အမျိုးသားတိုင်း ကိုယ်ချစ်ရတဲ့ မိန်းကလေး ဒါမှမဟုတ် သဘောကျနေရတဲ့ မိန်းကလေးဆီက Impression ကောင်း ရချင်ကြတာပဲ မဟုတ်ပါလား။ ဒီလို ကောင်းမွန်တဲ့ ထင်မြင်ယူဆချက်ကို ရရှိဖို့ ကွီးတို့ရဲ့ ပြောဆိုပြုမူပုံတွေနဲ့ ကွီးတို့ရဲ့ လုပ်ဆောင်ပုံတွေက အများကြီးအရေးပါပါတယ်။ ဒါ့အပြင် ကွီးတို့အနေနဲ့ မိန်းကလေးတွေက အမျိုးသားတစ်ယောက်ဆီက သူတို့လိုချင်တဲ့ အရာတွေ သတိပြုစရာ အချက်လေးတွေကိုတော့ သိရှိထားဖို့လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ ချစ်ရတဲ့ သူမဆီက အမှတ်ပြည့် ရဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ယဉ်ကျေးသော အပြုအမူကောင်းများ ရှိခြင်း

သူမဆီက အမှတ်ပြည့်

Photo : Body Language Central

ဘယ်သူမဆို ကိုယ့်ကို လေးစားပြီး ယဉ်ကျေးစွာ ဆက်ဆံရင် သဘောကျတတ်တာပဲ မဟုတ်ပါလား။ ဒါ့အပြင် အမျိုးသမီးလေးတွေကလည်း သူမကိုသာမက လူတိုင်းကို လေးလေးစားစား ဆက်ဆံတဲ့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူရှိခြင်းကို သဘောကျကြပါတယ်။ ဒီအချက်ကလည်း ကွီးတို့ကို သူမဆီက အမှတ်ပြည့်ရစေမယ့် အချက်ပါ။ ကွီးတို့သူမကို လေးစားယဉ်ကျေးမှု အပြည့်နဲ့ ဆက်ဆံရင် သူမကလည်း ထိုနည်းအတိုင်း ကွီးတို့ကို ပြန်လည်ဆက်ဆံပါလိမ့်မယ်။

နှိမ့်ချတတ်ခြင်း

သူမဆီက အမှတ်ပြည့်

Photo : Sweety Hight

အမျိုးသမီးတွေက မာနကြီးပြီး မောက်မာတတ်တဲ့ အမျိုးသားတွေကို သဘောမကျတတ်သလို၊ အထင်လည်း မကြီးတတ်ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် နှိမ့်ချတတ်ပြီး သူတစ်ပါးကို တလေးတစားနဲ့ အလေးပေးဆက်ဆံတတ်နဲ့ အမျိုးသားတွေကို သဘောကျတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘယ်လိုကြီးမားတဲ့ အခြေအနေကိုပဲ ပိုင်ဆိုင်ထားသည်ဖြစ်စေ၊ နှိမ့်ချတတ်ခြင်းက လူအများအမြင်မှာ လူကြီးလူကောင်းဆန်စေပါတယ်။ ဒါ့အပြင် နှိမ့်ချသောသူများက အောင်မြင်မှုများ၊ အရည်အချင်းများ၊ စွမ်းဆောင်ရည်များနဲ့ ပတ်သတ်ပြီး ကြွားဝါတတ်ခြင်းမရှိပါ။ ၎င်းတို့က အမှန်တကယ်အလုပ်လုပ်ပြီး သူတို့ရဲ့ ရလဒ်ကိုပဲ ပြသတတ်ပါတယ်။

နားထောင်ပေးခြင်း

Photo : Fanatic Fashion

လူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ စကားဝိုင်းအပေါ် အလေးအနက်ထားပြီး နားထောင်ပေးတာဟာ ကိုယ့်ရဲ့ လေးစားမှုကို ပြသခြင်းတစ်မျိုးပါပဲ။ ဒါ့အပြင် မိန်းကလေးတွေက သူတိုပြောတဲ့စကားကို အလေးထား နားထောင်ပေးတတ်တဲ့ သူတွေကို သဘောကျကြပါတယ်။ သူတို့နဲ့စကားပြောရင် သေချာအလေးထားပြီး နားထောင်ပေးပါ။ ဆွေးနွေးပေးပါ။ စကားဝိုင်းအပေါ် စိတ်ဝင်စားမှုရှိကြောင်းပြသပါ။ ဒီအချက်ကလည်း ကွီးတို့အနေနဲ့ သူမအပေါ် လေးစားမှုရှိကြောင်း ပြသပြီးသားလည်း ဖြစ်စေပါတယ်။ ဒီအချက်က ကွီးတို့အပေါ် သူမရဲ့ အမှတ်တွေ ထပ်တိုးစေမယ့် အချက်လည်း ဖြစ်ပါတယ်။

စိတ်ရှည်ခြင်း

Photo : The Coolest

လေးစားစရာကောင်းတဲ့ အမျိုးသားတွေက စိတ်ရှည်သည်းခံတတ်ကြပါတယ်။ တစ်ခါတစ်လေ အမျိုးသမီးလေးတွေက သူမအပေါ် ဘယ်လောက်သည်းခံတတ်သလဲဆိုတာကို နည်းမျိုးစုံနဲ့ စမ်းသပ်တတ်ကြပါတယ်။ သူမတို့အပေါ် စိတ်ရှည်သည်းခံတတ်သူကို သဘောကျလေးစားပြီး အမှတ်ပြည့်ပေးလေ့ရှိပါတယ်။

သူမကို အရေးပါကြောင်း ခံစားရပါစေ

Photo : Top Romp

အမျိုးသမီးလေးတွေက အသေးစိတ် သတိပြုမိတတ်ပြီး ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှု အသေးလေးတွေ ဂရုစိုက်မှု အနည်းငယ် လောက်လေးတွေကတောင်မှ သူမကိုပျော်ရွှင်စေပါတယ်။ သူမကို ဘယ်လောက် ချစ်ကြောင်းပြောပြပါ။ သူမကို ပျော်ရွှင်သွားစေမဲ့ အရာလေးတွေလုပ်ပြီး သူမဟာ ကွီးအတွက်ဘယ်လောက်အရေး ပါတယ်ဆိုတာသိရှိခံစားပါစေ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက သူမဆီက အမှတ်ပြည့် ရဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

Featured Photo : Love Devani