အမျိုးသား ၅ ယောက်မှာ ၁ ယောက်လောက် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု ရှိပါတယ်။ ထိုပြဿနာကတော့ လိင်စိတ် အာသီသတပ်မက်မှု ကင်းမဲ့နေခြင်းပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ကြုံတွေ့နေရခြင်းသည် အလုပ်က စိတ်ဖိစီးမှုများကြောင့် သော်လည်းကောင်း၊ ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာများကြောင့် သော်လည်းကောင်း၊ အခြားသော အဖက်ဖက်က ထိုးနှက်မှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဟိုစိတ် ဒီစိတ်တွေ ပျောက်နေတာ တော်တော်ကြာပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိနေပြီလား။ အချစ်စိတ် တွေ နိုးကြွ လာအောင် ဘယ်လိုလုပ်ယူရမလဲဆိုပြီး စဥ်းစားရကြပ်နေပါသလား။
ဒါဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးချနိုင်ပါတယ်။
စိတ်ဖိစီးမှုများကို လျော့ချပါ
ကိုယ့်ဆီမှာ ဘာတွေ စိတ်ညစ်စရာရှိသလဲ။ အလုပ်ကြောင့် စိတ်ညစ်နေရသလား၊ ဒါမှမဟုတ် ကိုယ်ရေး ကိုယ်တာ ပြဿနာများကြောင့် စိတ်ဖိစီးနေရပါသလား။ ကိုယ် စိတ်ညစ်စရာများကို ခေါင်းထဲမှာ တွေးထားနေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ စိတ်ထဲမှာ အချစ်စိတ်တွေ ဟိုစိတ် ဒီစိတ်တွေ လျော့နည်းသွားပြီး ကြာလာရင် စိတ်ကျရောဂါသာ ခံစားရမှာပဲဖြစ်ပါတယ်။
အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ
ကွီးတို့ရဲ့ Relationship မှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မပြောပြတဲ့အရာများ ရှိနေနိုင်သလား။ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲမှာ ရှိတဲ့ အစိုင်အခဲများကြောင့် အချစ်စိတ်တွေက မှေးမှိန်ပျောက်ကွယ် သွားတာလား။ ဒါဆိုရင်တော့ ကွီးတို့ နှစ်ယောက်ကြားထဲက အစိုင်အခဲ အဖုအထစ်များကို သေသေချာချာ ရှင်းပစ်ဖို့ လိုအပ်ပါပြီ။
အိပ်ရေး ဝဝ အိပ်စက်အနားယူပါ
အိပ်ရေးပျက်ညတွေ များလာပြီဆိုရင် သတိထားဖို့ လိုအပ်နေပါပြီ။ လူက ပင်ပန်းလွန်းတဲ့အခါ စိတ်လည်း အလိုလို ပင်ပန်းလာပြီး ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ အိပ်ရေး ဝဝ အိပ်စက်အနားယူမှသာလျှင် ခွန်အားရှိလာမှာဖြစ်ပြီး စွမ်းဆောင်ရည် တိုးလာမှာပဲ ဖြစ်ပါတယ်။
Relationship ပြဿနာများ ရှိ မရှိ လေ့လာပါ
ဘာ့ကြောင့် ဟိုစိတ် ဒီစိတ်တွေ ပျောက်နေရသလဲ။ ကွီးတို့ နှစ်ဦးကြားထဲမှာ Relationship ပြဿနာများ ရှိနေပါသလား။ Relationship ပြဿနာများ ရှိတယ်ဆိုရင် မြန်မြန် ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။ ကြုံတွေ့နေရတဲ့ ပြဿနာများပေါ် မူတည်ပြီး ဖြေရှင်းနည်းများလည်း အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ ဖဲမွေ့ရာထက်မှာ နှစ်ယောက်သား အပေးအယူ မမျှတဲ့ ကိစ္စမျိုးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ တစ်ယောက်ကို တစ်ယောက် သိနားလည်နိုင်မှာဖြစ်ပြီး အပေးအယူမျှမှာပဲ ဖြစ်ပါတယ်။
Sex Education အကြောင်းကိုလည်း သိနားလည်အောင် ပြုလုပ်ပါ
ကျွန်တော်တို့နိုင်ငံသည် Sex Education နဲ့ ပတ်သက်လာရင် အားနည်းနေတာက အမှန်ပါပဲ။ ဒါ့ကြောင့်လည်း မလိုလားအပ်တဲ့ လူမှုရေး ပြဿနာများ၊ ကျန်းမာရေး ပြဿနာများကို ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့မှာသာ လုံလောက်တဲ့ Sex Education အသိပညာသာရှိမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာများကို ရှောင်ကြဥ်နိုင်မှာဖြစ်ပြီး Safe အဖြစ်ဆုံး နည်းလမ်းနဲ့ ပျော်ရွှင်နိုင်မှာပဲ ဖြစ်ပါတယ်။
ရုပ်ရှင်တွေရဲ့ အကူအညီရယူပါ
ကွီးတို့စိတ်ထဲမှာ ဟိုစိတ် ဒီစိတ်တွေ (လုံးဝ) မရှိတော့တာ သေချာပြီလား။ ဒါဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားများနှင့် ပြန်လည်ကုစားနိုင်ပါတယ်။ ၁၈ နှစ်ကျော်မှ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတွေသည် ကွီးတို့ရဲ့ အချစ်စိတ် ကို နိုးကြွ လာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း ကိုယ့် လက်တွဲဖော်ကို ဦးဆောင်ခိုင်းပါ။ ကိုယ်ကပဲ ဦးဆောင်တာထက်စာရင် သူ့ကို ဦးဆောင်ခိုင်းမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အချစ်စိတ် တွေ အလိုလို နိုးကြွ လာမှာပဲဖြစ်ပါတယ်။
Source: Marham
Featured Image: Freepik