လူတော်တော်များများ ကြိုတင်မျှော်လင့်မထားတဲ့ သို့မဟုတ် လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါပိုးမွှားတွေကို ကာကွယ်ရှောင်ရှားနိုင်ဖို့ ချစ်တင်းနှော တဲ့အခါ ကွန်ဒုံးကို အသုံးပြုကြပါတယ်။ ဒါပေမယ့် စအိုနဲ့ ချစ်တင်းနှောတဲ့ အခါမှာတော့ ကိုယ်ဝန်နဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ယူဆကြတဲ့အတွက် ကွန်ဒုံး အသုံးပြုခြင်းကို ရှောင်ရှားဖို့ တွေးမိတက်ကြပါတယ်။ ကွန်ဒုံး မသုံးဘူးဆိုရင် ချစ်တင်းနှောတဲ့အခါ အထိအတွေ့ခံစားမှုက ပိုကောင်းတယ်လို့ ယူဆထားကြသလို သင်ရော သင့်ပါတနာပါ ပိုမိုသာယာပျော်ရွှင်တဲ့ လိင်မှုဆိုင်ရာ ခံစားမှုကို ရစေမယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် မိန်းမကိုယ်နဲ့ ချစ်တင်းနှော သလိုပါပဲ အကာကွယ် မပါဘဲ စအိုနဲ့ ဆက်ဆံတာက ကျန်းမာရေးအတွက် အလွန်ပဲ အန္တရာယ် များပါတယ်။
(၁) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ
Photo : SignatureCare Emergency Center
ကွန်ဒုံး အကာကွယ် ဟာ ဆီးပူညောင်းကျဂနိုရောဂါ (Gonorrhoea) ၊ Chlamydia (ကလက်မိုင်ဒီးယား) အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) ရဲ့ အန္တရာယ်ကို ကြားခံ အတားအဆီးတစ်ခုအဖြစ် ကာကွယ်လုပ်ဆောင်ပေးပါတယ်။ ကွန်ဒုံးတွေဟာ လိင်တံနဲ့ စအိုတစ်ရှူးတွေကြား တိုက်ရိုက်ထိတွေ့မှုကို တားဆီးပေးကာ ရောဂါပိုးကူးစက်နိုင်တဲ့ လိင်အင်္ဂါ အရည်တွေရဲ့ ထိတွေ့ကူးစက်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါကြောင့် အကာကွယ် မပါပဲ အနောက်တံခါးကို ဖွင့်မယ်ဆိုရင်တော့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါအန္တရာယ်တွေအတွက် စိုးရိမ်စရာ ရှိပါတယ်။
(၂) HIV
Photo : ET HealthWorld
လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ (STD) နဲ့ Human Immunodeficiency Virus (HIV) စတဲ့ ရောဂါတွေကို ကာကွယ်တားဆီးဖို့ဆိုရင် ချစ်တင်းနှောခြင်း လုံးဝမပြုတာ ဒါမှမဟုတ် ရောဂါပိုးမရှိတဲ့ ပါတနာတစ်ဦးတည်းနဲ့သာ ရေရှည်ဆက်ဆံမှု ရှိတာ ဒါတွေကသာ စိတ်ချရဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကွန်ဒုံးမသုံးဘူးဆိုရင်တော့ STD နဲ့ HIV ရောဂါဖြစ်နိုင်ခြေကို တိုးစေမှာပါ။ ဗိုင်းရပ်စ်ပိုးဟာ သုက်ရည်နဲ့ စအိုအရည်တွေမှာ ရှိနေနိုင်ပါတယ်။ ကွန်ဒုံး အကာကွယ် သုံးမယ်ဆိုရင်တော့ ရောဂါပိုး ကူးစက်နိုင်ခြေကို သိသိသာသာ လျော့နည်းစေမှာ အသေအချာပါပဲ။
(၃) ဘက်တီးရီးယားပိုးမွှားများ
Photo : Healthgrades
လိင်မှတဆင့် ကူးစက်တာ မဟုတ်ပေမယ့် ကွန်ဒုံး အကာကွယ် မပါဘဲ စအိုနဲ့ ချစ်တင်းနှောမယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရနိုင်စေပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့ဆိုရင်တော့ ကွန်ဒုံးမဖြစ်မနေ သုံးပါ။ ဘက်တီးရီးယားပိုးမွှား ကူးစက်မှု အန္တရာယ်နည်းစေမှာ ဖြစ်ပါတယ်။
(၄) အထိအတွေ့ ခံစားမှု
Photo : www.self.com
အနောက်တံခါး ဖွင့်တဲ့အခါ သက်တောင့်သက်သာဖြစ်တဲ့ အထိအတွေ့ ခံစားမှုရှိစေဖို့ ကွန်ဒုံး အကာကွယ် တွေကိုအသုံးပြုသင့်သလို မကြာခဏဆိုသလိုလည်း ချောဆီ ထည့်သွင်းအသုံးပြုပေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဒါမှသာ လိင်အင်္ဂါ အချင်းချင်း ပွတ်တိုက်မှုကို လျှော့ချနိုင်မှာဖြစ်ပြီး သင်ရော သင့်ပါတနာ နှစ်ဦးလုံးအတွက် ပိုမိုသာယာပျော်ရွှင်ဖွယ် အထိအတွေ့ကို ခံစားရရှိစေမှာပါ။ စအိုအတွင်း တစ်ရှုးတွေဟာ ပွတ်တိုက်မှုအတွင်း စုတ်ပြဲလွယ်တာကြောင့် မသက်မသာ ခံစားရစေနိုင်ရုံသာမက ပွန်းပဲ့ဒဏ်ရာကြောင့် ရောဂါပိုးကူးစက်နိုင်ခြေကိုလည်း တိုးမြင့်စေနိုင်တဲ့အတွက် အနောက်တံခါးကို ဖွင့်တဲ့အခါ ချောဆီအသုံးပြုဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
Source : Healthshots