ကွီးတို့ရေ… ကွီးတို့ရဲ့ သွား နဲ့ ခံတွင်း က ကျန်းမာနေမှာ စားချင်းတာတွေကို ဘာလာလာ စိတ်ကြိုက် ဒေါင်း နိုင်မှာပါ။ သွား နဲ့ သွားဖုံး နာကျင်ကိုက်ခဲနေရင်တော့ ဘာလာလာ ဒေါင်း နိုင်ဖို့ နေနေသာသာ ရေသောက်ရင်တောင် စိတ်ညစ်နေရမှာပါ။ ဒါ့ကြောင့် ကွီးတို့ရဲ့ သွားနဲ့ သွားဖုံး ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အခုဖော်ပြမယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို လိုက်နာပြီး ကွီးတို့ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးနိုင်ပါတယ်။
တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ဖို့ မမေ့ပါနဲ့
မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သွားတိုက်ခြင်းသည် ခံတွင်းရနံ့များကို သင်းပျံ့စေပြီး သွားနှင့် သွားဖုံး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ သွားပိုးစားခြင်းမှ ကာကွယ်ပေးပြီး အစား အကြွင်းအကျန်များ ကပ်ငြိနေခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အစားစားပြီးတိုင်းမှာ ပလုတ်ကျင်းခြင်းကို မမေ့မလျော့ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ သွားတိုက်တဲ့အခါမှာလည်း သွားတိုက်တံနှင့် အကြမ်းပတမ်း ပွတ်တိုက်ခြင်းကိုလည်း ရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် သွား ကြွေလွှာများ ပျက်စီးသွားမှာပဲ ဖြစ်ပါတယ်။
နာနတ်သီးကတော့ ကွီးတို့ သွားအတွက် အဖော်မွန်ပါပဲ
နာနတ်သီးထဲမှာပါဝင်တဲ့ Bromelain ဓာတ်သည် သွားကြွေလွှာများကို ထိန်းသိမ်းပေးတဲ့နေရာမှာ အကောင်းဆုံး ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သွားဖုံးများ နာကျင် ရောင်ရမ်းခြင်းကိုလည်း သက်သာပျောက်ကင်း စေပါသေးတယ်။ ဒါ့ကြောင့် နာနတ်သီးပေါတဲ့ ရာသီဆိုရင်တော့ နာနတ်သီး များများ စားသုံးပေးနိုင်ပါတယ်။
နာနတ်သီး မပေါတဲ့ ရာသီတွေ ဆိုရင်ရော…
နာနတ်သီး မရှိလည်း ဘာမှမဖြစ်ပါဘူး။ သွားဖုံးကို ကျန်းမာစေတဲ့ အခြားသော အစားအစာတွေလည်း အများကြီး ရှိပါသေးတယ်။
သွားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အခြားသော အစားအစာများကတော့
သွားကျန်းမာရေး ကောင်းမွန်ဖို့ရန်အတွက် အားဖြည့်ပေးမယ့် အစားအစာများကတော့ ဖလိုရိုက် ပါဝင်တဲ့ အစားအစာများ၊ သကြား မပါဝင်တဲ့ ပီကေများ၊ လက်ဖက်ခြောက်၊ လက်ဖက်စိမ်း၊ ချိစ်၊ နွားနို့၊ သဘာဝ ဒိန်ချဥ်နှင့် အခြား နို့ထွက်ပစ္စည်းများ၊ အမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အစရှိသည်တို့ကို များများ စားသုံးသင့်ပါတယ်။ ဒီအစားအစာများကို များများ စားသုံးခြင်းအားဖြင့် ကွီးတို့ရဲ့ သွားကျန်းမာရေးက ဒေါင်ဒေါ်မြည်ကာ ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အချက်တွေကို လိုက်နာရမယ့်အပြင် တစ်နှစ်လျှင် အနည်းဆုံး ၆ ကြိမ်ခန့် သွားဆရာဝန်နဲ့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒီကြားထဲမှာမှ ဆရာဝန်က လိုအပ်လျှင် လိုအပ်သလို ကုသမှု ခံယူဖို့ရန် ပြောကြားလာတဲ့ အခါမှာလည်း လိုက်နာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှသာလျှင် ကွီးတို့ရဲ့ သွားနဲ့ သွားဖုံးက ကျန်းမာပြီး သွားကျန်းမာရေးကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း မခံစားရမှာဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ သွားနဲ့ သွားဖုံး ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်နေရဲ့လား။
Source: Menshealth
Featured Image: Drmarclazare