အပြုသဘောဆောင်တဲ့ စိတ်ရှိသူတွေဆိုတာ အခက်အခဲတွေကို သင်ယူမှုအတွေ့အကြုံတွေ၊ ယာယီဆုတ်ယုတ် မှုတွေလိုပဲ မြင်တတ်ကြတဲ့သူတွေပါ။ အခက်ခဲဆုံးနေ့တွေမှာတောင် မနက်ဖြန်မှာ ပိုကောင်း လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိကြပါတယ်။ ဒီလို အကောင်းမြင် စိတ်ရှိတာက စိတ်ဖိစီးမှုနည်းစေသလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။ ဒါဆို ကွီးတို့မှာ ဒီလိုအပြုသဘောဆောင်တဲ့ စိတ်ရှိလားဆိုတာ သိရအောင် အခုပြောပြမယ့်အချက်လေးတွေနဲ့ စစ်ဆေးကြည့်ရအောင်ပါ။

(၁) အဆိုးတွေကို လစ်လျူမရှု့ဘူး

Photo : Huff Post

အပြုသဘောဆောင်တဲ့ တွေးခေါ်သူတွေက အကောင်းဘက်ကိုပဲကြည့်ပြီး တခြားအရာအားလုံးကို လျစ်လျူရှု့တယ်လို လူအများက ထင်ကြပါတယ်။ ဒါပေမယ့် တကယ့်တကယ်က အကောင်းမြင်တတ်တဲ့သူတွေဟာ အဆိုးရော အကောင်းကိုပါ တပြိုင်နက် မြင်တတ်ကြတဲ့သူတွေပါ။ အဆိုးတွေကိုမြင်တတ်မှ ကြိုတင်ရှောင်ရှားလို့ ရနိုင်သလို ကောင်းတာတွေကို မြင်တတ်မှလည်း အကောင်းဆုံး ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

(၂) ကောင်းတာတွေကို အာရုံစိုက်ဖို့ ရွေးချယ်တယ်

Photo : Huff Post

အပေါ်မှာပြောခဲ့သလို အပြုသဘောဆောင်တဲ့သူတွေက အကောင်းဆုံးအခြေနေတွေကနေ ဆိုးရွားသွားနိုင်တာကိုလည်း နားလည်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်လာဖြစ်လာ အကောင်းမြင်တတ်တဲ့သူတွေက အကောင်းရော အဆိုးရော ၂ခု စလုံးဒွန်တွဲနေတာကို အသိအမှတ်ပြုကြတဲ့ သူတွေပါ။ ဒါပေမယ့် သူတို့က အပြုသဘောဆောင်တဲ့ ရလဒ်တွေကိုရဖို့ ကောင်းတဲ့အရာတွေအပေါ်မှာ သူတိုရဲ့ စွမ်းအင်နဲ့ အချိန်ကိုအာရုံ စိုက်ဖို့ ကောင်းကောင်းနားလည်တဲ့သူတွေ ဖြစ်ပါတယ်။

(၃) ကိုယ့်ရဲ့ အတွေးတွေကို သတိထားတယ်

Photo : Huff Post

အဆိုးမြင်တဲ့သူနဲ့ အကောင်းမြင်သူတွေကြားက ခြားနားချက်ကတော့ သူတိုရဲ့ ရှု့မြင်တဲ့ ပုံစံပါပဲ။ အပြုသဘောဆောင်တဲ့ စိတ်ထားတဲ့အခါ အပျက်သဘောဆောင်တဲ့ အတွေးတွေ ခေါင်းထဲပေါ်လာတာနဲ့ အလိုလို ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။ အကောင်းမြင်စိတ်နဲ့ တွေးခေါ်သူတွေက သူတို့ကိုယ်သူတို့ ပြောနေတဲ့ မက်ဆေ့ချ်တွေနဲ့ ယူဆချက်တွေကို သတိပြုကြပါတယ်။ ဒါ့ကြောင့် အဆိုးမြင် တဲ့တွင်းထဲကို ဆင်းမိမယ်ဆိုတာနဲ့ ချက်ချင်းနောက်ပြန် လှည့်တတ်ကြတဲ့သူတွေပါ။

(၄) အရှုံးကို မကြောက်ဘူး


Photo : Huff Post

အပြုသဘောဆောင်တဲ့ အတွေးခေါ်ပိုင်ရှင်တွေဟာ အမှားတွေကို မကြောက်ကြပါဘူး။ အမှားတွေကနေရတဲ့ သင်ခန်းစာတွေကနေ သူတိုရဲ့တိုးတက်မှုတွေအတွက် အသုံးပြုကြပါတယ်။ ပြည့်စုံသော ပျော်ရွှင်မှုဆိုင်ရာ Harvard လေ့လာမှု သုတေသနပြုချက်များအရ စိန်ခေါ်မှုတွေက ရေရှည်မှာ လူတစ်ယောက်ရဲ့ ကျန်းမာပျော်ရွှင်မှုကို အမှန်တကယ် တိုးတက်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆိုရိုးစကားအတိုင်း ခုနစ်ကြိမ်လဲရင် ရှစ်ကြိမ်မြောက် ပြန်ထမယ်ဆိုတာကတော့ အကောင်းမြင်သမားတွေရဲ့ လက်စွဲဆောင်ပုဒ်ပါပဲ။

ကွီးတို့လဲ ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် အပြုသဘောဆောင်စိတ်ထားရှိတဲ့သူတွေလို့ ပြောနိုင်ပါပြီ။

Featured Photo : Huff Post