ကြက်သွန်နီကိုတော့ ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ ဟင်းချက်အမယ်တစ်ခုအဖြစ် လူသိများပါတယ်။ ကြက်သွန်နီဟာ ကွီးတို့ရဲ့ လိင်စိတ်ဆန္ဒ (Sex Drive) ကို မြှင့်တင်ပေးနိုင်ပြီး လိင်မှုဘဝ သာယာပျော်ရွှင်မှု တိုးစေဖို့အတွက် ကူညီပံ့ပိုးပေးပါတယ်။ ကြက်သွန်စားတဲ့အခါ ချက်ပြုတ်ပြီး စားတာထက် အစိမ်းတာက လိင်မှုကျန်းမာရေးအတွက် ပိုပြီး အကျိုးများစေပါတယ်။ ဒီဆောင်းပါးမှာတော့ ကြက်သွန်စိမ်း က ကွီးတို့ရဲ့ လိင်မှုဘဝကျန်းမာရေးအပေါ် ဘယ်လိုကောင်းကျိုးသက်ရောက်မှု ရှိစေလဲဆိုတာ ပြောပြပေးပါမယ်။

(၁) သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်

couple on bed

Photo : Business Insider

ကြက်သွန်စိမ်း ရဲ့ အဓိက အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ သွေးလည်ပတ်မှုကို မြှင့်တင်ပေးတာပါ။ ကြက်သွန်နီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အထူးသဖြင့် Quercetin က သွေးကြောတွေကို ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေတဲ့အတွက် လိင်အင်္ဂါဆီ သွေးများများရောက်စေပြီး လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးသလို လိင်မှုဆိုင်ရာ လှုံ့ဆော်မှုကို ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်တဲ့အပြင် လိင်အင်္ဂါ သန်စွမ်းမှုကိုလည်း တိုးစေပါတယ်။

(၂) တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း ပိုထွက်စေတယ်


Photo : The Independent

ကြက်သွန်နီမှာ ဆာလဖာဒြပ်ပေါင်းတွေ ၊ Quercetin နဲ့ Antioxidants တွေ ပါဝင်တဲ့အတွက် တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း ထုတ်လုပ်မှုကို ပိုပြီး ကောင်းစေပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်အင်္ဂါ သန်စွမ်းမှုအတွက် အရေးပါသလို ကြွက်သားတည်ဆောက်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ အလုံးစုံ ကျန်းမာခြင်းအတွက် အကျိုးပြုပါတယ်။ ကြက်သွန်စိမ်း စားပေးတာဟာ ဝှေးစေ့အတွင်း တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ Luteinizing ဟော်မုန်းဓာတ်တွေကို တိုးစေပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း များစွာပါဝင်တာကြောင့် ဝှေးစေ့တွေရဲ့ ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

(၃) ကျားသက်လုံ စွမ်းအားကို တိုးစေတယ်

couple on bed
Photo : People.com

ကြက်သွန်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေ ကြွယ်ဝစွာပါရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏကို တိုးမြင့်စေပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုနဲ့ သက်လုံစွမ်းအားတို့ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ အမျိုးသားတစ်ယောက်အတွက် ကျားသက်လုံစွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုဟာ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် လိင်စိတ်ဆန္ဒ (Sex Drive) ပိုမိုတိုးပွားပြီး အိပ်ရာထက်မှာ လိင်မှုစွမ်းဆောင်ရည်ကောင်းပြသနိုင်စေမှာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Couples Therapy Inc.