ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ ဟောလိဝုဒ် အကျော်အမော်တွေကို ကြည့်လိုက်ပါ။ အားလုံးက မအောင်မြင်ခင်မှာ လူကြိုက်နည်းတဲ့ ရုပ်ရှင်တွေက ရှိစမြဲပါပဲ။ တချို့ ဟောလိဝုဒ် အကျော်အမော်တွေဆိုရင် သူတို့ ငယ်ရွယ် စဥ်အချိန်တုန်းက ရိုက်ထားတဲ့ ဇာတ် ကား တွေတောင် ရှိပါသေးတယ်။

ဘယ် ဟောလိဝုဒ် အကျော်အမော်တွေက ငယ်ရွယ် စဥ်မှာ ဘယ်လို ရုပ်ရှင် ကား တွေကို ရိုက်ထားသလဲဆိုတာကို အတူတူ လေ့လာကြည့်လိုက်ရအောင်။

The Impossible

Source: Rotten Tomatoes Coming Soon

Peter Parker ဆိုပြီး လူအများရဲ့ အသည်းနှလုံးကို မသိမ်းပိုက်ခင်မှာ Tom Holland တစ်ယောက်သည် The Impossible ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။ ထိုဇာတ်ကားသည် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အကြောင်းအရာကတော့ ၂၀၀၄ ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာမှာ ဆူနာမီမုန်တိုင်းနဲ့ မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက Tom Holland ရဲ့ အဓိက ဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ရတဲ့ ပထမဦးဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။

Panic Room

Source: Rotten Tomatoes Classic Trailers

Twilight ဇာတ်ကားနဲ့ Kristen Stewart တစ်ယောက် နာမည်မကြီးလာခင်မှာ Panic Room ထဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ David Fincher က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူနဲ့ မကြာသေးခင်ကမှ ကွာရှင်းပြတ်စဲသွားတဲ့ အမျိုးသမီးတစ်ယောက်က သူ့သမီး ဆာရာနဲ့ နှစ်ယောက်တည်း အတူတူနေရင်း တစ်ရက်မှာတော့ မမျှော်လင့်တဲ့အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုကြည့်လိုက်ပါ။

Sideways

Source: Rotten Tomatoes Classic Trailers

Grey’s Anatomy ဇာတ်လမ်းတွဲကို ကွီးတို့ အကုန်လုံး သိပြီးသား ဖြစ်ပါလိမ့်မယ်။​ Grey’s Anatomy ထဲမှာ Cristina Yang အဖြစ် လူသိ မများခင်မှာ Sideways ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အော်စကာ ဇကာတင် စာရင်းထဲမှာ ပါဝင်ခဲ့တဲ့အထိ လူကြိုက်များပါတယ်။

About Time

Source: Universal Pictures

Suicide Squad ၊ Birds of Prey ၊ Babie အစရှိတဲ့ ဇာတ်ကားတွေထဲမှာ သရုပ်မဆောင်ခင် About Time ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ Tim ဆိုတဲ့ ကောင်လေးတစ်ယောက်သည် အချိန် ခရီးသွားနိုင်တယ်ဆိုတာကို သိသွားတဲ့ နောက်မှာတော့ သူ့ရဲ့ မိသားစုကို အခက်အခဲတွေ ကြားထဲကနေ ကယ်တင်ဖို့အတွက် အချိန်ခရီးသွား ပါတော့တယ်။ သူ့ရဲ့ အချစ်ကို ပြန်လည်ရှာဖွေဖို့လည်း ကြိုးစားခဲ့ပါတယ်။

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကွီးတို့ ကြည့်ပြီးပါပြီလဲ။

Source: Buzzfeed.com

Featured Image: Collider.com