အားလပ်ချိန်လေးတွေမှာ ရုပ်ရှင်ကြည့်ရင်း အနားယူအပန်းဖြေလေ့ရှိကြတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ သြဂုတ်လ အတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။

သြဂုတ်လ အတွင်းမှာ ဘယ်လို အမိုက်စား ဇာတ်ကား ကောင်းလေးတွေ ထွက်လာမလဲဆိုတာ စောင့်ဆိုင်းနေကြတဲ့ ကွီးတို့အားလုံး အကြိုက် တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Bullet Train

Source: Sony Pictures Entertainment

သြဂုတ်လ ၅ ရက်နေ့မှာ အသစ်ထွက်ရှိလာမယ့် ဇာတ်ကား သစ်တစ်ကားပဲဖြစ်ပါတယ်။ Brad Pitt ၊ Brian Tyree Henry ၊ Michael Shannon အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များအားလုံး ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်ကားအကျဉ်းချုံးလေးကတော့ ရထားတစ်စီးပေါ်မှာ မစ်ရှင်ကိုယ်စီနဲ့ လုပ်ကြံသတ်ဖြတ်ကြမယ့် လူ ၅ ယောက် လိုက်ပါလာကြတာဖြစ်ပါတယ်။ သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေကြသလဲ။ ဘာ့ကြောင့် လုပ်ကြံသတ်ဖြတ်ကြမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ Bullet Train ဆိုတဲ့ အက်ရှင်ဇာတ်ကားလေးကို ကြည့်ရှု့ခံစားနိုင်ပါတယ်။

Easter Sunday

Source: Universal Pictures

ပေါ့ပေါ့ပါးပါး ဟာသဇာတ်ကားလေးတွေကိုမှ ကြည့်ရှု့ချင်တဲ့ ကွီးတို့အတွက် Easter Sunday ဆိုတဲ့ ဇာတ်ကားသစ်တစ်ကားလည်းရှိပါသေးတယ်။

ဇာတ်ကားနာမည်အတိုင်းပဲ Easter နေ့ထူးနေ့မြတ်မှာ မိသားစုအားလုံး ဆုံစည်းကြရာကနေ ဟာသဇာတ်လမ်းလေးကို အခြေတည်ကာ ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Thirteen Lives

Source: Prime Video

ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးကို အခြေတည်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။

၂၀၁၈ တုန်းက ထိုင်းနိုင်ငံရဲ့ ဂူတစ်ခုမှာ ကလေးငယ်များနှင့် သူတို့ရဲ့ ဆရာတွေ ဂူထဲသို့ သွားကြရင်းနဲ့ ရေကြီးလာလို့ ဂူထဲမှာ ပိတ်မိနေကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။

တစ်ကမ္ဘာလုံးက အဖွဲ့အစည်းတွေက ဝိုင်းဝန်းကြိုးပမ်းကြရာကနေ ဂူထဲ ပိတ်မိနေသူများရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကိုတော့ သြဂုတ်လ ၅ ရက်နေ့မှာ စတင်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။

Collide

စုံတွဲသုံးယောက်ကို အခြေတည်ကာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LA မြို့က စားသောက်ဆိုင်လေးတစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ ပထမဆုံး ဒိတ်စလုပ်နေတဲ့ Hunter ဆိုတဲ့ ကောင်ကလေး၊ ကိုကိန်းတွေ အများကြီးနဲ့ ပွပေါက်ချောင်းနေကြတဲ့ စုံတွဲတစ်တွဲ၊ သူ့မိန်းမနဲ့ စားသောက်ဆိုင် မန်နေဂျာတို့ နောက်မီးလင်းနေကြတာကို ကားပေါ်ကနေ စောင့်ကြည့်နေတဲ့ Peter ဆိုတဲ့ အမျိုးသား။

Source: E! News

သူတို့စုံတွဲသုံးယောက် ဘယ်လိုမျိုး ကံကြမ္မာတွေနဲ့ ပေါင်းဆုံဖြစ်သွားမလဲဆိုတာကို သိချင်ရင်တော့ Collide ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှု့ခံစားနိုင်ပါတယ်။

My Favorite Girlfriend

Source: Rotten Tomatoes Indie

အက်ရှင်ကား၊ ဟာသကားတွေနဲ့ မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ ဒီတစ်ခါမှာ အချစ် ရိုမန့်စ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

