၇၅ ရာခိုင်နှုန်းသော လူတွေသည် သူတို့ရဲ့ အချစ်စစ်နဲ့ တွေ့ရှိဖို့ရန်အတွက် အခက်အခဲရှိနေကြပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။ အချို့လူတွေကတော့ အချစ်စစ်ကို စောစောစီးစီး ရှာဖွေတွေ့ရှိကြပြီး အချို့ကတော့ သူတို့ရဲ့မှားယွင်းနေတဲ့ အပြုအမူများကြောင့် အချစ်စစ်နှင့် ဝေးကွာနေရပါတယ်။ ကွီးတို့အနေနဲ့ အချစ်စစ် အချစ်မှန်ကို အမှန်တကယ် ပိုင်ဆိုင်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အမူ အကျင့် များကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
မိမိရဲ့ ပင်ကိုယ်စရိုက်များကို ဖုံးကွယ်ထားပြီး အတုအယောင်များနှင့် ဟန်ဆောင်နေခြင်း
တစ်ခါတစ်ရံမှာ ကျနော်တို့တွေသည် တစ်ဖက်လူက ကိုယ့်ကို စိတ်ဝင်စားလာအောင်၊ အထင်ကြီးလာအောင် ဟိတ်ကြီးဟန်ကြီးနှင့် ပြုမူနေထိုင်တတ်ကြပါတယ်။ ဒီလိုမျိုး ဟိတ်ကြီးဟန်ကြီးနဲ့ ပြုမူနေထိုင်ရခြင်းသည် ကိုယ့်ရဲ့ စရိုက်အမှန်ကို ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကို ပြသရမှာ ကြောက်ရွံ့နေတဲ့အခါ နှစ်ယောက်သားသည် ဘယ်လိုမှ နီးစပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ပုံစံအမှန်ကို ပြသဖို့ တွန့်ဆုတ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ရှက်ကြောက်မနေပါနဲ့။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ပါ။ သင့်ရဲ့ကောင်းကွက်များကို ပြန်သတိရကာ ကိုယ့်ရဲ့ပုံစံအမှန်အတိုင်း လှစ်ဟပြသလိုက်ပါ။
သင့်ရဲ့လက်တွဲဖော်အတွက် စံသတ်မှတ်ချက်က မြင့်လွန်းနေခြင်း
ကိုယ့်ရဲ့လက်တွဲဖော် ကောင်မလေးသည် ဘာဖြစ်ရမယ်။ ညာဖြစ်ရမယ်နဲ့ စံသတ်မှတ်ချက်တွေ မြင့်မားစွာ ထားရှိနေပြီလား။ ကိုယ့်ရဲ့ချစ်သူသည် လှပချောမောနေရမယ်၊ မျက်လုံး မျက်ဆန် လှပနေရပြီး ကိုယ်လုံး ကိုယ်ပေါက်ကလည်း မော်ဒယ်ရှုံးရမယ်၊ အရည်အချင်းရှိပြီး ပိုက်ဆံလည်း ချမ်းသာရမယ် စသည်ဖြင့် စံသတ်မှတ်ချက်တွေ မြင့်မားနေပြီဆိုရင်တော့ သေချာပါတယ်။ သင်သည် အချစ်စစ်နဲ့ ဘယ်တော့မှ ဆုံးဆည်းနိုင်မှာမဟုတ်ပါဘူး။
အချစ်စစ်ဆိုတာသည် တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ပဲ လိုအပ်တာပါ။ ဒါသည် အရိုးရှင်းဆုံးပါပဲ။ ကိုယ်က လူတစ်ယောက်ကို ချစ်ပေမယ့် စံသတ်မှတ်ချက်တွေ ထားရှိနေမယ်ဆိုရင်တော့ သင်သည် သူ့ကို အမှန်တကယ်ချစ်တာ မဟုတ်သေးပါဘူး။ ကိုယ့်ချစ်သူကို အမှန်တကယ်ချစ်တဲ့သူတွေသည် ကိုယ့်ချစ်သူက ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်နေပါစေ၊ ချစ်နေမြဲ၊ ချစ်နေဆဲပဲဖြစ်ပါတယ်။
သင်သည် ကိုယ် စိတ်ဝင်စားတဲ့ ကောင်မလေးနဲ့ ချိန်းတွေရမှာကို မဝံ့မရဲဖစ်နေခြင်း
အချို့ကျတော့လည်း ကိုယ် စိတ်ဝင်စားတဲ့ကောင်မလေးကို ဖွင့်ပြောပြဖို့ ဝန်မလေးပါဘူး။ သင်ရော ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးကို ဖွင့်ပြောပြဖို့ မဝံ့မရဲဖြစ်နေပါသလား။ တကယ့်အချစ်စစ်နဲ့ ဆုံးဆည်းချင်တယ်ဆိုရင်တော့ ထိုအပြုအမူကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ကိုယ်က အငြင်းခံရတယ်ဆိုရင်တောင်မှ နောက်တစ်ယောက်ကို ထပ်ရှာနိုင်သေးတယ်မဟုတ်လား။
သင့်ရဲ့စိတ်ခံစားချက် အစစ်အမှန်ကို ဖော်ပြရမှာ ကြောက်ရွံ့နေခြင်း
