ဘေ့စ်ဘောအားကစားသည် ကမ္ဘာပေါ်ရှိ လူကြိုက်အများဆုံး အားကစားများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘေ့စ်ဘောအားကစားသမားများသည်လည်း ဘောလုံးသမားများနည်းတူ နာမည်ကြီးပါတယ်။ သမိုင်းကြောင်းတစ်လျှောက်တွင် ကမ္ဘာ့ အကျော်ကြားဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ ဘေ့စ်ဘော အားကစားသမား များလည်း အများအပြားရှိပါတယ်။

အကျော်ကြားဆုံး ဘေ့စ်ဘော အားကစားသမား တွေက ဘယ်သူတွေဖြစ်မလဲဆိုတော့ …

Roger Clemens

အကျော်ကြားဆုံး ဘေ့စ်ဘော အားကစားသမား

Robger Clemens ကတော့ သူ့ရဲ့အားကစားသက်တမ်း ၂၄ နှစ်မှာ ထူးချွန်ကာ ပြိုင်ပွဲတိုင်းနီးပါးမှာ အနိုင်ရအောင် ပြုလုပ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လျင်မြန်ဖျတ်လတ်မှုကြောင့် သူ့ကို Rocket လို့တောင် နာမည်ပေးထားတာဖြစ်ပါတယ်။

သူ့ကို ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သူသည် အနိုင်အရှုံး ပြိုင်ပွဲရလာဒ်တွေကတော့ ၃၅၄ ပွဲနိုင်ပြီး ၁၈၄ ပွဲ ရှုံးခဲ့တာဖြစ်ပါတယ်။

Honus Wagner

အကျော်ကြားဆုံး ဘေ့စ်ဘော အားကစားသမား

သူ့ကိုတော့ ၁၈၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ အမေရိကန်တွင် ဖွားမြင်ခဲ့တာဖြစ်ပြီး ၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူသည်လည်း အမေရိကန် ဘေ့စ်ဘောသမိုင်းကြောင်းတွင် အကျော်ကြားဆုံး ဘေ့စ်ဘော အားကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

Honus ကို ဘေ့စ်ဘောကစားဖြစ်အောင် သူ့ရဲ့အစ်ကိုဖြစ်သူ Albert Butts Wagner က ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ Honus တစ်ယောက် ကျောင်းပြိုင်ပွဲတွေမှာ ဝင်ကစားဖြစ်ရင်း နောက်ပိုင်းကျတော့ တဖြည်းဖြည်း ပြိုင်ပွဲပေါင်းများစွာမှာ တက်လှမ်းကာ ပါဝင်ယှဉ်ပြိုင်လာနိုင်ခဲ့တာဖြစ်ပါတယ်။

Stan Musial

အကျော်ကြားဆုံး ဘေ့စ်ဘော အားကစားသမား

သူ့ရဲ့ နာမည်အရင်းကတော့ Stanley Frank Musial ဖြစ်ပြီး Stan The Man လို့လည်း နာမည်ပြောင်ပေးထားတာဖြစ်ပါတယ်။ သူသည် ၁၉၄၁ ခုနှစ်နှင့် ၁၉၄၄ ခုနှစ် ၊ ၁၉၄၆ နှင့် ၁၉၆၃ ခုနှစ်များတွင် ဆော့ကစားခဲ့တာဖြစ်ပါတယ်။

သူ့ကိုတော့ ၁၉၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူသည် ဘေ့စ်ဘောနဲ့ပတ်သက်လာလျှင် ဆုတံဆိပ်ပေါင်းမြောက်မြားစွာ ရရှိခဲ့တဲ့ ထူးချွန်အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Ty Cobb

အကျော်ကြားဆုံး ဘေ့စ်ဘော အားကစားသမား

သူ့ရဲ့ နာမည်အပြည့်အစုံကတော့ Tyrus Raymond Cobb ဖြစ်ပြီး နာမည်ပြောင်ကတော့ The Georgia Peach ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ခေတ် သူ့အခါက အတော်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သူ့ကို ၁၈၈၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပြီး ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူ့ပရိသတ်တွေ မသိသေးတဲ့ အကြောင်းအရာတစ်ခုကတော့ Ty Cobb ရဲ့ မိခင်သည် သူ့အမျိုးသားကို ပြန်သတ်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၈ ရက်နေ့၊ ၁၉၀၅ ခုနှစ်တွင် Ty Cobb ရဲ့ ဖခင်သည် သူ့အမျိုးသမီးကို အလုပ်ကိစ္စကြောင့် အိမ်ပြန်မလာဖြစ်ဘူးဆိုပြီး ပြောသွားခဲ့တာပါ။ ဒါပေမဲ့ သူ့အမျိုးသမီးကို ဖောက်ပြနေတယ်လို့ သံသယရှိတာကြောင့် အဲ့နေ့ညမှာပဲ ပစ္စတိုတစ်လက်နဲ့ အိမ်ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူ့အမျိုးသမီးက ဓားပြအမှတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သူ(မ)သည် လူသတ်မှုနှင့် အဖမ်းခံခဲ့ရပါတယ်။ သို့သော် ၁၉၀၆ ခုနှစ်၊ မတ်လတွင် အပြစ်မရှိကြောင်း စီရင်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါကတော့ ပရိသတ်တွေမသိသေးတဲ့ Ty Cobb ရဲ့ မိသားစုအရှုပ်တော်ပုံတစ်ခုဖြစ်ပါတယ်။

Ty Cobb လည်း သူ့ဖခင်သည် သူ့အတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့သေဆုံးမှုအတွက် ယူကြုံးမရဖြစ်ကာ ဝမ်းနည်းရကြောင်း ပြောပြခဲ့ပါတယ်။

Walter Johnson

world's famous baseball players

Walter Johnson ရဲ့ နာမည်အပြည့်အစုံကတော့ Walter Perry Johnson ဖြစ်ပါတယ်။ သူသည် ၁၉၀၇ ခုနှစ်နှင့် ၁၉၂၇ ခုနှစ်များတွင် ဘေ့စ်ဘောကို တောက်လျှောက်ကစားခဲ့တာဖြစ်ပြီး ကမ္ဘာ့ အကျော်ကြားဆုံး နှင့် လူကြိုက်အများဆုံး ဘေ့စ်ဘော အားကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူ့ကို ၁၈၈၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပြီး ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူ့ပရိသတ်တွေက သူ့ကို Big Train လို့လည်း နာမည်ပြောင်ပေးထားပါသေးတယ်။ဘာ့ကြောင့်လဲဆိုတော့ သူသည် လူကောင်ကြီးကြီး ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ ဆော့ကစားပုံမျိုးကြောင့်ဖြစ်ပါတယ်။ ထိုခေတ်ထိုအခါတုန်းကတော့ Express ရထားများသည် အလျင်မြန်ဆုံးယာဉ်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

Hank Aaron

world's famous baseball players

Hank Aaron ကတော့ လူမဲအားကစားသမားတစ်ယောက်ဖြစ်ပြီး ဘေ့စ်ဘောလောကတွင် အကျော်ကြားဆုံး လူမဲအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွားမြင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူသည် ၁၉၅၄ ခုနှစ်နှင့် ၁၉၇၆ ခုနှစ်များတွင် ဘေ့စ်ဘောကစားခဲ့တာဖြစ်ပြီး ပြိုင်ပွဲများတွင် အနိုင်ရအောင် ဆော့ကစားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Source: Britannica

Featured Image: Forbes