ခရီးသွားရတာကို ကြိုက်နှစ်သက်ပြီး တစ်နှစ်တစ်ခါလောက်မှ ခရီးမထွက်ရရင် မနေနိုင်တဲ့ ကွီးတို့ရှိပါသလား။ ခရီးသွားရတာကို ကြိုက်ပြီး အမြဲခရီးသွားနေတတ်တယ်ဆိုရင် ခရီးသွားရခြင်း ရဲ့ အနှစ်အရသာကို ခံစားမိသွားလို့ပါပဲ။ များသောအားဖြင့် ခရီးထွက်တယ်ဆိုရင် နေရာအသစ်များ၊ စွန့်စားမှုများ၊ အတွေ့အကြုံသစ်များ၊ အမှတ်တရများနှင့် ပျော်ရွှင်မှုကို ခံစားရရှိနိုင်ဖို့ပါပဲ။ တကယ်တော့ ခရီးထွက်ခြင်းကနေ ကွီးတို့ကို ပိုမိုပျော်ရွှင်စေတဲ့သူ တစ်ယောက်ဖြစ်လာစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးပြုနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးသော ရွေးချယ်မှုနဲ့ စွဲလမ်းမှုတစ်ခုဆိုတာ ခရီးသွားခြင်း လို့ ဆိုရမှာပါ။ ဆက်လက်ပြီးတော့ ခရီးသွားခြင်းကနေ ကွီးတို့ရရှိခြင်းရဲ့ ကောင်းကျိုးတွေကို ကြည့်လိုက်ရအောင်။
စိတ်ကို ပျော်ရွှင်လာစေတယ်
Photo : Trip Support
ခရီးသွားခြင်းမှ ကွီးတို့အတွက် အထင်ရှားဆုံး အကျိုးကျေးဇူးမှာ စိတ်ကိုပျော်ရွှင်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။ လူသစ်များ၊ နေရာသစ်များနှင့် အစားအသောက်အသစ်များ စတဲ့ အသစ်အသစ်သော အရာတွေကို ထိတွေ့ခံစားရခြင်းက ကွီးတို့စိတ်ကို လှုပ်ရှားစေပြီး ကောင်းမွန်သော ခံစားချက်ကို ရရှိစေပါတယ်။ တကယ်လို့ ကွီးတို့မှာ စိတ်ဖိစီးမှုများနဲ့ ပူပန်မှုများ ရှိနေလျှင် ခရီးသွားလိုက်ပါလို့ အကြံပေးပါရစေ။ ခရီးသွားခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့ကျကာ စိတ်သစ်၊ လူသစ်နဲ့ ကွီးတို့ကို ပိုမိုကောင်းမွန်သော ခံစားချက်တွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်စေပါတယ်
Photo : Buckettistly Blog
ကွီးတို့ရေ ခရီးသွားခြင်းက အကောင်းဆုံးသော စွဲလမ်းမှုတစ်ခုဆိုတာ ယုံထားလိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကွီးတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုရအောင် ဖန်တီးပေးနိုင်လို့ပါပဲ။ ခရီးသွားနေခြင်းက ကွီးတို့ကို ရုံးထိုင်ခုံပေါ်ထိုင်နေရခြင်းထက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို ပိုပြီးပေးစွမ်းပါလိမ့်မယ်။ ခရီးသွားများဟာ ခရီးသွားတဲ့ နေရာဒေသအလိုက် တစ်နေ့ကိုခြေလှမ်းပေါင်းများစွာ လမ်းလျှောက်ခြင်း၊ တောင်တတ်ခြင်းအပြင် ပင်လယ်ဘက်သို့သွားတဲ့ ခရီးသွားများဟာ ရေကူးခြင်း၊ လှေလှော်ခြင်း စတဲ့ လှုပ်ရှားမှုတွေကို လုပ်လေ့ရှိပါတယ်။ ထိုလှုပ်ရှားမှုတို့ကြောင့် အရိုးအဆစ်များ သန်မာပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခု ရအောင် ပုံသွင်းပြီးသား ဖြစ်ပါလိမ့်မယ်။
ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းအားကို တိုးမြှင့်စေပါတယ်
Photo : Buckettistly Blog
ကွီးတို့ရေ ထက်မြက်ပြီး လိုက်လျောညီထွေ ဖြစ်တဲ့သူ ဖြစ်ချင်ပါသလား။ ဒါဆိုရင်တော့ ခရီးတွေထွက်ပါလို့ အကြံပေးပါရစေ။ ခရီးသွားခြင်းက ကွီးတို့ရဲ့ စိတ်ကို ထက်မြက်စေပြီး သိမြင်မှု၊ စဉ်းစားတတ်မှု၊ အခြေအနေအလိုက် လိုက်လျောညီထွေ ဖြစ်မှု စတာတွေကို တိုးမြင့်စေတဲ့ အတွေ့အကြုံသစ်များစွာကို ရရှိစေပါသည်။ ခရီးသွားခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကျန်းမာရေးနဲ့ လုပ်နိုင်စွမ်းအားကိုလည်း တိုးတက်စေပြီး သတိရှိမှုကိုလည်း တိုးတက်စေပါတယ်လို့ ဆိုပါတယ်။
ချစ်ခင်ရင်းနှီးမှုတွေ တိုးလာစေပါတယ်
Photo : Medium
ကွီးတို့ရေ တစ်နှစ်မှာ တစ်ခါလောက်တော့ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက်ဖြစ်စေ ခရီးအတူတူ ထွက်သင့်ပါတယ်။ ခရီးတူတူ ထွက်ခြင်းဖြင့် ပျောရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ ထိတ်လန့်ဖွယ် အခိုက်အတန့်တွေကို အတူတကွ ဖြတ်သန်းရင်း ချစ်ခင်မှု၊ ခင်မင်မှုတွေ တိုးတတ်လာစေပြီး အချင်းချင်းနားလည်မှုလည်း ပိုလာစေပါတယ်။
ဘဝအမှတ်တရတွေကို ဖန်တီးပြီးသား ဖြစ်စေပါတယ်
Photo : 30Seconds
ကွီးတို့ဘဝကို ပိုပြီး အဓိပ္ပါယ်ပြည့်စုံအောင် ဖန်တီးပေးနိုင်ပါတယ်။ တစ်ကိုယ်တော်ပဲ ခရီးထွက်ထွက်၊ အုပ်စုလိုက်ပဲ ခရီးထွက်ထွက်၊ ကွီးတို့ လျှောက်လှမ်းတဲ့ခရီးတိုင်းဟာ ကွီးတို့ရဲ့ ဘဝဇာတ်ကြောင်းကို အမှတ်တရ တွေနဲ့ ပြီးပြည့်စုံစေမှာပါ။ ကွီးတို့ ခြေချတဲ့နေရာတိုင်းက အသစ်အဆန်းတစ်ခုခု ဒါမှမဟုတ် မမေ့နိုင်စရာ အမှတ်တရတစ်ခုခု ယူဆောင်လာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ခရီးသွား အတွေ့အကြုံများအားလုံးက ကွီးတို့ရဲ့ ဘဝဇာတ်ကြောင်းမှာ နေရာယူပြီး တဖြည်းဖြည်း ကောင်းမွန်သောအမှတ်တရတွေနဲ့ ပြည့်လာပါလိမ့်မယ်။
ဒီလို အကြောင်းတွေကြောင့် အကောင်းဆုံးသော စွဲလမ်းမှုတစ်ခုဆိုတာ ခရီးသွားခြင်းပဲဆိုတာ သေချာသွားစေတာပါ။
Featured Photo : Wallpaper