တတ်တတ်ကြွကြွ လှုပ်ရှားခန်းတွေ၊ အမိုက်စား ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ ၊ ပေါက်ကွဲမှုတွေအပြင် အချစ် ၊ အလွမ်း ၊ ဒရမ်မာစတဲ့ ရသမျိုးစုံ ပါဝင်တဲ့ အက်ရှင် ဇာတ်ကားကောင်းတွေ ကြည့်ချင်ပါသလား။ ဒါ့အပြင် ရုပ်သံအထူးပြု လုပ်ဆောင်ချက်တွေနဲ့ ပြင်ပမှ စွန့်စားခန်းများ၊ ရဲရဲဝံ့ဝံ့ စတန့်ထွင်မှုများ ၊ ဖြောင့်မတ်သော သူရဲကောင်းများနဲ့ စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်မှု ပြကွက်တွေကို ရင်တမမနဲ့ ကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ ပိတ်ရက်မှာ ကြည့်ရှုနိုင်ဖို့ ဒီနှစ်အတွက် အကောင်းဆုံးသော အက်ရှင် ဇာတ်ကားများ ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) The Gray Man

Source : Netflix

ဒီနှစ်အတွက် အကောင်းဆုံးသောအက်ရှင် ဇာတ်ကားများ ထဲမှ ပထမဆုံး ဖော်ပြချင်တာကတော့ The Gray Man ပဲ ဖြစ်ပါတယ်။ The Gray Man က ၂၂ ရက်၊ ဇူလိုင်လ ၂၀၂၂ ကမှ ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Ryan Gosling၊ Chris Evans နဲ့ Ana de Armas တို့က အဓိကပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ CIA အေးဂျင့်တစ်ဦးက ဆိုးရွားလှတဲ့ အေဂျင်စီရဲ့ လျှို့ဝှက်ချက်များတွေကို ဖော်ထုတ်လာတဲ့အခါ၊ ဘယ်လိုမျိုး စိတ်ဝင်စားဖွယ် အက်ရှင် ဇာတ်ကားကောင်း ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

(၂) Prey

Source : 20th Century Studios

Prey ဇာတ်ကားဟာ အမေရိကန် စိတ်ကူးယဉ်သိပ္ပံ အက်ရှင် ထိတ်လန့်ဖွယ်ရာ အမျိုးအစားဖြစ်ပြီး Predator ဇာတ်ကားကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။ ဒီကားမှာ Amber Midthunder က သူရဲ့ အသိုင်းအဝိုင်းကို ယောက်ျားများနဲ့ ယှဉ်ပြီး အမဲလိုက်နိုင်ကြောင်း သက်သေပြရန်အတွက် Comanche သူရဲကောင်းတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ အန္တရာယ်ရှိသော ဂြိုလ်သားများအပြင် အက်ရှင် ဇာတ်ဝင်ခန်းတွေ လည်းပါဝင်ပြီး ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၂ မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်ကို ကောင်းတဲ့ အက်ရှင် ဇာတ်ကား ဖြစ်တာကြောင့် ကွီးတို့ အကြိုက်တွေ့မှာ အသေအချာပါပဲ။

(၃) The Man From Toronto

Source : Netflix

ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ အက်ရှင် ဇာတ်ကားများ ထဲက တစ်ခုကတော့ The Man From Toronto ပဲ ဖြစ်ပါတယ်။ ဒီကားကတော့ ဒါရိုက်တာ Patrick Hughes ရိုက်ကူးထားတဲ့ အမေရိကန် ဟာသ အက်ရှင် ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားကြီး Kevein Hart နဲ့ Woody Harrelson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဇွန်လ ၂၄ ရက်နေ့၊ ၂၀၂၂ မှာထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Blacklight

Source : Rotten Tomatoes Trailer

ဒီနှစ်အစောပိုင်း လောက်မှာ ထွက်ရှိခဲ့တဲ့ Blacklight ဆိုတဲ့ ဇာတ်ကားကလည်း ဒီနှစ်အတွက် အက်ရှင် ဇာတ်ကားများ ထဲမှာမှာပါဝင်ပါတယ်။ ဒီဇာတ်ကားကတော့ အက်ရှင် သည်းထိပ်ရင်ဖို ဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အစိုးရ ပူးပေါင်းကြံစည်မှုမှာ ပါဝင်နေတဲ့ FBI အရာရှိအဖြစ် Liam Neeson က သရုပ်ဆောင်ထားပြီး Emmy Raver-Lampman၊ Taylor John Smith နှင့် Aidan Quinn တို့လည်း ပါဝင်ပါတယ်။ အက်ရှင် သည်းထိပ်ရင်ဖို ဇာတ်ကား ဖြစ်တဲ့အတွက် မကြည့်ရသေးတဲ့ ကွီးတို့အတွက် ရွေးချယ်စရာ ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

(၅) Lightyear

Source : Pixer

Disney က Toy Story ပရိသတ်များအတွက် ပြင်ပအာကာသ စူးစမ်းလေ့လာသူအဖြစ် Buzz Lightyearရဲ့ နောက်ကြောင်းရာဇဝင်တွင် ထည့်သွင်းထားတဲ့ Lightyear Animation ကာတွန်း ရုပ်ရှင်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီကားကို ဇွန် လ ၈ရက်၊ ၂၀၂၂ မှာ ထုတ်ဝေခဲ့ပြီး အမေရိကန် ကွန်ပျူတာ ကာတွန်း သိပ္ပံစိတ်ကူးယဉ် အက်ရှင် စွန့်စားခန်းရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။

ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ထွက်ရှိပြီးသားဖြစ်တဲ့ ဒီနှစ်အတွက် အကောင်းဆုံးသော အက်ရှင် ဇာတ်ကားများ ပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပိတ်ရက်မှာ ကွီးတို့ စိတ်ကြိုက် ရွေးချယ်ကြည့်ရှုပြီး အပန်းဖြေလိုက်ပါ။ ဒါ့အပြင် ထပ်ပြီး ထွက်ရှိလာမဲ့ အက်ရှင် ဇာတ်ကားကောင်းတွေလည်း ရှိပါသေးတယ်။

Source : Esquire

Featured Photo : Wallpaper Abyss