မိုးရာသီသည် ဟူဒီနဲ့ ရှိုးထုတ်လို့ကောင်းတဲ့ ရာသီဥတုတွေထဲက တစ်ခု အပါအဝင်ပါပဲ။ မိုးရာသီမှာ ဟူဒီ နဲ့ ရှိုးထုတ် ဖို့ ကြံ စည်နေတဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် ဖက်ရှင် Tips တွေက အသုံးတည့်ပါလိမ့်မယ်။

ဟူဒီ အမျိုးအစား ဘယ်နှစ်မျိုး ရှိသလဲ

man fashion

ဟူဒီအမျိုးအစားကို နှစ်မျိုးခွဲခြား နိုင်ပါတယ်။ ဇစ်တပ်ထားတဲ့ ဟူဒီနဲ့ ခေါင်းကနေ စွပ်ချရတဲ့ ဟူဒီဆိုပြီး နှစ်မျိုးရှိပါတယ်။ ဇစ်ပါတဲ့ ဟူဒီရဲ့အားသာချက်ကတော့ လူကြားထဲမှာ ဝတ်ဆင်တဲ့အခါ အလွယ်တကူ ဝတ်ဆင်နိုင်ပြီး ခေါင်းကနေစွပ်ချရတဲ့ ဟူဒီကျတော့ သင့်ဆံပင်ကို ပုံပျက်သွားစေနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ရှိုးထုတ်ထားမှန်းမသိ ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက်

man fashion

ရှိုးထုတ်ထားမှန်း မသိအောင် ရှိုးထုတ်ထားချင်တာ ဆိုရင်တော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေ ဝတ်ဆင်ကာ ရှိုးထုတ်သင့်ပါတယ်။ ဘယ်လိုမျိုး ရှိုးထုတ်ရမှန်းမသိ ခေါင်းစားနေတယ်ဆိုရင်တော့ အခုလိုမျိုး ရှိုးထုတ်ကြည့်လိုက်ပါ။ မိမိုက်နေပြီး ပေါ့ပါး လွတ်လပ်တဲ့ အသွင်မျိုး ခံစားရမှာပဲ ဖြစ်ပါတယ်။

အရိုးရှင်းဆုံးက ဖက်ရှင်အကျဆုံး ဆိုတာကို သတိရပါ

ဟူဒီ ရှိုးထုတ် ကြံ

အရိုးရှင်းဆုံးကိုမှ ဖက်ရှင်ကျကျ ရှိုးထုတ်ချင်တယ်ဆိုရင်တော့ အနက်ရောင် ဘောင်းဘီ၊ အနက်ရောင်ရှူးဖိနပ်နှင့် အဖြူရောင်ဟူဒီတို့ကို လိုက်ဖက်အောင် ဝတ်ဆင်ထားခြင်းပါပဲ။ အဖြူ၊ အနက် ဖက်ရှင်သည် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း တစ်ခါတစ်လေမှာ ဖက်ရှင်ကို အားစိုက်ထုတ် ဝတ်ဆင်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခုလိုလေး ဝတ်ဆင်ကာ ရှိုးထုတ်လိုက်ပါ။

ရှပ်အင်္ကျီနဲ့ ဟူဒီတို့ကို ပေါင်းဖက်ပြီး အခုလို ရှိုးထုတ်ပါ

ဟူဒီ ရှိုးထုတ် ကြံ

စတိုင်လ်ဘောင်းဘီကိုမှ အပေါ်ကနေ ရှပ်အင်္ကျီတစ်ထည် ဝတ်ဆင်ထားပြီး နက်ပြာရောင်ဟူဒီ ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ သက်တောင့် သက်သာနဲ့ စမတ်ကျစေတဲ့ ဖက်ရှင်ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်အရတော့ သူ့ရဲ့ဟူဒီ ဒီဇိုင်းသည် ဇစ်ဟူဒီပုံစံမျိုး ဖြစ်ပါတယ်။

လေးလံလွန်းတဲ့ ဟူဒီတွေကို မဝတ်ပါနဲ့

ဟူဒီ ရှိုးထုတ် ကြံ

အချို့ဟူဒီများသည် အင်မတန် လေးလံလွန်း လှပါတယ်။ လေးလံလွန်းတဲ့ ဟူဒီများသည် သင့်ကို သက်သောင့်သက်သာ မဖြစ်စေတာကြောင့် မဝယ်ယူသင့်ပါဘူး။ ဒါ့ကြောင့် ဟူဒီဝယ်ဖို့အတွက် အကောင်းဆုံး အကြံပေးချင်တာကတော့ အွန်လိုင်းက ဝယ်မယ့်အစား ကိုယ်တိုင်ကိုယ်ကျ ဆိုင်ကပဲ ဝယ်လိုက်ဖို့ပါပဲ။

အခုဖော်ပြသွားတဲ့ ဖက်ရှင် Tips တွေကိုသာ အသုံးပြု ကြည့်လိုက်ပါ။ ကွီးတို့ ဖက်ရှင်က မိမိုက်နေတာကြောင့် ရှော်တီလေးတွေ ကြွေသွားမှာ အသေအချာပါပဲ။ မိုးရာသီမှာ ဟူဒီ နဲ့ ရှိုးထုတ် ဖို့ ကြံ ရွယ်နေတဲ့ ကွီးတို့အတွက် ဒီ ဖက်ရှင် Tips တွေက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Source: Frenchcrown.com

Featured Image: Apetogentleman.com