စောစောက ကိုယ် စိတ်ဝင်စားတဲ့ ကောင်မလေးကို ဖွင့်ပြောပြီး သူကလည်း ကိုယ့်ကို သဘောကျလို့ နှစ်ယောက်သာ ချိန်းတွေ့ကြတယ်ဆိုပါစို့။ ထိုအချိန်မှာလည်း ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ပြဖို့ မကြောက်ပါနဲ့။ သင့်ရဲ့ ခံစားချက်အစစ်အမှန်ကို ရဲရဲကြီးသာ ဖွင့်ပြောပြလိုက်ပါ။ ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ဒါမှသာ နှစ်ဦးသားသည် ပိုမိုနီးစပ်နိုင်မှာပဲဖြစ်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုနားလည်လာနိုင်မှသာလျှင် ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်ခရီးလမ်းသည်လည်း လှပလမှာပဲဖြစ်ပါတယ်။
ကိုယ့်ဘေးပတ်ဝန်းကျင်က လူများကို အာရုံမစိုက်ခြင်း
တစ်ခါတစ်ရံမှာလည်း ကိုယ့်ဘေးနားက ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းများကို သေသေချာချာ အာရုံစိုက်ဖို့လိုအပ်ပါတယ်။ သင့်အပေါ်မှာ သင့်ကို သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်မျိုး ခံစားနေရတဲ့သူလည်း ရှိနိုင်ပါတယ်။ သင်က ထိုတစ်စုံတစ်ယောက်ကို အတင်းအကြပ်ကြီး စိတ်ဝင်စားနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကိုလည်း သေသေချာချာ အာရုံစိုက်ကြည့်လိုက်ပါ။ သူတို့ရဲ့ ကောင်းတဲ့အချက်တွေကို လေ့လာကြည့်ရင်း သင်သည်လည်း စိတ်ဝင်စားချင် စိတ်ဝင်စားလာမှာပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခြင်း
ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ သင်သည် သင့်ကိုယ်သင် မချစ်ဘူးဆိုရင် ဘယ်သူကမှ သင့်ကို တန်ဖိုးထားမှာ၊ ချစ်ခင်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ ကိုယ့်ရဲ့အားနည်းချက်တွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ချစ်ခင်တဲ့အခါ ကိုယ့်ရဲ့လက်တွဲဖော်သည်လည်း ကိုယ့်အပြုအမူကို သတိထားမိလာပြီး သင့်အပေါ်မှာ အချစ်တိုးလာမှာပဲဖြစ်ပါတယ်။
ထိုအချက်များသည် အချစ်စစ် ကို ရှာဖွေတွေ့ရှိချင်သူများအတွက် ရှောင်ကြဉ်သင့်တဲ့ အမူ အကျင့် များပဲဖြစ်ပါတယ်။ တကယ့် အချစ်စစ်ကို ရှာဖွေတွေ့ရှိပြီး သာယာပျော်ရွှင်ရတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားခြင်းသည် ဘဝအတွက်လည်း အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေပါတယ်။
တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကာ အနာဂတ်တိုးတက်လာအောင် ကြိုးစားစေခြင်း
လူသားတိုင်းသည် ဘဝခရီးကြမ်းကို တစ်ယောက်တည်း လျှောက်လှမ်းရတဲ့အခါ တစ်ခါတစ်ရံမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေ ပြိုလဲရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ထိုအချိန်မျိုးမှာ အခြားတစ်ယောက်က အားပေးမယ်၊ ကူညီဖေးမပေးမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်သည် အကောင်းမွန်ဆုံး အဖော်မွန်၊ ဘဝလက်တွဲဖော်တွေ ဖြစ်လာမှာပါ။
စိတ်ဖိစီးမှုများ ပြေလျော့စေခြင်း
ရုံးမှာ အင်မတန် ခက်ခဲပင်ပန်းတဲ့ နေ့ရက်တစ်ရက် ပိုင်ဆိုင်ထားရတယ်ဆိုပါစို့။ ရုံးဆင်းချိန်မှာပဲဖြစ်ဖြစ်၊ အိမ်ပြန်ရောက်တဲ့အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်သူက အပြုံးနဲ့ စောင့်ကြိုနေမယ်ဆိုရင် စောစောက ခံစားနေရတဲ့ စိတ်ညစ်စရာများ ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော သာယာပျော်ရွှင်ရတဲ့ အချစ်ရေးကြောင့် လက်ရှိအချိန်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ခံစားနေရပါသလဲ။
Source: Brightside.me
Featured Image: Love Panky