ချစ်မှုရေးရာ ခရီးလေးတွေဟာ နှစ်ဦးသား တက်ညီလက်ညီနဲ့ လှေခတ်မှ ခရီးပိုတွင်စေတာပါ။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ချစ်မှုရေးရာအတွေ့အကြုံတွေ ခံစားရရှိစေဖို့ သူရောကိုယ်ပါ အချစ်ပင်လယ်ထဲ စီးဝင်နစ်မြောနေဖို့ လိုပါတယ်။ ဒီနေရာမှာ ကွီးတို့ ယောကျာ်းလေးတွေအနေနဲ့ ရှေ့ကနေ ဦးဆောင်ပြီး ကိုယ့်ပါတနာရဲ့ အချစ်စိတ် လေးတွေကို နှိုးကြားတက်ကြွလာအောင် လှုံဆော်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကွီးတို့အတွက် ကိုယ့်ပါတနာရဲ့ အချစ်စိတ်လေးတွေကို နိုးကြားအောင် ဘယ်လိုဘယ်ပုံ နှိုးဆွလှုံ့ဆော်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) အခန်းအနေအထား ရယ်ဒီဖြစ်ပါစေ

Couple

Photo : VistaCreate

ချစ်ပွဲတွေဝင်တဲ့အခါ ယောကျာ်းလေး အများစုက စွမ်းရည်ဆောင်ပိုင်းကိုပဲ ပိုဦးစားပေး ပြင်ဆင်ကြတာများပါတယ်။ တကယ်တော့ စွမ်းဆောင်ရည်နဲ့နည်းတူ သက်တောင့်သက်သာရှိပြီး ကိုယ့်ပါတနာရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်မယ့် ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးပေးဖို့လည်း လိုပါတယ်။ ဒါကတော့ အခန်းအနေအထားပါ။ ချစ်ပွဲဝင်ကြမယ့် အိပ်ခန်းပတ်ဝန်းကျင်လေးဟာ ရိုမန်တစ်ဆန်ပြီး Sexy ကျနေသင့်ပါတယ်။ ဥပမာပြောရရင် ရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းထားတာ ၊ ဝိုင်ခွက်လေးတွေ အသင့်ပြင်ထားတာ ၊ ပန်းလေးတွေနဲ့ အလှဆင်ထားတာမျိုးပါ။ ဒါဟာ သင့်ချစ်သူ/ပါတနာရဲ့ ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေကို အရှိန်မြှင့်ပေးပြီး သူမရဲ့ အချစ်စိတ် တွေ ပိုမိုနှိုးကြားလာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ဖြည်းဖြည်းနဲ့ နှေးနှေးသွားပါ

Couple in bed

Photo : Women’s Health Interactive

စောဖိုးခွားရဲ့သီချင်းလေးလိုပါပဲ ” ဖြေးဖြေးလေးပဲ ကောင်းပါတယ်”။ ဟုတ်ပါတယ် ရင်ခုန်သံချင်း ကြိုးညှိကြတဲ့အခါ ဖြည်းဖြည်းနဲ့ နှေးနှေးလေးပဲ သွားတာက ရင်ခုန်သံတွေကို တစ်ရစ်ချင်း တန်ပိုမြှင့်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အဝတ်အစားချွတ်တာကအစ အထိအတွေ့ အပွတ်အသတ် ၊ ကြင်နာအနမ်းလေးတွေ ပေးတာအဆုံး  ဖြည်းဖြည်းနဲ့ တဆင့်ပြီးတဆင့် လှုပ်ရှားသွားတာက သူမရဲ့ ရင်ခုန်သံတွေကို ပိုမြန်လာစေပြီး အချစ်စိတ် တွေ တဖွားဖွား နှိုးကြားလာစေမှာ ဖြစ်ပါတယ်။

(၃) တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ

woman in bathroom

Photo : POPSUGAR

ဒီအချက်ကတော့ အရေးကြီးဆုံး လိုက်နာရမယ့် အချက်တစ်ခုပါပဲ။ ကွီးတို့ရဲ့ ပါတနာက ကွီးတို့ကို စွဲငြိအောင် ဆွဲဆောင်နိုင်ဖို့ တစ်ကိုယ်ရည် သန့်ရှင်းမှုက အဓိကကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အချစ်ပင်လယ်ကြီးထဲ အတူတူ နစ်ဝင်စီးမြောဖို့ အချိန်ပိုင်း အလိုလောက်ကတည်းက တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သတ်ပြီး အားလုံး ရယ်ဒီဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အနံ့အသက်ဆိုးတွေကင်းပြီး ကိုယ်နံ့လေး သင်းပျံ့လတ်ဆတ်နေအောင် ပြင်ဆင်ထားခြင်းက သူမရဲ့ အချစ်စိတ် ကို နှိုးဆွဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ပွဲမဝင်ခင် သန့်ရှင်းမှုအတွက် အတူတူ ရေချိုးသန့်စင်ခြင်းကလည်း ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်ကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၄) ချောဆီတွေကို မေ့မထားပါနဲ့

Couple Hands

Photo : www.self.com

ချောဆီတွေဟာ ထိုးသွင်းဆက်ဆံချိန်မှာ သုံးလို့ရတာ မဟုတ်ပါဘူး။ ဖိုးပလေးမှာ ချောဆီသုံးပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်က အချစ်ရဲ့ ခလုတ်တွေကို လိုက်လံဖွင့်ပေးလို့ ရပါတယ်။ ဥပမာ အားဖြင့် သူမရဲ့ ပေါင်တံလေးကို ချောဆီလိမ်းပြီး ပွတ်သတ်နှိပ်နယ် ပေးတာမျိုး ၊ သူမရဲ့ လက်ကလေးတွေ ၊ လည်တိုင်လေးနဲ့ ရင်သားတွေကို ချောဆီလိမ်းပြီး ပွတ်သတ်နှိုးဆွပေးတာမျိုး စတဲ့နည်းလေးတွေနဲ့ သူမရဲ့ အချစ်စိတ် တွေ တဟုန်ထိုး နှိုးကြားလာအောင် နှိုးဆွပေးလို့ ရပါတယ်။

Featured Photo : Trigg Laboratories