ပူပူနွေးနွေးလေး လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံများအတွက် ဟန်းနီးမွန်းခရီးသည် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ဟန်းနီးမွန်းခရီး မှာ ကိုယ့်ရဲ့ ကြင်သူသက်ထားလေးနဲ့ အတူတူဖက်ရှင်ကျချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် စုံတွဲဖက်ရှင် များနဲ့ ရှိုးထုတ်နိုင်ပါတယ်။

ဟန်းနီးမွန်းခရီးအတွက် စုံတွဲဖက်ရှင်လေးတွေအကြောင်း မဖော်ပြခင်မှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချို့ကို ဝေမျှပေးချင်ပါတယ်။

ကြိုတင်ပြင်ဆင်ထားပါ

honeymoon tips for kwee

ပျားရည်ဆမ်းခရီးသွားမယ့်နေရာသည် ဘယ်လိုနေရာမျိုးဖြစ်မလဲ။ ကိုယ်သွားတဲ့အချိန်မှာ ရာသီဥတုက ဘယ်လိုအခြေအနေရှိမလဲ။ ထိုရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို သေသေချာချာ ထုပ်ပိုးကာ ပြင်ဆင်သွားလိုက်ပါ။

ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ သေချာတိုင်ပင်ပါ

honeymoon tips for kwee

ဟန်းနီးမွန်းခရီး အတွက် စုံတွဲဖက်ရှင် ဝတ်မယ်ဆိုကတည်းက သူ့အကြိုက် ကိုယ့်အကြိုက်ကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ စုံတွဲဖက်ရှင်ဆိုကတည်းကိုက ကိုယ့်အကြိုက်ချည်းပဲ ထည့်စဉ်းစားလို့မရပါဘူး။

Formal ဆန်လွန်းတဲ့ ဖက်ရှင်မျိုးကို ရှောင်ကြဉ်ပါ

honeymoon tips for kwee

ကြည်နူးဖွယ်ကောင်းတဲ့ခရီးအတွက် ခရီးထွက်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် Formal ဆန်လွန်းတဲ့ အဝတ်အစားဖက်ရှင်ဒီဇိုင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အထုပ်အပိုးများကို လိုအပ်သည်ထက်ပို၍ ထုပ်ပိုးခြင်း

honeymoon tips for kwee

သင်တို့နှစ်ယောက်သွားမယ့် ပျားရည်ဆမ်းခရီးသည် ဘယ်နှစ်ရက်ကြာမလဲဆိုတာကို ထည့်တွက်ပါ။ ထိုရက်အတိုင်း အဝတ်အစားနှင့် အခြားပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးသွားသင့်ပါတယ်။

လက်ဝတ်လက်စားများ အလွန်အကျွံ ဝတ်ဆင်ခြင်း

honeymoon tips for kwee

Photo: Lazada

လက်ဝတ်လက်စားများကို မလိုအပ်ဘဲ အများအပြား ဝတ်ဆင်ခြင်း၊ သယ်ဆောင်သွားခြင်းတို့သည် အန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့အတူတူပါပဲ။ သင် သွားမယ့်နေရာသည် လုံခြုံလား၊ ဘေးကင်းရဲ့လား၊ ခိုးဆိုးလုယက်တွေ ပေါသလားဆိုတာကိုလည်း သေသေချာချာ လေ့လာထားဖို့လိုအပ်ပါတယ်။ အပိုလက်ဝတ်လက်စားများကိုတော့ ထည့်မသွားတာအကောင်းဆုံးပါပဲ။

ဒီလိုဆောင်ရန် ရှောင်ရန်လေးတွေ သိသွားပြီဆိုရင်တော့ ဟန်းနီးမွန်းခရီး အတွက် စုံတွဲဖက်ရှင် များကို အခုလိုပဲ ဝတ်ဆင်ကာ ရှိုးထုတ်နိုင်ပါတယ်။

အရောင်တွေကို သေချာလိုက်ဖက်အောင် ဝတ်စားထားပါ

ဟန်းနီးမွန်းခရီး စုံတွဲဖက်ရှင်

သင့် အင်္ကျီအရောင်နဲ့ သူ(မ)ရဲ့ အင်္ကျီအရောင်သည် ချွတ်စွတ်တူနေရမယ်လို့ မဆိုလိုပါဘူး။ ပုံထဲကအတိုင်း အနည်းငယ်လေး လိုက်ဖက်မှုရှိနေရင်တောင် လုံလောက်ပါပြီ။

ချစ်စရာဖက်ရှင်

ဟန်းနီးမွန်းခရီး စုံတွဲဖက်ရှင်

အဖြူရောင်ဖက်ရှင်ကတော့ သန့်သန့်ပြန့်ပြန့်လေးနဲ့ လှပနေစေမှာဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးဖက်ရှင်

ဟန်းနီးမွန်းခရီး စုံတွဲဖက်ရှင်

ကမ်းခြေဆီသို့ ဟန်းနီးမွန်းထွက်ဖြစ်တဲ့အခါ ဒီစုံတွဲဖက်ရှင်လေးက အပေါ်လွင်ဆုံးဖြစ်နေမှာပါ။

ဂျင်းဖက်ရှင်

ဟန်းနီးမွန်းခရီး စုံတွဲဖက်ရှင်

ဂျင်းဖက်ရှင်များသည်လည်း လူငယ်ဆန်ပြီး လွတ်လပ်ပေါ့ပါးတဲ့အသွင်ကို ဖန်တီးပေးနိုင်မှာပါ။

ဟာဝိုင်အီတီရှပ်ဖက်ရှင်

ဟန်းနီးမွန်းခရီး စုံတွဲဖက်ရှင်

ဒီဖက်ရှင်လေးသည်လည်း ကမ်းခြေသို့ ဟန်းနီးမွန်းထွက်ဖြစ်တဲ့အခါ စတိုင်လ်ကျနေစေမှာပါ။

အခုဖော်ပြသွားတဲ့ ဆောင်ရန်ရှောင်ရန် ဖက်ရှင် Tips များနဲ့ ဖက်ရှင်စတိုင်လ်တချို့သည် ကွီးတို့ရဲ့ ပျားရည်ဆမ်းခရီးအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။

Source: Outfittrends

Featured Image Source: Sashapopovic