ကွီးတို့ ပေါ့ပေါ့ပါးပါး ဖက်ရှင်အဖြစ် ဝတ်ဆင်လေ့ရှိတဲ့ ဟူဒီ ဖက်ရှင် များသည် ဘယ်လိုမျိုး ပေါ်ပေါက်လာခဲ့သလဲ၊ ဘယ်အချိန်က စတင်ပေါ်ပေါက်လာခဲ့သလဲဆိုတာ သိပြီးပါပြီလား။

ဟူဒီ ဖက်ရှင် များ စတင်ပေါ်ပေါက်လာခဲ့ပုံက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အမေရိကန် ကုမ္ပဏီတစ်ခုသည် ၁၉၃၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့ပထမဦးဆုံး ဟူဒီကို စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကနေ ၁၉၇၀ ပြည့်နှစ်မှာတော့ လူငယ်များအကြား ပေါ်ပြူလာဖြစ်လာပြီး ၁၉၉၀ ပြည့်နှစ်များတွင် ထိုဖက်ရှင်သည် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

စစချင်း ပေါ်ပေါက်လာခဲ့တုန်းကတော့ ယနေ့ခေတ် ဟူဒီ ဖက်ရှင်လို အတိုဒီဇိုင်းမဟုတ်သေးပါဘူး။ ဝတ်ရုံအရှည်၊ ဂါဝန်ပုံစံလို အရှည်ကိုမှ ခေါင်းဆောင်းလေး တပ်ထားတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ လူနေမှု အဆင့်အတန်းနှင့် ဖက်ရှင်ရေစီးကြောင်းတို့ ပြောင်းလဲလာမှုအရ ဟူဒီ ဖက်ရှင် သည်လည်း တဖြည်းဖြည်း ပြောင်းလဲလာတာဖြစ်ပါတယ်။

လတ်တလောမှာ ခေတ်အစားဆုံး ဟူဒီ ဖက်ရှင်စတိုင်လ် (၅) မျိုးရှိပါတယ်။ ကွီးတို့လည်း စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဖက်ရှင်ဆောင်းပါးလေးကို ဆက်လက်လေ့လာနိုင်ပါတယ်။

စမတ်ကျကျ ဖက်ရှင်

hoodie fashion

စတိုင်လ်ဘောင်းဘီကိုမှ အပေါ်ကနေ ရှပ်အင်္ကျီတစ်ထည် ဝတ်ဆင်ထားပြီး နက်ပြာရောင်ဟူဒီ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ သက်တောင့် သက်သာနဲ့ စမတ်ကျစေတဲ့ ဖက်ရှင်ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်အရတော့ သူ့ရဲ့ဟူဒီ ဒီဇိုင်းသည် ဇစ်ဟူဒီပုံစံမျိုး ဖြစ်ပါတယ်။

လူငယ်ဆန်ဆန်ဖက်ရှင်

hoodie fashion

ဇစ်တပ် ဟူဒီများကို မနှစ်သက်သူများအတွက် နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိပါသေးတယ်။ ထိုရွေးချယ်စရာကတော့ ခေါင်းစွပ်ဟူဒီပဲဖြစ်ပါတယ်။ ခေါင်းစွပ်ဟူဒီကိုမှ အရှေ့ခြမ်းကနေ အိပ်ကပ်ဒီဇိုင်းနှစ်ခု ထည့်ပေးထားတာ ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ဖက်ရှင်

ဟူဒီ ဖက်ရှင်

အနက်ရောင် ဘောင်းဘီ၊ အနက်ရောင်ရှူးဖိနပ်နှင့် အဖြူရောင်ဟူဒီတို့ကို လိုက်ဖက်အောင် ဝတ်ဆင်ထားတာဖြစ်ပါတယ်။ အဖြူ၊ အနက် ဖက်ရှင်သည် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။

အပေါ်ကနေ ဂျက်ကတ်တစ်ထည် ထပ်ဝတ်ထားတဲ့ ဖက်ရှင်

ဟူဒီ ဖက်ရှင်

ဒီဖက်ရှင်ကတော့ အေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ယခုလို မိုးအေးတဲ့ အချိန်မျိုးနဲ့ လိုက်ဖက်နေပြီး ဆောင်းရာသီနဲ့လည်း သဟဇာတဖြစ်နေမယ့် ဖက်ရှင်တစ်ခုပါ။ ဒါမှမဟုတ် ချမ်းအေးတဲ့ နိုင်ငံများသို့ သွားလည်တဲ့အခါမှာလည်း ဒီပုံစံအတိုင်း ရှိုးထုတ်နိုင်ပါသေးတယ်။

ဝမ်းဆက်ဖက်ရှင်

ဟူဒီ ဖက်ရှင်

ဒီဖက်ရှင်ကတော့ ဟူဒီအရောင်နှင့် ဘောင်းဘီအရောင်ကို ဆင်တူဝတ်ဆင်နိုင်တဲ့ ဝမ်းဆက်ဖက်ရှင်ပဲ ဖြစ်ပါတယ်။ နေ့စဉ် ထသွားထလာဖက်ရှင်ထက်စာရင် အားကစားလုပ်နေစဉ်မှာ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တစ်ခုဆို ပိုမှန်ပါလိမ့်မယ်။ အားကစားသမားများ အဝတ်များကြတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

ကွီးတို့ရော ဟူဒီ ဝတ်တော့မယ်ဆိုရင် ဘယ်လိုဖက်ရှင်ဒီဇိုင်းမျိုးနဲ့ တွဲဖက်ဝတ်ဆင်ဖြစ်ပါသလဲ။

Source: Fashionbeans

Featured Image: Dmarge