Sex Drive သို့မဟုတ် Libido လို့ခေါ်တဲ့ ဟိုစိတ်ဒီစိတ် တွေ တစ်နည်းအားဖြင့် လိင်စိတ်ဆန္ဒ မြင့်တက်နေတဲ့ အချိန်မျိုး ကွီးတို့ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲ ကြောင့် ဖြစ်နိုင်သလို အခြားသော ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေလည်း များစွာရှိပါတယ်။

sex drive

Photo : Red magazine

လိင်စိတ်ဟာ နည်းလွန်းရင်လည်း မကောင်းသလို များလွန်းရင်လည်း ကွီးတို့နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေနဲ့ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး အားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘာကြောင့် ဟိုစိတ်ဒီစိတ်တွေ အရမ်းမြင့်တက်နေရတာ ဆိုတာနဲ့ ပတ်သတ်ပြီး ရှင်းပြပေးပါမယ်။

sex drive

Photo : Pamper.My

ဟိုစိတ်ဒီစိတ်တွေ များနေရတဲ့ အကြောင်းအရင်းများ

လိင်စိတ်ဆန္ဒ ဟိုစိတ်ဒီစိတ် တွေဟာ လူတစ်ဦးတစ်ယောက်ချင်းပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အောက်မှာဆက်လက်ပြီး လိင်စိတ်မြင့်မားနေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်ရအောင်ပါ……..

အသက်အရွယ်/ဟော်မုန်း – ဟော်မုန်း အပြောင်းအလဲ ဖြစ်တာဟာ လိင်စိတ်ဆန္ဒ မြင့်မားရခြင်းရဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရွယ်ရောက်ပြီးသူ ၊ ငယ်ရွယ်သူတွေနဲ့ လူပျိုဖော် / အပျိုဖော် ဝင်စ အချိန်တွေမှာ ဟော်မုန်း အပြောင်းအလဲ ကြီးကြီးမားမား စတင် ဖြစ်တဲ့အတွက် လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှုကို ပထမဆုံးအကြိမ်အဖြစ် ဖြစ်ပေါ်လာစေပါတယ်။ ဟော်မုန်းတွေဟာ လူတစ်ယောက်ရဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးက လိင်စိတ်ဆန္ဒအပေါ် ဆက်လက်သက်ရောက်နေစေပါတယ်။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသားတွေမှာ Testosterone (တက်စတိုစတီရုန်း) ပမာဏ မြင့်မားခြင်းနဲ့ လိင်စိတ်ဆန္ဒ မြင့်မားခြင်းကြား ဆက်စပ်မှုနေတယ်လို့ သုတေသနပြုချက်အချို့က ပြောကြားထားပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး – စိတ်ဖိစီးမှုနဲ့ လိင်မှုဆိုင်ရာ ခံစားချက်တွေဟာလည်း ဆက်စပ်နေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ အချို့ စိတ်ဖိစီးမှု များတဲ့သူတွေမှာ လိင်စိတ်ဆန္ဒ နည်းပါးခြင်းကို ခံစားရနိုင်ပြီး အချို့ကတော့ ပြောင်းပြန်အနေနဲ့ ဟိုစိတ်ဒီစိတ် တွေပိုမြင့်မားကာ လိင်စိတ်ကျေနပ်မှု မရတာ ၊ လျော့ပါးတာတွေ ကြုံတွေ့ရတက်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စွမ်းအင်အဆင့် – သုတေသနပြုချက်တွေအရ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိသူတွေဟာ လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှုနဲ့ လိင်စိတ် နိုးကြားတက်ကြွမှု ပိုမိုအားကောင်းသလို အော်ဂဇင်ရရှိတဲ့ ခံစားချက်ကို ပိုမိုနှစ်သက်နိုင်ခြေများကြောင်း တွေ့ရှိထားပါတယ်။

ပါတနာနဲ့ ဆက်ဆံရေး – ပျော်ရွှင်ကျေနပ်ဖွယ်ရာ လိင်မှုဆိုင်ရာ အတွေ့အကြုံဟာ သင်နဲ့သင့်ပါတနာရဲ့ ဆက်ဆံရေးနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ပါတနာနဲ့ မပြေလည်တဲ့ ဆက်ဆံရေးရှိသူတွေဟာ လိင်စိတ်လျော့နည်းတက်ပြီး ပါတနာနဲ့ကောင်းမွန်မျှတတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်မယ်ဆိုရင် လိင်မှုဆိုင်ရာတွန်းအား ပိုဖြစ်စေကာ အချိန်တော်တော်များများမှာ ဟိုစိတ်ဒီစိတ် တွေ နိုးကြားတက်ကြွနေတက်ပါတယ်။

အရက်နဲ့ မူးယစ်ဆေး – အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ ရေတိုလိင်စိတ်နိုးကြားတက်ကြွမှုကို ဖြစ်စေနိုင်ပါတယ်။ အရက် သို့မဟုတ် ပါတီဖျော်ဖြေးရေးဆေးတွေနဲ့ စိတ်ကြွဆေးလို မူးယစ်ဆေးဝါးတွေကို သုံးစွဲထားချိန်မှာ အချိန်ခဏအတွင်းတော့ Libido တက်လာပြီး လိင်စိတ်ဆန္ဒနိုးကြား တက်ကြွလာနိုင်ပါတယ်။ သို့သော် အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ ရေရှည်လိင်စိတ်တက်ကြွမှုကို ထိခိုက်စေနိုင်သလို အန္တရာယ်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကိုလည်း သတိလက်လွတ် ကျူးလွန်မိနိုင်ခြေ များပါတယ်။

Source : MedicalNewsToday

Featured Photo : Business Insider