ဘယ်အချိန်ဝတ် ဝတ် ရိုးမသွားတာ အကွက် ဖက်ရှင် များပဲဖြစ်ပါတယ်။ ထသွားထလာ ဖက်ရှင်မျိုးပဲ ဖန်တီးမလား၊ ဒါမှမဟုတ် စမတ်ကျကျ ဖက်ရှင်မျိုးပဲ ဖန်တီးမလား ကွီးတို့ စိတ်ကြိုက် ဖန်တီးလို့ရပါတယ်။ အကွက် အဆင်လေးနဲ့ ဖက်ရှင် ကျတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များနဲ့ ဝတ်စား ဆင်ယင်နိုင်ပါတယ်။

ချီနိုဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်ပါ

flannel fashion for men

ရှပ်အကွက် ဖက်ရှင်လေးကို ချီနိုဘောင်းဘီနဲ့ တွဲဖက် ဝတ်ဆင်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျသွားမှာ အမှန်ပါပဲ။ ဖိနပ်ကိုကျတော့  Sneakers ဖိနပ်များနဲ့ တွဲဖက်ပြီး ဝတ်ဆင်ကြည့်လိုက်ပါ။ လူငယ်ဆန်တဲ့အသွင်ကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

တီရှပ်နဲ့ တွဲဖက် ဝတ်ဆင်ပါ

flannel fashion for men

ရှပ်အကွက်ဖက်ရှင်များနဲ့ လိုက်ဖက်တဲ့ နောက်ထပ် စတိုင်လ် တစ်မျိုးကတော့ တီရှပ်များနဲ့ တွဲဖက် ဝတ်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ တီရှပ်ကို အရောင် ရှုပ်တာတွေ မရွေးချင်ဘူးဆိုရင် တီရှပ်အဖြူနဲ့သာ တွဲဖက် ဝတ်ဆင်လိုက်ပါ။ ရိုးရှင်းပေမယ့် စတိုင်လ်ကျတာ ငြင်းလို့ မရပါဘူး။

ဟူဒီများနဲ့လည်း တွဲဖက် ဝတ်ဆင်နိုင်ပါသေးတယ်

flannel fashion for men

အောက်ကနေပြီး တီရှပ် ခံဝတ်ရတာ ရိုးအီနေပြီဆိုရင်တော့ နောက်ပုံစံတစ်မျိုး ပြောင်းလို့ ရပါသေးတယ်။ ထိုဖက်ရှင်ကတော့ အကွက် ရှပ်အင်္ကျီအောက်ကနေ ဟူဒီခံဝတ်တာပဲ ဖြစ်ပါတယ်။ ဒီစတိုင်လ်ကတော့ ကွီးတို့ကို လူငယ် ပိုဆန်စေမှာပါ။

ဆိုဒ်အကြီးကြီးတွေ ရွေးချယ် ဝတ်ဆင်ကြည့်ပါ

အကွက် ဖက်ရှင်

အကွက်ဖက်ရှင်တွေနဲ့ စတိုင်လ်အသစ်အသစ်တွေ ဖန်တီးကြတဲ့အခါ တစ်ဆိုဒ် ပိုကြီးတဲ့ အင်္ကျီများ ဝတ်ဆင်ပြီးလည်း ဖန်တီးကြပါသေးတယ်။ တစ်ဆိုင် ပိုကြီးတော့ ကွီးတို့လည်း ဝတ်ဆင်ရတာ သက်သောင့်သက်သာ ပိုဖြစ်ပါလိမ့်မယ်။

ဘောင်းဘီတိုများနဲ့ တွဲဖက်ဝတ်ဆင်ပါ

အကွက် ဖက်ရှင်

တချို့ ဘီးကျဲတွေက ဘောင်းဘီရှည်သာ ကြိုက်နှစ်သက်ကြပေမယ့် တချို့ကျတော့ ဘောင်းဘီတို ဖန်တွေပါ။ သူတို့အတွက် ဘောင်းဘီတိုတွေက ပထမ ဦးစားပေးပါပဲ။ ကွီးတို့က ဘောင်းဘီတို ဖန် ဆိုရင်တော့ အကွက် အင်္ကျီများကို ဘောင်းဘီတိုနဲ့ တွဲဖက် ဝတ်ဆင်ပြီးလည်း ရှိုးထုတ်နိုင်ပါသေးတယ်။

အရောင်များကို လိုက်ဖက်စွာ တွဲဖက် ဝတ်ဆင်တတ်ပါစေ

အကွက် ဖက်ရှင်

ကွီးတို့ အကွက် အင်္ကျီထဲမှာ ဘယ်လို ကာလာ Tone လေးတွေ ပါသလဲဆိုတာ အရင် လေ့လာကြည့်ပါ။ ဥပမာ နို့နှစ်ရောင်နဲ့ အညိုရောင်တို့ကို စပ်ထားတယ်ဆိုရင် ဘောင်းဘီကိုလည်း ထို နို့နှစ်ရောင် ဘောင်းဘီ (သို့) အညိုရောင် ဘောင်းဘီကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ ကွီးတို့ ဖက်ရှင်က ကြည့်ရတာ ရှုပ်ယှက်ခတ်မနေဘဲ ဖက်ရှင်ကျနေမှာပါ။

စမတ်ကျကျ ဝတ်ဆင်ချင်ရင် ဒီလိုဝတ်

အကွက် ဖက်ရှင်

ကွီးတို့က အကွက်ဖက်ရှင်ကို စမတ်ကျကျ ဝတ်ဆင်ချင်တာမျိုးလား။​ ဒါမျိုးရင်တော့ အောက်က အင်္ကျီကို ပိုလိုရှပ် (သို့) တီရှပ်နဲ့ အပေါ်ကနေ အကွက် ရှပ်တို့ကို ပေါင်းစပ် ဝတ်ဆင်ပြီး ဘောင်းဘီကိုတော့ စတိုင်လ်ပန်မျိုးနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒါဆိုရင်တော့ စမတ်ကျကျ ဖက်ရှင် Look မျိုးကို ပိုင်ဆိုင်နိုင်ပါပြီ။

ကွီးတို့ရော အကွက်ဖက်ရှင်တွေကို ဘယ်လိုမျိုးစတိုင်လ်တွေနဲ့ ရှိုးထုတ်လေ့ ရှိပါသလဲ။

Source: Fashionbeans.com

Featured Image: Realmenrealstyle