ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့ ချစ်တင်းနှောတဲ့အခါ အဆုံးစွန်ထိ ကြည်နူးမှုကို ရယူချင်တယ်ဆိုရင် ရှောင်ကြဥ်ရမယ့် အချက်များရှိပါတယ်။ ထိုအချက်များကို မရှောင်ဘဲ အကွက်ရွေ့ မှားသွားမယ်ဆိုရင်တော့ ကွီးတို့ နားကား သွားပါလိမ့်မယ်။
ဘယ်လိုအချက်တွေကို ရှောင်ကြဥ်သင့်သလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါဦး။
(၁) အလျင်လိုနေခြင်း
ကိုယ့်ရဲ့ စကီလေး စိတ်ပါလာတာကို မစောင့်ဘဲနဲ့ ကိုယ့်ဘက်က အတင်းအကြပ်ကြီး မြန်မြန်ဆန်ဆန် ရယူနေခြင်းသည် ကွီးတို့ နှစ်ဦးသားကို ပိုမိုဝေးကွာသွားစေပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ စကီလေးက ကွီးတို့နဲ့ ထိတွေ့မှုကို အတင်းကြောက်ကန် ငြင်းဆိုနေမယ်ဆိုရင် သေချာပါတယ် ကွီးတို့က သူတို့ စိတ်ပါလာအောင် လှုံ့ဆော်ဖို့၊ ပွတ်သီး ပွတ်သပ်လုပ်ပေးဖို့ကို မေ့လျော့နေပြီး ကိုယ့်ဘက်ကိုယ်ပဲ တွေးနေမိလို့ပါပဲ။
အမျိုးသားများအတွက်က စိတ်ကြွလာတဲ့အချိန်က မြန်ပေမယ့် အမျိုးသမားများအတွက်ကတော့ သူတို့ရဲ့ ညီမလေး နိုးထလာမယ့်အချိန်ကို စောင့်ရပါတယ်။ ကွီးတို့က ထိုအဆင့်ကို ကျော်မိမယ်ဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။
(၂) သိုင်းကွက်ပေါ်မှာပဲ အာရုံစိုက်မိနေခြင်း
အမျိုးသားထုကြီး အများစု ပြုလုပ်မိတဲ့ ဒုတိယအမှားကတော့ သိုင်းကွက်အပေါ်မှာပဲ အာရုံစိုက်မိနေခြင်းပါပဲ။ ကိုယ့်ရဲ့ သိုင်းကွက်က ပြီးပြည့်စုံတဲ့ သိုင်းကွက်ဖြစ်ဖို့အတွက် အလွန်အကျွံတွေ အာရုံစိုက်မိတဲ့အခါမှာတော့ တစ်ဖက်က စကီလေးကို မေ့သွားတတ်ပါတယ်။
ကွီးတို့ နှစ်ယောက် အတူတူ နေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်မိမိ အပေးအယူမျှဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် တစ်ယောက်နဲ့ တစ်ယောက်ကြား မမြင်ရတဲ့ သံယောဇဥ်များ တိုးပွားလာမှာပဲဖြစ်ပါတယ်။
(၃) ကိုယ့်စကီလေးအပေါ်မှာ လိုအပ်သည်ထက်ပိုပြီး အလွန်အကျွံ အာရုံစိုက်မိနေခြင်း
ကွီးတို့ အများစု နောက်ထပ် ပြုလုပ်မိတဲ့ အမှားကတော့ ကိုယ့်စကီလေးကို လိုအပ်သည်ထက် ပိုပြီး အလွန်အကျွံ အာရုံစိုက်မိနေခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကောင်မလေး ကိုယ့်ကြောင့် နာကျင်ရမှာ၊ မျက်နှာပျက်သွားမှာ အစရှိသည်တို့ကို တွေးပူနေမယ်ဆိုရင်တော့ ခရီးရောက်မှာ မဟုတ်ဘူးဗျို့ ညိုကီတို့ရေ။
ဒီလိုပြောလိုက်လို့ ဂရုမစိုက်နဲ့လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ မျှခြေဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ထိုအချိန်မှာ သူတို့ရဲ့ ပျော်ရွှင်မှုအပေါ်မှာ အာရုံစိုက်မယ့်အစား၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုမှာပဲ အာရုံစိုက်ပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကနေတဆင့် ကိုယ့်ရဲ့ ပါတနာပါ စိတ်တိုင်းကျအောင် ဖန်တီးဖို့ လိုအပ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြသွားသလိုမျိုး အကွက်ရွေ့ မှားသွားမယ်ဆိုရင်တော့ နားကား သွားပါလိမ့်မယ်။ ကွီးတို့ နှစ်ယောက်သားကြားမှာလည်း အတူတူနေရတာသည် သက်သောင့်သက်သာဖြစ်လာမှာမဟုတ်တော့ပါဘူး။
တာဝန်ဝတ္တရားကြီးတစ်ခုလိုဖြစ်လာပြီး အချိန်ကြာလာတဲ့အခါ တစ်ယောက်ကို တစ်ယောက် ငြိုငြင်စိတ်ကုန်လာပါလိမ့်မယ်။
Source: Myfitbrain.in
Featured Image: Freepik