ကောင်းတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူရ လွယ်သလောက် အကျင့်ဆိုးတွေကျတော့ တတ်မြောက်တာမြန်ပါတယ်။ တစ်ခါတစ်လေမှာ ကွီးတို့က ထိုအကျင့်ဆိုးကို သိသိရက်နဲ့ ပြုလုပ်နေမိတာလည်း ဖြစ်နိုင်သလို မသိဘဲနဲ့ ပြုလုပ်နေမိတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ အခုဖော်ပြပေးမယ့် အကျင့်ဆိုး များကို အမြဲတမ်း ပြုလုပ်နေမိရင်တော့ ကွီးတို့ ညီလေး အတွက် စိုးရိမ်စရာပါပဲ။
(၁) ရေချိုးတဲ့အခါ ညီလေးကို သန့်ရှင်းရေး လုပ်ဖို့ မေ့သွားခြင်း
တစ်မိနစ် အမြန်နှုန်းနဲ့ ရေချိုးကြတဲ့ ကွီးတို့ ရှိကြပါသလား။ ရေသာ ချိုးတယ် ချေးလည်း မတွန်းဘဲ ရေလောင်းရုံသာ လောင်းရင်းနဲ့ ရေချိုးတဲ့ လူထဲမှာ ကွီးတို့ ပါပါသလား။ ဒါဆိုရင်တော့ ကွီးတို့ ညီလေးကတော့ တော်တော် စိတ်ညစ်နေမှာပါပဲ။
ကွီးတို့ ညီလေးသည်လည်း တစ်ကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သူတို့ကို သန့်ရှင်းရေး မပြုလုပ်တဲ့အခါ အနံ့ဆိုးတွေ လှိုင်လှိုင်ထွက်နေပြီး ခံစားရမယ့် ကျန်းမာရေး ဆိုးကျိုးတွေကလည်း တစ်ခု၊ နှစ်ခုတည်း မဟုတ်ပါဘူး။ စစချင်းမှာ အနံ့ဆိုး ထွက်မယ်၊ တဖြည်းဖြည်းနဲ့ ယားယံလာမယ်၊ ထိုမှတဆင့် ပိုးဝင်ပြီး လိင်အင်္ဂါ ရောဂါများကို ခံစားရနိုင်ခြေ များပါတယ်။ ကျန်းမာရေး ဆိုးကျိုးများက မီးခိုးကြွက်လျှောက် လိုက်နေတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေချိုးတဲ့အချိန်မှာ ကွီးတို့ရဲ့ ညီလေးကို သေချာ ဆေးကြော သန့်စင်ပေးဖို့ လိုအပ်ပါတယ်။
(၂) လေ့ကျင့်ခန်း ပြုလုပ်ဖို့ ပျင်းရိနေခြင်း
တစ်နေ့တာလုံးမှာမှ အနည်းဆုံး နာရီဝက်လောက် လေ့ကျင့်ခန်း ပြုလုပ်ဖို့ အချိန်မပေးနိုင်၊ အချိန်မပေးချင် ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးကို ထည့်စဥ်းစားပေးဖို့ လိုအပ်နေပါပြီ။ လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုသည်သာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သိသိသာသက်ရောက်စေပြီး လိင်တံကိုရှည်စေကာ ကျန်းမာစေပါတယ်။ အိပ်ရာထဲမှာလည်း ကြာကြာစွမ်းဆောင်နိုင်ဖို့ သက်လုံကိုလည်း အားကောင်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
(၃) ညဘက်မှာ တော်တော်နဲ့ မအိပ်ဘဲ အိပ်ရေး အပျက်ခံခြင်း
ညဘက်မှာ ဖုန်းသုံးတာတို့၊ ဂိမ်းဆော့တာတို့ကြောင့် တော်တော်နဲ့ မအိပ်ဘဲ မနက် ဝေလီဝေလင်းမှ မှေးခနဲ အိပ်မောကျသွားပါသလား။ တစ်ခါတစ်လေမှ ပြုလုပ်မိတယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် နေ့စဥ်ညဆက်ဆိုသလို ပြုလုပ်နေမိရင်တော့ ရှော့ရှိသွားပါပြီ။
အဲ့ဒီ အကျင့်ဆိုး ကိုသာ ကြပ်ကြပ်လုပ်နေလို့ကတော့ ကွီးတို့ရဲ့ ညီလေး က တစ်သက်လုံး ပြန်နိုး မထနိုင်ဘဲ ညှိုးနွမ်းသွားပါလိမ့်မယ်။ ရွှေပန်းညှိုး သွားတဲ့ ဖြစ်စဥ်ကတော့ မျိုးပွားအင်္ဂါကျန်းမာရေး အားနည်းသွားခြင်းတစ်မျိုးပါပဲ။ ကွီးတို့ရဲ့ ညီလေးက ထောင်မတ်နိုင်ခြင်း မရှိတော့တဲ့ ကျန်းမာရေး ဖြစ်စဥ်မျိုးပါ။ အိပ်ရေးပျက်ညတွေ များလာပါက ရွှေပန်းညှိုးသွားတတ်ပါတယ်။ လေ့လာချက်များအရ အိပ်ရေးပျက်ခံလေ့ရှိတဲ့ အမျိုးသားများသည် ပန်းသေ ပန်းညှိုးတဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေး ဖြစ်စဥ်မျိုးကို ခံစားကြရတယ်လို့ သိရှိရပါတယ်။
ဒီလိုဆိုးကျိုးတွေကို သိနေတာတောင်မှ ကွီးတို့ရဲ့ ညီလေးကို မစဥ်းစားပေးဘဲ အကျင့်ဆိုးတွေ မဖျောက်ဖျက်ချင်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဗျို့ ညိုကီတို့ရေ…
Source: Menshealth
Featured Image: Freepik