စရိုက်ချင်း မတူကြတဲ့ လူသားနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်မိသွားကြတဲ့အခါ သူတို့ရဲ့ဘဝက အရင်ကလို ပျင်းစရာမကောင်းတော့ဘဲ အလွဲလွဲအချော်ချော်များဖြင့် ရယ်ရွှင်မောဖွယ်ကောင်းပြီး ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Bonnie Piesse ၊ Tyler Johnson နှင့် Amanda Raymond တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Pil’s Adventures

ကလေးစိတ်မကုန်သေးတဲ့ ဘော်ဒါတို့အတွက်လည်း Pil’s Adventures ဆိုတဲ့ Animation ဇာတ်ကားသစ်လည်း ထွက်ရှီလာဦးမှာဖြစ်ပါတယ်။

Pil ဆိုတဲ့ ကောင်မလေးကတော့ ကျေးတောသူလေးတစ်ယောက်ပေါ့။ တစ်ရက်မှာတော့ ရဲတိုက်ထဲ ခိုးဝင်ရင်း ဂါထာနဲ့ စိတ်ညှို့ခံလိုက်ရတဲ့ Roland လို့ခေါ်တဲ့ မင်းသားလေးကို တွေ့သွားပါတော့တယ်။ Pil တစ်ယောက် ထိုဂါထာကို အသက်မဝင်အောင် ဘယ်လိုကြိုးပမ်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

Source: Entertainment Access

Laal Singh Chaddha

သြဂုတ်လ ဇာတ်ကား

Photo: IGN

ဘောလိဝုဒ် မင်းသားကြီး Aamir Khan နှင့် မင်းသမီးကြီး Kareena Kapoor Khan တို့  ပါဝင်သရုပ်ဆောင်ထားတဲ့ အမိုက်စား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ အမျိုးသားတစ်ယောက်သည် သူ့ရဲ့ဘဝကို ချစ်ခြင်းမေတ္တာတရား၊ နွေးထွေးမှု၊ ပျော်ရွှင်မှုတို့ဖြင့် ဘယ်လို ဖြတ်သန်းသလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Source: Paramount Pictures

Rogue Agent

ဒီဇာတ်လမ်းသည်လည်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေတည်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ Robert Freegard သည် M15 Agent မှန်းမသိအောင် အသွင်ပြောင်းကာ သာမန်လူသားများအကြား ဇာတ်မြှုပ်ကာ နေထိုင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဘဝထဲသို့ အမျိုးသမီးတစ်ယောက် ဝင်ရောက်လာတဲ့နောက်မှာတော့ ဘယ်လိုအချိုးအကွေ့တွေ ကြုံတွေ့ရမလဲဆိုတာကို အမိုက်စား ဇာတ်လမ်း ဇာတ်ကွက်များဖြင့် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Source: Movie Trailers Source

SALVATORE : Shoemaker of Dreams

သဘာဝဆန်တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ရှု့ချင်တဲ့ ကွီးတို့အတွက်တော့ SALVATORE : Shoemaker of Dreams ဆိုတဲ့ Documentary ဇာတ်ကားတစ်ခုရှိပါတယ်။ သူ့ ငယ်စဉ်ဘဝကတည်းက ပထမဦးဆုံး ဖိနပ်တစ်ရံကို စတင်ဖန်တီးတဲ့ အချိန်က စပြီး အမေရိကသို့ ထွက်ကာ စွန့်စားခန်းဖွင့်ပုံအလယ်၊ ထိုမှတဆင့် ဟောလိဝုဒ်ကနေ အီတလီ၊ နောက်ဆုံးမှာတော့ ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့ရပုံ၊ ထိုကနေတဆင့် ပြန်လည်ကြိုးစားခဲ့ပုံ စတဲ့ အတွေ့အကြုံအများကြီးကို ကြည့်ရှု့ခံစားရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဘဝသင်ခန်းစာ ကောင်းကောင်းရစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: Sony Pictures Classics

The Invitation

မိန်းမပျိုလေး တစ်ယောက်သည် ဖိတ်ကြားခြင်း ခံထားရတဲ့ မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါတယ်။ မကြာခင်အချိန်မှာပဲ သူ(မ)အပေါ် ကြောက်စရာ ကံကြမ္မာဆိုးကြီးတစ်ခုက စောင့်ဆိုင်းနေတာကိုတော့ သူ(မ) မသိခဲ့ပါဘူး။

Source: Sony Pictures Entertainment

သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ကြည့်ချင်သူများအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးလိုက်ရပါတယ်။