ကွီးတို့သည် ကိုယ့်ရဲ့ ဖက်ရှင်က ဟောလိဝုဒ် ဘီးကျဲ တွေရဲ့ ဖက်ရှင် လိုမျိုး အလန်းစား စတိုင်လ်တွေနဲ့ ရှိုးထုတ်ချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips တွေကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ အဝတ်အစားက ကိုယ့် ခန္ဓာကိုယ်နဲ့ Fit ဖြစ်နေတာမျိုးကို ရွေးချယ်ပါ

man fashion

ကွီးတို့ ရွေးချယ် ဝတ်ဆင်တဲ့ အဝတ်အစားက သက်သောင့် သက်သာ ရှိဖို့လည်း လိုအပ်သလို ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့လည်း Fit ဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားက ကွက်တိကျနေမှာသာလျှင် ဆွဲဆောင်မှု တိုးမှာပါ။

ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ကို ဖော်ပြပါ

man fashion

ဖက်ရှင် ပိုင်းမှာ ဘယ်သူကို စံနမူနာ ထားသလဲ ကိုယ် စံနမူနာထားတဲ့ အိုင်ဒေါလ် တစ်ယောက်ကို ရွေးချယ်ပါ။ ပြီးရင် ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပေါင်းဖက်ပြီး ကိုယ်ပိုင် စတိုင်လ်တစ်ခုကို တီထွင်ကာ ဝတ်ဆင်တတ်ဖို့ လိုအပ်ပါတယ်။ အခြားသူရဲ့ ဖက်ရှင်ကို တိုက်ရိုက် ကူးချတာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးရမှာ ဖြစ်ပါတယ်။

ရိုးရှင်းခြင်းက ဖက်ရှင်အကျဆုံး ဆိုတာကို သတိရပါ

man fashion

အဖြူရောင် ဆွယ်တာနဲ့ အနက်ရောင် ဂျင်းဘောင်းဘီတို့ ဝတ်ဆင်ရင် ရိုးရှင်းတာက မှန်ပါတယ်။ ဒါပေမဲ့ အရိုးရှင်းဆုံးက အကြည့်ကောင်းဆုံး ဆိုတာကို သတိရလိုက်ပါ။ ကွီးတို့ ဘာမှ အားမစိုက်ထုတ်ဘဲနဲ့လည်း ကွီးတို့သည် ဟောလိဝုဒ် က ဘီးကျဲတွေလို ဖက်ရှင် ကျကာ ဆွဲဆောင်မှု တိုးနေမှာ အမှန်ပါပဲ။

အရေးတကြီး ပွဲတွေဆိုရင် အခုလို ရှိုးထုတ်ပါ

man fashion

ပွဲတက် အခမ်းအနားတွေ ရှိရင်တော့ ထသွားထလာ ဖက်ရှင်နဲ့ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ် သွားမယ့် ပွဲနဲ့ လိုက်ဖက်မယ့် ဖက်ရှင်မျိုးကို သေချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ

ဟောလိဝုဒ် ဖက်ရှင်

မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက အဓိက အကျဆုံး အချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက ဖက်ရှင်ကျခြင်းရဲ့ အဓိက သော့ချက်တစ်ခုပါ။ ဘယ်အချိန်မဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့သာ လှုပ်ရှားသွားလာပါ။

အနက်ရောင် ဖက်ရှင်တွေက ကွီးတို့ကို ဆွဲဆောင်မှု တိုးစေမှာ

ဟောလိဝုဒ် ဖက်ရှင်

အနက်ရောင် ဖက်ရှင်တွေက ကွီးတို့ကို ဟန်ပါပါနဲ့ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။ လူကြီးလူကောင်း ဆန်ဆန်နဲ့ ကွီးတို့ ဖက်ရှင်က အမိုက်စား ဖြစ်နေမှာ မယုံမရှိပါနဲ့။

သဘာဝ အရောင်များကို သေချာ အသုံးချပါ

ဟောလိဝုဒ် ဖက်ရှင်

ကွီးတို့က ဘာ ဖက်ရှင်မှ မဝတ်ဆင်တတ်ဘူး။ ဘယ်လိုမှ ရှိုးမထုတ်တတ်ဘူး ဆိုရင်တော့ သဘာဝ အရောင်တွေကိုသာ သေချာ အသုံးချကာ ဝတ်ဆင်ပါ။

ဟောလိဝုဒ် ဖက်ရှင်

ပြီးမှ ကိုယ်လိုချင်တဲ့ အရောင်တွေ ထပ်ထည့်ကာ ရှိုးထုတ်ရမှာ ဖြစ်ပါတယ်။

ကွီးတို့ အမှန်တကယ် ကြိုက်တဲ့ အဝတ်အစားကိုသာ ရွေးဝယ်ပါ

ဟောလိဝုဒ် ဖက်ရှင်

အမျိုးသားများသည် ပစ္စည်း အသစ်အဆန်းများ၊ အဝတ်အစား အသစ်အဆန်းများဆိုလျှင် ဝယ်ချင်ကြတဲ့ အကျင့် ရှိပါတယ်။ တကယ်လို့ ကွီးတို့မှာ အဲ့အကျင့်ရှိရင်တော့ ထိုအကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကွီးတို့ ဝတ်နေကျ အဝတ်အစားများကိုသာ ဦးစားပေးပြီး ရွေးချယ် ဝတ်ဆင်ပါ။ နို့မဟုတ်ရင် ကွီးတို့ အဝတ်အစားက ဝယ်ထားတာနဲ့ အလကား ဘီဒိုနေရာ ပိုတာပဲ အဖတ်တင်ပါလိမ့်မယ်။

ကွီးတို့ရော ဟောလိဝုဒ်က ဘီးကျဲတွေလို ဖက်ရှင် ကျဖို့ ဘယ်လိုမျိုး ရွေးချယ် ဝတ်ဆင်လေ့ရှိပါသလဲ။

Source: Mikadopersonalstyling.com

Featured Image: Mikadopersonalstyling