ကွီးတို့က ဂိမ်းကစားရတာ ဝါသနာပါပါသလား။ အထူးသဖြင့် အလုပ်သွားရင်း ကား‌ပေါ်မှာ ဂိမ်းကစားတတ်သူဖြစ်စေ၊ အားလပ်ချိန်ကို ဖုန်းနဲ့ ဂိမ်းကစားတတ်သူဖြစ်စေ၊ သွားရင်းလာရင်း နဲ့ ဂိမ်းဆော့ဖို့ဆို စျေးကွက်မှာ အကောင်းဆုံး Gaming စမတ်ဖုန်းတွေ ရှိနေပါပြီ။ Gaming ဖုန်းတွေက  စွမ်းဆောင်ရည်၊ ဘက်ထရီသက်တမ်းနှင့် စခရင်ရဲ့ ဆန်းသစ်မှုတို့ အပါအဝင် သယ်ဆောင်ရလွယ်ကူပြီး ဂိမ်းကစားခြင်းအတွက် အရေးကြီးသောကဏ္ဍများကို ဦးစားပေးထုတ်လုပ်ထားပါတယ်။ ဆိုလိုတာကတော့ ကင်မရာကဲ့သို့ အင်္ဂါရပ်များကို သိပ်ပြီး အာရုံစိုက်ထားတာမရှိပါဘူး။ စွယ်စုံရတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း တွေရှိသော်လည်း ဂိမ်းဆော့ဖို့ကို ပိုဦးစားပေးချင်တဲ့ ကွီးတို့အတွက် ဒီနှစ်အတွက် အကောင်းဆုံး Gaming ဖုန်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Nubia RedMagic 8 Pro

သွားရင်းလာရင်း ဂိမ်းဆော့ဖို့ဆို

Photo : Hardware Zone

ဒီဖုန်းကတော့ အလယ်အလတ်တန်းစား အကောင်းဆုံး Gaming ဖုန်း တစ်လုံးဖြစ်ပါတယ်။ ၎င်းမှာ  အလွန်ကောင်းမွန်သော ဂိမ်းစွမ်းဆောင်ရည်၊ အရည်အသွေးမြင့် ဟာ့ဒ်ဝဲနှင့် ကောင်းမွန်သော ဒီဇိုင်းနဲ့ ခိုင်မာသော ဘက်ထရီသက်တမ်းတို့ ပါဝင်ပါတယ်။ စျေးနှုန်းကလည်း သင့်တင့်သော်လည်းပဲ  Qualcomm ရဲ့ ထိပ်တန်း Snapdragon 8 Gen 2  Chipset ကို တပ်ဆင်ထားပြီး 12- သို့မဟုတ် 16GB RAM ဖြင့် ကစားနိုင်သောကြောင့် စျေးကြီးသော Android Flagship အများအပြားနှင့် ယှဉ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ထည်နောက်ဘက်မှာ ပါဝင်တဲ့ အအေးခံပေါက်များ ကြောင့် ကြာရှည်စွာ ဂိမ်းကစားလျှင်တောင်မှ စွမ်းဆောင်ရည်က ခိုင်မာပါတယ်။ ပြဿနာတစ်ခုကတော့ ထိုအပေါက်များကနေ ဖုန်များနဲ့ အညစ်အကြေးများ ဝင်ရောက်နိုင်ပါတယ်။ သူ့ရဲ့  Software မှာလည်း သေးငယ်သော ချို့ယွင်းချက် အနည်းငယ်ရှိပါတယ်။

Samsung Galaxy S23 Ultra

သွားရင်းလာရင်း ဂိမ်းဆော့ဖို့ဆို

Photo : PRRNA

Samsung Galaxy S23 Ultra က ဂိမ်းဆော့ဖို့အတွက် အကောင်းဆုံး Android Flagship ဖုန်းတစ်လုံးဖြစ်ပါတယ်။ ၎င်းကို သီးသန့် Gaming ဖုန်း အဖြစ် ရည်ရွယ်ထားခြင်းမဟုတ်ဘဲ အခြားသော အင်္ဂါရပ်များကိုပါ အတိအလင်းတည်ဆောက်ထား‌သော်လည်းပဲ ဂိမ်းကစားခြင်းစွမ်းဆောင်ရည်ကို အပြည့်အဝ ကြွားလုံးထုတ်နိုင်တဲ့ ထိပ်တန်းစမတ်ဖုန်း တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ ဂိမ်းကစားနိုင်စွမ်းအရ၊ Galaxy Chipset အတွက် သီးသန့် Snapdragon 8 Gen 2 ပါသည့် အမြန်နှုန်းအကောင်းဆုံး Android ဖုန်းများထဲမှ အမှန်တကယ် ကောင်းမွန်သော စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်တဲ့ ဖုန်းလည်းဖြစ်ပါတယ်။ တစ်ခုစဉ်းစားစရာရှိတာကတော့ ၎င်းက ဈေးကြီးတဲ့အပြင် လက်တစ်ဖက်တည်း အသုံးပြုဖို့ ခက်ခဲနိုင်ပါတယ်။

Poco X5 Pro

Photo : iiitl.ac.in

သွားရင်းလာရင်း နဲ့ ဂိမ်းဆောဖို့ဆို စျေးသက်သာတဲ့ ဖုန်းပဲ လိုချင်တယ်ဆိုရင်တော့ Poco X5 Pro ကစျေးချိုတဲ့ အကောင်းဆုံး Gaming ဖုန်း တစ်လုံးပါ။ ၎င်းမှာ  စွမ်းရည်ပြည့် 6.7 လက်မ OLED မျက်နှာပြင်ပါရှိပြီး ချောမွေ့သော 120Hz refresh rate နှင့် 900 nits ရဲ့ တောက်ပမှု၊ ဂိမ်းဆော့သည့်အချိန်များအတွက် HDR10+ ပံ့ပိုးမှုနှင့်အတူ ၎င်းမှာ ဂိမ်းကစားခြင်းအတွက် အဓိကျသော အင်္ဂါရပ်များ ပါဝင်ပါတယ်။ ဘက်ထရီသက်တမ်းကလည်း အခြားသော Flagship ဖုန်းအများစုနှင့် ယှဉ်ပြိုင်နိုင်သည့် 5,000mAh ဘက်ထရီတပ်တင်ထားပါတယ်။ ၎င်းမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်စံနှုန်းများက ထိပ်တန်းမော်ဒယ်များနှင့် တူညီသောအဆင့်တွင်မဟုတ်သော်လည်း ပြဿနာမရှိဘဲ ဂိမ်းတွေကို ကောင်းမွန်စွာ ဆော့နိုင်ပါတယ်။

ဂိမ်းကစားဖို့အတွက် Gaming ဖုန်းတွေရှာနေရင်တော့ အခုဖော်ပြလိုက်တဲ့ ဖုန်းတွေက ကွီးတို့အတွက် အထောက်အကူပြုစေမှာပါ။ ကွီးတို့အနေနဲ့ ဂိမ်းလည်းကောင်းကောင်းကစားလို့ရပြီး စွမ်းဆောင်ရည်မြင့် စွယ်စုံရ စမတ်ဖုန်းကို လိုချင်တယ်ဆိုရင်တော့ Samsung Galaxy Z Fold 5 နဲ့ iPhone 14 Pro Max တို့ကလည်း အကောင်းဆုံးရွေးချယ်မှုထဲမှာ ပါဝင်ပါတယ်။

Source : Trusted Review

Featured Photo : Xataka