ဖေဖော်ဝါရီလကတော့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လပဲဖြစ်ပါတယ်။ ချစ်သူများနေ့ကိုလည်း ချစ်ရသူတွေနဲ့ အတူတူ ဖြတ်သန်းရင်း အဓိပ္ပါယ် ရှိတဲ့ နေ့လေးတစ်နေ့ဖြစ်အောင် ဖန်တီးလေ့ရှိကြပါတယ်။ ဒီလိုမျိုး အချစ် တွေနဲ့ ပြည့်နှက်နေတဲ့ ဖေဖော်ဝါရီလလေးမှာ အချစ် ဇာတ်ကား ကောင်းကောင်းလေးတွေ ကြည့်ရှုရင်း တန်ဖိုးရှိတဲ့ အချိန်လေးကို မဖြတ်သန်းချင်ဘူးလား။
ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အချစ် ဇာတ်ကား များကို ကြည့်ရှုနိုင်ပါတယ်။

(၁) Pride & Prejudice

ဒီဇာတ်ကားလေးကတော့ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb ၇.၈ တောင် ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

Elizabeth Bonnet သည် သူ့ရဲ့ အမေ၊ အဖေ၊ ညီအစ်မတွေနဲ့ ကျေးလက်တောရွာလေး တစ်ရွာမှာ ပျော်ပျော်ပါးပါး နေထိုင်လျက်ရှိပါတယ်။ ဒါပေမဲ့ အကြီးဆုံးဆိုတော့ သူ့မိဘတွေက လက်ထပ်ဖို့ အတင်း ဖိအားပေးနေပါတယ်။ ဒီလိုနဲ့ပဲ အထက်တန်းလွှာက ရုပ်ချောချောအမျိုးသားတစ်ဦးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။

ဇာတ်လမ်းအမြည်းလေးကို ခံစား ကြည့်ရှုကြည့်ပါဦး။

Source: Focus Features

(၂) 10 Things I Hate About You

ဒီဇာတ်ကားလေးကလည်း IMDb 7.3 တောင် ရရှိထားတာပဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပေမယ့် ယနေ့ထိတိုင် ကြည့်လို့ကောင်းနေဆဲပဲ ဖြစ်ပါတယ်။

Source: Rotten Tomatoes Classic Trailers

(၃) Sleepless in Seattle

Sam ဆိုတဲ့ အမျိုးသားတစ်ဦးသည် သူ့ရဲ့ အမျိုးသမီး သေဆုံးသွားတဲ့နောက်မှာတော့ သူ့ရဲ့ သားဖြစ်သူ Jonah နဲ့အတူတူ Seattle မြို့သို့ ပြောင်းရွှေ့လာခဲ့ပါတော့တယ်။ တစ်နေ့မှာတော့ သားဖြစ်သူ Jonah က သူ့အဖေအတွက် မိန်းမ အသစ် ရှာပေးဖို့ဆိုပြီး ရေဒီယို အစီအစဥ်ကို လှမ်းပြီး ဖုန်းဆက်ပါတော့တယ်။ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ကွီးတို့ကိုယ်တိုင်ပဲ ဇာတ်လမ်းအစ အဆုံး ကြည့်ရှုလိုက်ပါဦး။

Source: Rotten Tomatoes Classic Trailers

(၄) Love, Simon

ဒီဇာတ်ကားလေးကတော့ IMDb 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ Simon Spier ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးသည် လိင်တူချင်း စိတ်ဝင်စားတဲ့ ဂေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့မိသားစုကို ပြောပြမထားပါဘူး။ သူကိုယ်တိုင်လည်း သူ့ရဲ့စိတ်နေသဘောထားကို မသိသေးပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေ အခြားကောင်လေးတစ်ယောက်နဲ့ စကား အတူတူ ပြောနေရင်း သံယောဇဥ်တွေ ဖြစ်သွားတဲ့နောက်မှာတော့ Simon တစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လို ရင်ဆိုင်မလဲ။

Source: 20th Century Studios

(၅) A Walk to Remember

အချစ် ဇာတ်ကား ကောင်းကောင်းလေးကို ကြည့်ချင်တဲ့ ကွီးတို့အတွက် A Walk to Remember ကလည်း ကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်နေတဲ့အချိန်မှာ တစ်သျှူးတော့ ဆောင်ထားဖို့ လိုပါလိမ့်မယ်။

Source: Rotten Tomatoes Classic Trailers

(၆) Crazy Rich Asians

Rachel Chu သည် သူ့ရဲ့ ရည်းစားဖြစ်သူ Nick နဲ့အတူ Nick ရဲ့ သူငယ်ချင်းမင်္ဂလာဆောင်ပွဲသို့ တက်ရောက်ဖို့ရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုအချိန်ကျမှ သူ့ရည်းစားက တကယ့်ကို ဒိတ်ဒိတ်ကြဲ သူဌေးသားတစ်ယောက်ဖြစ်တယ်ဆိုတာကို Rachel တစ်ယောက် သိရှိသွားပါတယ်။ Nick အမေကလည်း သူ့ရဲ့ သားကို Rachel နဲ့ သဘောမတူတဲ့ အရိပ်အယောင်တွေ ပြပါတော့တယ်။ ဒီဇာတ်ကားကို မကြည့်ဖူးဘူးဆိုရင်တော့ ကွီးတို့က တော်တော်လေးကို ခေတ်နောက်ကျသွားပါပြီ။

Source: Warner Bros. Pictures

(၇) La La Land

IMDb အများကြီးရထားတဲ့ နောက်ထပ် ဇာတ်ကားကောင်းတစ်ကားကိုပါ ကြည့်ချင်တယ်ဆိုရင်တော့ La La Land ကို ကြည့်ရှုသင့်ပါတယ်။ IMDb 8 တောင် ရထားတာဆိုတော့ ဇာတ်ကား ကောင်းလား မကောင်းဘူးလားဆိုတာကို ကွီးတို့ ကိုယ်တိုင် ကြည့်ရှုပြီး ဆုံးဖြတ်လိုက်ပါတော့။

Source: Lionsgate Movies

(၈) Titanic

အချစ် ဇာတ်ကားတွေလို့ ပြောလိုက်ရင် Titanic ဇာတ်ကားကိုလည်း မေ့မထားသင့်ပါဘူး။ နှစ်တွေ ဘယ်လောက်ကြာကြာ ဒီဇာတ်ကားလေးကတော့ ဘယ်တော့မှ ရိုးမသွားမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: 20th Century Studios

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့်ဖူးပြီးသွားပါပြီလဲ။

Source : Oprahdaily

Featured Photo : Picjumbo