သွားလေးတွေ ညီညာပြီး ဖြူဝင်းတောက်ပနေမယ်ဆိုရင် ကွီးတို့ရဲ့ အပြုံးတွေဟာ ပိုမို အသက် ဝင်ပြီး ဆွဲဆောင်မှုရှိစေမှာ အမှန်ပါပဲ။ ဒီလို ပုလဲလုံးလေးတွေလို ဖြူဝင်းလှတဲ့ သွားလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် သွားကျန်းမာရေး နဲ့ ပတ်သတ်ပြီး ကွီးတို့ ထိန်းသိမ်းရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ဘာတွေသောက်ဖြစ်လဲ ပြန်ကြည့်ပါ

Photo : Unsplash

ကွီးတို့တစ်နေ့တာမှာ သောက်ဖြစ်တဲ့ Drinks တွေက ဘာတွေဖြစ်မလဲဆိုတာ အရင်ဆုံးပြန်ဆန်းစစ်ပါ။ ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုလာ ဒါမှမဟုတ် ဝိုင်နီလိုမျိုး အဖြူရောင် ရှပ်အင်္ကျီတွေကို စွန်းထင်းစေတဲ့သောက်စရာမှန်သမျှဟာ ကွီးတို့ရဲ့သွားကြွေလွှာကိုလည်း စွန်းထင်းစေနိုင်ပါတယ်။ ဒီလို Drinks တွေ နေ့တိုင်းသောက်ဖြစ်ရင် လျှော့သောက်ဖို့ အကြံပြုချင်ပါတယ်။ Drinks တစ်ခုခုသောက်ပြီးသွားတဲ့အခါမှာလည်း ခံတွင်းကို ရေနဲ့ ပလုတ်ကျင်းပေးပါ။

(၂) အခြေခံ သွားကျန်းမာရေး အဆင့်တွေကို လိုက်နာပါ

Photo : My Dentist

စူးရှတောက်ပတဲ့ အပြုံးပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ကျန်းမာသန့်ရှင်းတဲ့ သွားလေးတွေကို ပိုင်ဆိုင်ထားရမှာပဲ ဖြစ်ပါတယ်။ သွားလေးတွေက သန့်ရှင်းတောက်ပြောင်ပြီး အနံ့အသက်ကင်းနေစေဖို့ဆိုရင် အခြေခံကျတဲ့ သွားကျန်းမာရေး စောင့်ရှောက်နည်းအဆင့်တွေကို လိုက်နာဖို့ လိုပါတယ်။ တစ်နေ့ကို မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် ပုံမှန်သွားတိုက်ပါ။ အစာစားပြီးတိုင်းမှာ ပလုတ်ကျင်းပါ။

သွားတိုက်တံကို ၃ လ / ၄ လ တစ်ကြိမ် သို့မဟုတ် သွားတိုက်တံရဲ့ အမွေးအမှင်တွေ ဖျော့တော့လာပါက အသစ်လဲပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်ပါ။ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ခံတွင်းအနံ့ဆိုးတွေကို ရှင်းထုတ်ဖို့ ခံတွင်းသန့်စင်ဆေးရည်နဲ့ ဆေးကြောပါ။ သွားကျန်းမာရေးအတွက် တစ်နှစ်ကို နှစ်ကြိမ်ခန့် သွားဆရာဝန်နဲ့ ဆေးစစ်မှု ခံယူသင့်ပါတယ်။

(၃) Whitening ပါတဲ့ သွားတိုက်ဆေးသုံးပါ

Photo : Wilkinson Dental

သွားလေးတွေကို ဖြူဝင်းတောက်ပချင်တယ်ဆိုရင် သွားဖြူစေမယ့် Whitening ပါတဲ့ သွားတိုက်ဆေးကို သုံးဖို့အကြုံပြုချင်ပါတယ်။ Whitening ပါတဲ့ သွားတိုက်ဆေးတွေက သွားကြွေလွှာပေါ်က အစွန်းအထင်းနဲ့ အညစ်အကြေးတွေကို ဖယ်ရှင်းသန့်စင်ပေးပြီး သွားလေးတွေကို ဖြူဝင်းတောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။

(၄) Braces တပ်ပါ

Photo : McDonald Orthodontics

သွားလေးတွေ ညီညီညာညာနဲ့ ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိချင်တယ်ဆိုရင်တော့ Braces ဖို့ သွားဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ Braces တပ်တာက ၆ လ ကနေ ၁ နှစ်ကြား အချိန်ပေးဖို့ လိုသလို ကုန်ကျစရိတ်လည်း များပါတယ်။ ဒါကြောင့် Braces မတပ်ခင် ဆရာဝန်နဲ့ သေချာတိုင် ပင်ပြီး လိုအပ်တယ်ဆိုမှသာ တပ်ဖို့အကြံပြုချင်ပါတယ်။

Featured Photo : Dentists in Aurora, OH