အမျိုးသမီးတွေ သွေးဆုံးပြီးနောက်မှာ ချစ်တင်းနှောမယ်ဆိုရင် သာယာပျော်ရွှင်မှု အပြည့်အဝ ရပါ့မလား ဆိုတဲ့ မေးခွန်း မေးစရာ ရှိပါတယ်။ အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် အသက် ၄၀ နှစ်ကနေ ၄၅ နှစ်အတွင်း စတင် သွေးဆုံးတက် ကြပါတယ်။ တကယ်တော့ သွေးဆုံးပြီးနောက်မှာ ချစ်တင်းနှောလို့ မရတော့တာ မဟုတ်ပါဘူး။ သွေးဆုံးချိန်မှာ စိတ်အတက်အကျ ဖြစ်ခြင်း ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း ၊ မိန်းမကိုယ်မှ သဘာဝချောဆီ အလုံအလောက် မထုတ်လုပ်နိုင်တော့ခြင်း စတဲ့ အခြေအနေ အကြောင်းအရင်း အရပ်ရပ်ကြောင့် အမျိုးသမီးတွေဟာ လိင်စိတ်လျော့ကျတာ ၊ ချစ်တင်းနှောဖို့ စိတ်မပါတာတွေ ဖြစ်တက်တာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေ သွေးဆုံးပြီး နောက်မှာ ချစ်တင်းနှော တဲ့အခါ သာယာပျော်ရွှင်မှု အပြည့်အဝ ခံစားရရှိစေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ချောဆီ မဖြစ်မနေ အသုံးပြုပါ

lube
Photo : Promescent

အမျိုးသမီးတွေဟာ သွေးဆုံးပြီးနောက်မှာ မိန်းမကိုယ်ကနေ သဘာဝချောဆီ အလုံအလောက် မထုတ်လုပ်နိုင်တော့ပါဘူး။ မိန်းမကိုယ် ခြောက်သွေ့မှုကြောင့် ချစ်တင်းနှော စဉ် ပွတ်တိုက်မှုဖြစ်တဲ့အခါ နာကျင်ခြင်း ၊ မသက်မသာ ခံစားရခြင်း စတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။ ဒါက လိင်ဆက်ဆံမှုရဲ့ သာယာပျော်ရွှင်ဖွယ် ခံစားမှုကို အပြည့်အဝ မရစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် ကွီးတို့ရဲ့ ပါတနာ သွေးဆုံးပြီးနောက်မှာ ချစ်တင်းနှောမယ်ဆိုရင် သာယာတဲ့ အထိအတွေ့ ခံစားမှုကို သေချာပေါက် ခံစားရရှိစေဖို့ ချောဆီ မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။

(၂) မကြာခဏ ချစ်တင်းနှောပါ

Couple In Bed

Photo : Healthline

ဒီအချက်ကတော့ တစ်မျိုးကြီး ဖြစ်နေကောင်း ဖြစ်နေတယ်လို့ ထင်ရနိုင်ပါတယ်။ တကယ်တော့ အမှန်ပါပဲ။ သွေးဆုံးပြီးနောက်မှာ သာယာပျော်ရွှင်ဖွယ် အတွေ့အကြုံကို ခံစားရရှိစေဖို့ ၊ သင်နဲ့သင့်ပါတနာကြား ခိုင်မာမြဲမြံတဲ့ ဆက်ဆံရေးတစ်ခု ၊ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ မကြာခဏဆိုသလို ချစ်တင်းနှော သင့်ပါတယ်။ အကြောင်းကတော့ မကြာခဏ လိင်မှုဆိုင်ရာ လှုပ်ရှားမှု ရှိတာဟာ မိန်းမကိုယ်တစ်သျှူးတွေ ပါးလွှာပြီး ယားယံခြင်းကနေ ကာကွယ်ပေးနိုင်သလို လိင်စိတ်တက်ကြွမှုကြောင့် လိင်အင်္ဂါဆီသို့ သွေးစီးဆင်းမှု တိုးစေပြီး မိန်းမကိုယ်တစ်ရှူးတွေကို ကျန်းမာစေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ သွေးဆုံးပြီးနောက်မှာ ခံစားရတက်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်အပြောင်းအလဲ မြန်တဲ့ ပြဿနာတွေကို လျော့ချကာကွယ်ပေးပြီး သွေးမဆုံးခင်ကနည်းတူ သာယာပျော်ရွှင်တဲ့ ခံစားချက်ကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

(၃) Pelvic Floor လေ့ကျင့်ခန်းတွေ လုပ်ပါ

pelvic floor exercises
Photo : Central Coast Physiolates

အသက်အရွယ်ရလာချိန်မှာ အမျိုးသမီးတွေရဲ့ ဆီးအိမ်နဲ့ မိန်းမကိုယ် တဝိုက်က ကြွက်သားတွေရဲ့ တင်းရင်းမှုဟာ အားလျော့လာတက်ပါတယ်။ ဒီအတွက်အကောင်းဆုံး အဖြေကတော့ Pelvic Floor လို့ခေါ်တဲ့ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းတွေပါပဲ။ Kegel လေ့ကျင့်ခန်းလို့လည်း ခေါ်ပါတယ်။ Pelvic Floor လေ့ကျင့်ခန်းတွေဟာ ဆီးအိမ်နဲ့ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေကို ပြန်လည်ရင်းတင်းသန်မာလာစေဖို့ ကူညီပေးနိုင်ပြီး ချစ်တင်းနှော ချိန်မှာ ကောင်းမွန်တဲ့ အထိအတွေ့ ခံစားချက်ကို ရရှိစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

Source : Health

Featured Photo : Men’s Health