ခပ်ကြမ်းကြမ်း အက်ရှင် ကား တွေကိုမှ ဟတ်ထိ တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ဇာတ်ကားတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားတွေကတော့ ကွီးတို့အတွက် ပါးစပ်အဟောင်းသားနဲ့ ကြည့်ရတာ စိတ်ဝင်စားစရာကောင်းတာ အသေအချာပါပဲ။ မယုံရင်တော့ ကိုယ်တိုင် ကြည့်ကြည့်လိုက်ပါဦး။

(၁) My Spy: The Eternal City

Source: Prime Video

JJ လို့ အမည်ရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်သည် နယူးကလီးယား တိုက်ခိုက်မှုကို တားဆီးချေမှုန်းဖို့ရန်အတွက် လျှို့ဝှက်ခိုင်းစေခံခဲ့ရပါတယ်။ ထိုမစ်ရှင်ကို အောင်မြင်အောင် ပြုလုပ်နိုင်မှသာလျှင် အီတလီသို့ လေ့လာရေးခရီးသွားနေတဲ့ အထက်တန်း ကျောင်းသားများက အသက်ဘေးကနေ လွတ်မြောက်နိုင်မှာပါ။ JJ တစ်ယောက် ထိုမစ်ရှင်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါ့မလား။

(၂) Trigger Warning

Source: Netflix

အထူးတပ်ဖွဲ့က ကွန်မန်ဒို တစ်ယောက်သည် သူ့အဖေရဲ့ ရုတ်တရက် သေဆုံးမှုကြောင့် သူ(မ)ရဲ့ မွေးရပ်မြေဆီသို့ ပြန်လာခဲ့ပါတယ်။ သူ(မ)ရဲ့ အိမ်အပြန်လမ်းကတော့ သူ(မ) ထင်ထားသလို ချောမွေ့မနေပါဘူး။ သူ(မ) အဖေ သေဆုံးမှုရဲ့ နောက်ကွယ်မှာရော ဘာတွေ ရှိနေဦးမလဲ။

(၃) The Fall Guy

Source: Universal Pictures

စတန့်တွေ ပြုလုပ်တဲ့အခါ လူစားထိုး လုပ်ရတဲ့ စတန့်မင်းသားတစ်ယောက်သည် အဓိက ခေါင်းဆောင်မင်းသား သေဆုံးသွားတဲ့ နောက်မှာတော့ သူက ထိုမင်းသားနေရာမှာ အစားထိုးဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ သူ့ကို လိုက်သတ်နေတဲ့သူတွေကြားမှာ ဘယ်လို အသက်ရှင်အောင် ကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။​

(၄) Dune: Part Two

Source: Warner Bros. Pictures

ဒီဇာတ်ကားကတော့ Paul Atreides တစ်ယောက်ရဲ့ စွန့်စားခန်းတွေ၊ သူ့ရဲ့ မိသားစုကို ဖျက်ဆီးခဲ့တဲ့သူတွေကို ပြန်လည် လက်စားချေမယ့် ဇာတ်လမ်း ဇာတ်ကွက်တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သူ ချစ်ရတဲ့သူနဲ့ သူ့ရဲ့ ကမ္ဘာအတွက် ရွေးချယ်မှု နှစ်ခုအကြား ဝေခွဲရခက်နေပုံကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သူ တစ်ယောက်တည်း ကြိုမြင်နေရတဲ့ အန္တရာယ်ကြားကနေ အနာဂတ်ကို ခက်ခက်ခဲခဲ ကာကွယ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

(၅) Furiosa: A Mad Max Saga

Source: Warner Bros. Pictures

Furiosa ဆိုတဲ့ ကလေးမလေးတစ်ယောက်သည် သူ့ရဲ့ ညီမဖြစ်သူနဲ့ တောထဲမှာ ကစားနေရင်းနဲ့ တစ်ရက်မှာတော့ လူဆိုးတွေ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ Furiosa တစ်ယောက် ဒီလိုနဲ့ပဲ တဖြည်းဖြည်း အသက်ကြီး လာခဲ့ပါတယ်။ ဒါပေမဲ့ သူသည် သူ့ရဲ့ အိမ်ပြန်လမ်းကို အမြဲဆိုသလို ရှာဖွေနေတာပါ။ Furiosa တစ်ယောက် သူ့ရဲ့ အိမ်ပြန်လမ်းကို ပြန်ရှာတွေ့ပြီး သူ့မိသားစုနဲ့ ပြန်လည် ဆုံဆည်းနိုင်ပါ့မလား။

(၆) Road House

Source: Prime Video

UFC ဖိုက်တာအဟောင်းတစ်ဦးဖြစ်တဲ့ Dalton သည် ဖလော်ရီဒါရှိ လက်ဝှေ့ပွဲမှာ အလုပ်လုပ်ဖို့အတွက် အကြောင်းဖန်  လာပါတော့တယ်။ ဒါပေမဲ့ ထိုနေရာက သူ ထင်ထားသလို သူ့အထင်နဲ့ တက်တက်စင်အောင် လွဲနေတာကို နောက်ပိုင်းကျမှသာ တဖြည်းဖြည်း သိနားလည်သွားတာပါ။

(၇) Damsel

Source: Netflix

ငယ်ငယ်ချောချော အမျိုးသမီးငယ်တစ်ဦးသည် ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးနဲ့ လက်ထက်ဖို့ သဘောတူ လိုက်ပါတယ်။ ဒါပေမဲ့ ဒီလက်ထပ်ပွဲက ထောင်ချောက်တစ်ခုပဲ ဆိုတာကို နောက်တော့မှ ထိုအမျိုးသမီးက သိရှိသွားတာပါ။ သူ(မ)သည် နဂါးတွေနဲ့ တိုက်ခိုက်ဖို့ နဂါးထောင်ခြောက်ထဲသို့ အတင်းအကြပ် တွန်းပို့ ခံလိုက်ရပါတယ်။​သူ(မ)ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သေချာ အသုံးချနိုင်မှသာလျှင် ထိုထောင်ခြောက်ထဲက လွတ်မြောက်နိုင်မှာပါ။

ခပ်ကြမ်းကြမ်း အက်ရှင် ကား တွေကိုမှ ဟတ်ထိ တဲ့ ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားများကို ဟတ်ထိရဲ့လား။

Source: Moviefone

Featured Image: Collider.com