ရုပ်ရှင်တွေဆိုရင် ရိုမန့်တွေ ၊ ဒရမ်မာတွေ ၊ အချစ်အလွမ်း တွေ မကြိုက်ဘူး ၊ ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့ အမှန်အကန် ဖိုက်မယ့် ဇာတ်ကားတွေမှ ကြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်တစ်ကားစာ အချိန်ကုန်ရကျိုး နပ်စေမယ့် အမိုက်စား အက်ရှင်ဇာတ်ကားကောင်းတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Allied (2016)

Source : Rotten Tomatoes Trailers

Allied (2016) ဇာတ်ကားလေးကတော့ မင်းသားကြီး Brad Pitt နဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့ အတွဲညီညီ တွဲဖက်သရုပ်ဆောင်ထားတဲ့ War/Thriller ဇာတ်ကားကောင်းတစ်ကားပါ။ စပိုင်ဇာတ်လမ်းတွေ စိတ်ကြိုက်စားတဲ့ ကွီးတို့ သေချာပေါက် အကြိုက်တွေ့မှာဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်တည်ထားပုံက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားက IMDb Rating 7.1/10 အထိ ရရှိထားပါတယ်။

(၂) Tropic Thunder (2008)

Source : Rotten Tomatoes Classic Trailers

Tropic Thunder (2008) ကတော့ လုံးဝနာမည်ကြီး ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေ တစ်စုတစ်စည်းထဲ မြင်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ စစ်ကားကိုမှ အမှန်အကန်ရယ်ရမယ့် ဟာသဇာတ်ဝင်ခန်းတွေနဲ့ Comedy/War ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကလည်း IMDb Rating 7.1/10 ရရှိထားပါတယ်။

(၃) Flags of Our Fathers (2006)

Source : Rotten Tomatoes Classic Trailers

Flags of Our Fathers (2006) ဇာတ်ကားကတော့ အချစ်အလွမ်း တွေ မပါတဲ့ စစ်ကားကောင်းကောင်း ကြည့်ချင်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လုံးဝအကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ အရေးပါဆုံးနဲ့ အကြီးမြတ်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ Iwo Jima ကျွန်းကို အမေရိကန်စစ်သား တက်ရောက်သိမ်းပိုက်တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်ကို မှီငြမ်းပြီး ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပါတယ်။ စစ်ကားကောင်းကြိုက်တယ်ဆိုရင်တော့ လုံးဝကြည့်ကိုကြည့်သင့်တဲ့ War/Action ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားလေးကလည်း IMDb Rating 7.1/10 ရရှိထားပါတယ်။

(၄) Gladiator (2000)

Source : Paramount Movies

Gladiator (2000) ဇာတ်ကားကတော့ အချစ်အလွမ်း တွေရဲ့ ဆန့်ကျင်ဘက် သွေးသံရဲရဲ တိုက်ခိုက်သတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ Action/Adventure ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Russell Crowe ဟာ အင်ပါယာပြည့်ရှင်မင်းရဲ့ အဓိကလက်ရုံးတော် စစ်သူကြီး မက်စီမက် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရောမခေတ်ရဲ့ စစ်ရေး ၊ နိုင်ငံရေး အုပ်ချုပ်မှုပုံစံတွေနဲ့ ရောမရဲ့အထင်ကရ သတ်ကွင်းထဲက ရက်စက်ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.5/10 အထိ ရရှိထားပါတယ်။

Source : MovieWeb

Featured Photo : IMDb