ ဖြစ်တည်လာနေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သူငယ်ချင်း အပေါင်းအသင်းတွေ မရှိလည်း တစ်ယောက်တည်း ဘယ်လိုပျော်အောင် နေရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နည်းနဲ့ စတင်ပါ

man

Photo : Impakter

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ ပျော်ရွှင်အောင် ထားချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တက်တဲ့ အလေ့အကျင့်ကနေ စတင်ရမှာပါ။ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးမှာ ပျော်အောင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ မိမိကိုယ်ကို ဂရုစိုက်မှုတဲ့ အလေ့အကျင့်ကို ဦးစားပေးလုပ်ဆောင်လာတာနဲ့ တပြိုင်နက် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအလုံးစုံဟာ မြင့်တက်လာပြီး ပျော်ရွှင်မှု ခံစားရနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ကိုယ့်အတွက်ကိုယ် လုံလောက်တဲ့အချိန်ပေးတာ ၊ ကျန်းမာအောင်နေထိုင်စားသောက်တာ ၊ အသားအရေထိန်းသိမ်းတာ ၊ စိတ်ဖိစီးမှုတက်နိုင်သမျှ နည်းပါးအောင်နေတာ စတဲ့အချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပါ

Travel

Photo : All Pro Dad

ကျွန်တော်တို့ တော်တော်များများဟာ တခြားသူတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ပိုမက်မောတောင့်တတက်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ချီးကျူးဂုဏ်ပြုခြင်းကနေ စစ်မှန်တဲ့ စိတ်ချမ်းမြေ့ ပျော်ရွှင်ခြင်းတွေကို ရနိုင်တယ်ဆိုတာ မေ့ထားကြတာပါ။ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပါ ၊ ဘယ်လောက်ပဲ သေးပါစေ ဘဝမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ မှတ်တိုင်တွေအတွက် ဂုဏ်ပြုပါ ၊ ကိုယ်ဟာ ကိုယ်ဖြစ်နေရခြင်းအတွက်လည်း ဂုဏ်ပြုပါ။ အများကြီး မဟုတ်ပါဘူး ကိုယ့်အတွက်ကိုယ် တစ်ရက်တာ အားလပ်ရက်ပေးပြီး လုပ်ချင်တာတွေလုပ်တာ ၊ စားချင်တာတွေစားလိုက်တာ ၊ လိုချင်တဲ့အရာလေးတွေ ဝယ်လိုက်တာ စသည်ဖြင့် ငွေကြေးတန်ဖိုးတွက်ချက်စရာမလိုပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုလို့ ရသမျှ ဂုဏ်ပြုလိုက်ဖို့ အကြံပေးချင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပါ

office man

Photo : Entrepreneur

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် နားလည်လာတာနဲ့အမျှ ကိုယ်ရဲ့ပျော်ရွှင်မှုကို ရှာတွေ့ဖို့ ပိုပြီး နီးစပ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လုပ်ဖို့အတွက် ​Self-Reflection ရှိဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဝါသနာ ၊ အားသာချက် ၊ အားနည်းချက်တွေကို နားလည်အောင် လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်နားလည်စွာ သိရှိခြင်းက ပျော်ရွှင်မှုတိုးစေနိုင်သလို ဘဝရဲ့ ရည်ရွယ်ချက် ၊ ဦးတည်ချက်ကိုတွေလည်း ထိရောက်မြန်ဆန်စွာ ရောက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ

camera men

Photo : GoodLives

တစ်ကိုယ်တည်းလည်း ပျော်အောင်နေနိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ထားတက်ကြလို့ပါပဲ။ များသောအားဖြင့်တော့ ကိုယ်တိုင် ကိုယ့်ရဲ့ပျော်ရွှင်မှုကို ရှာဖွေလုပ်ဆောင်ကြတာပါ။ ဒီနေ့မှာ ဝါသနာတွေ ၊ စိတ်ဝင်စားတဲ့ အရာတွေက အများကြီး အရေးပါပါတယ်။ ကိုယ့်ကို ပျော်စေမယ့် အရာတွေ ၊ ဝါသနာတွေကို လုပ်ဆောင်တာက ကိုယ့်ကိုယ်ကို ပျော်အောင်ထားနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ နောက်တစ်ချက်က ကိုယ့်ကိုယ် စိတ်ညစ်စေတဲ့အရာ‌တွေနဲ့ ကင်းအောင်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားဖို့ဟာ ကိုယ်ကိုယ်တိုင်နဲ့ အများကြီး သက်ဆိုင်တယ်ဆိုတာကို သိနားလည်ထားဖို့ အရေးကြီးပါတယ်။

Featured Photo : Marcelo Oleas