ရုပ်ရှင် သမိုင်းကြောင်းတစ်လျှောက် ခေတ်အလိုက် နာမည်ကြီးတဲ့ အက်ရှင်မင်းသားတွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ ထိပ်တန်းအဆင့် သတ်မှတ်ခံထားရတဲ့ အက်ရှင်မင်းသားကြီးတွေ အားလုံးလိုလိုကတော့ ကိုယ်ပိုင်ထူးခြားမှု ကိုယ်စီရှိကြပြီး ကောင်းမွန်တဲ့ သရုပ်ဆောင် စွမ်းရည် ၊ တိုက်ရည်ခိုက်ရည် ၊ ယောကျာ်းပီသမှုတို့နဲ့အတူ ဘက်ပေါင်းစုံက ထူးချွန်တဲ့ နာမည်ကြီးသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဒီထဲကမှ လူကြိုက်အများဆုံးနဲ့ အက်ရှင်လောကရဲ့ ထိပ်တန်းမင်းသားကြီးတွေအဖြစ် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသားကြီး ၄ ယောက် အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Antonio Banderas
Photo : Yardbarker
ထိပ်တန်းအဆင့် အက်ရှင်မင်းသားတွေ အကြောင်းပြောလိုက်နဲ့ စပိန်မင်းသားကြီး Antonio Banderas ကိုတော့ ထိပ်ဆုံးကနေ ပြောရမှာ အသေအချာပါပဲ။ ယောကျာ်းပီသပြီး ညို့ငင်အားကောင်းတဲ့ မျက်ဝန်းတစ်စုံနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်ထားသူ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က ထွက်ခဲ့တဲ့ Desperado နဲ့ ၁၉၉၈ ခုနှစ်က ထွက်ခဲ့တဲ့ The Mask of Zorro ဇာတ်ကားတွေကတော့ Antonio Banderas ရဲ့ လူကြိုက်များ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။
(၂) Charles Bronson

Photo : Yardbarker
နောက်တစ်ယောက်ကတော့ အမေရိကန်မင်းသားကြီး Charles Bronson ဖြစ်ပါတယ်။ Charles Bronson ကတော့ ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ဇာတ်ရုပ်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ပြီး ရဲအရာရှိနဲ့ ကောင်းဘွိုင်ဇာတ်ရုပ်တွေအဖြစ် အများဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၇၄ ခုနှစ်မှာထွက်ခဲ့တဲ့ Death Wish ရုပ်ရှင်ဇာတ်ကားကတော့ Charles Bronson ရဲ့ အနုပညာမှတ်တိုင်တစ်ခုအဖြစ် အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
(၃) Nicolas Cage

Photo : Yardbarker
အမေရိကန်မင်းသားကြီး Nicolas Cage ကတော့ အရပ်မြင့်မြင့် ထောင်ထောင် မောင်းမောင်းနဲ့ ယောကျာ်းပီသတဲ့ မင်းသားကြီးအဖြစ် လူသိများပါတယ်။ သူဟာ အက်ရှင်ဇာတ်ရုပ်တွေမှာသာမက အချစ်အလွမ်းအဆွေး ဇာတ်ရုပ်မျိုးစုံမှာပါ စွယ်စုံရတဲ့ ထူးချွန်မင်းသားကြီးတစ်ဦးပါ။ ၁၉၉၅ ခုနှစ်က ထွက်ခဲ့တဲ့ Leaving Las Vegas ၊ ၁၉၉၇ ခုနှစ်မှာထွက်ခဲ့တဲ့ Face/Off နဲ့ National Treasure ရုပ်ရှင်စီးရီးစတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီနေ့အထိ ပရိသတ်အားပေးမှု အခိုင်အမာရနေဆဲ မင်းသားကြီး ဖြစ်ပါတယ်။
(၄) Jackie Chan

Photo : Yardbarker
မင်းသားကြီး Jackie Chan ကတော့ ထိပ်တန်းအက်ရှင်မင်းသားတွေထဲမှာ လူကြီးရော ကလေးပါမကျန် ကြိုက်နှစ်သက်ကြသူတစ်ဦးပဲ ဖြစ်ပါတယ်။ အက်ရှင် ၊ ဟာသ ဘက်စုံထူးချွန်သူဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတိုင်းလိုလိုမှာ စိတ်ဝင်စားစရာ စတန့်ပြကွက်တွေ အမြဲထည့်သွင်း ရိုက်ကူးလေ့ရှိတဲ့ အက်ရှင်စတား တစ်ဦးဖြစ်ပါတယ်။ Jackie Chan ရဲ့ Rumble In The Bronx နဲ့ Rush Hour ဇာတ်ကားတွေကတော့ ဘယ်အချိန်ပြန်ကြည့်ကြည့် ကြည့်လို့ကောင်းနေဆဲ ဇာတ်ကားတွေလို့ ပြောရမှာ ဖြစ်ပါတယ်။
Featured Photo : El HuffPost
											
				
									
	
	
	
	
	
	