ချစ်တင်းနှော တာဟာ ခံစားမှုကောင်းမွန်စေတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ နာကျင်မှုဝေဒနာကိုလည်း ရံဖန်ရံခါ ခံစားရတက်ပါတယ်။ အဓိအားဖြင့်တော့ လွဲမှားတဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေ ၊ ကြမ်းတမ်းပြင်းထန်တဲ့ လှုပ်ရှားမှုတွေကနေတဆင့် လိင်တံ ဒါမှမဟုတ် မိန်းမကိုယ် စတဲ့ လိင်အင်္ဂါတွေမှာ ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြေများပြီး တဆက်တည်းမှာပဲ နာကျင်မှုဝေဒနာကို ခံစားရတက်တာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စုံတွဲတွေမှာ အဖြစ်များတဲ့ လိင်မှုဆိုင်ရာ ဒဏ်ရာအနာတရတွေနဲ့ နာကျင် မှုကို ဖြစ်စေတက်တဲ့ အခြားအန္တရာယ်ရှိတဲ့ လိင်မှုရေးရာ လုပ်ဆောင်ချက်တွေကို သတိထား ရှောင်ရှားနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

(၁) မိန်းမကိုယ် သို့မဟုတ် စအို သွေးထွက်ခြင်း

Tears to the Vagina or Anus

Photo : Web MD

အမျိုးသမီးတွေမှာဆိုရင် ပထမဆုံးအကြိမ် ချစ်တင်းနှော တဲ့အခါ အပျိုမြှေး လို့ခေါ်တဲ့ (Hymen) ပျောက်ပြဲခြင်းကြောင့် နာကျင် မှုကို ခံစားရတက်သလို မိန်းမကိုယ်ကနေ သွေးထွက်နိုင်ပါတယ်။ အလားတူပါပဲ မိန်းမကိုယ် သို့မဟုတ် စအိုနဲ့ ကြမ်းကြမ်းတမ်းတမ်း ချစ်တင်းနှောတဲ့အခါ မိန်းမအင်္ဂါ ဒါမှမဟုတ် စအိုအတွင်းပိုင်းက ထိရှလွယ်နူးညံတဲ့ တစ်သျူးတွေကို ထိခိုက်ပွန်းပဲ့စေတာကြောင့် ပြင်းပြင်းထန်ထန် နာကျင်မှုခံစားရစေတက်သလို သွေးထွက်တဲ့ အခြေအနေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ ချစ်တင်းနှောတဲ့အခါ ပွန်းပဲ့ထိခိုက် ဒဏ်ရာတွေ ရနိုင်ခြေနည်းစေဖို့ ချောမွေ့မှု ပိုကောင်းစေမယ့် ရေအခြေခံ ချောဆီတွေကို မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။

(၂) လိင်တံကျိုးခြင်း

A Broken Penis

Photo : Web MD

ဒါဟာ အဖြစ်နည်းတဲ့ ပြဿနာတစ်ခု ဆိုပေမယ့်လည်း အမျိုးသားတွေအနေနဲ့ သတိထားဖို့ လိုပါတယ်။ အမျိုးသားတွေရဲ့ ဖွားဖက်တော်ဟာ ကျန်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလို အရိုးမရှိပေမယ့် ထောင်မတ်နေချိန်မှာ သွေးတွေနဲ့ ပြည့်ပြီး တင်းမာနေတာကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်မိတာ ၊ ချစ်တင်းနှော နေစဉ် ချော်ထိုးမိတာတွေ ဖြစ်မယ်ဆိုရင် လိင်တံကျိုးတဲ့ အခြေအနေ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ လိင်တံကျိုးပြီဆိုရင် “ဂျွတ်” ကနဲ သိသာထင်ရှားတဲ့ အသံထွက်ခြင်း ၊ ဖွားဖက်တော် ရောင်ရမ်းခြင်းနဲ့ ပြင်းပြင်းထန်ထန် နာကျင် ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတက်ပါတယ်။

(၃) အရေပြား ပွန်းပဲ့ခြင်း

Carpet Burn

Photo : Web MD

အရေပြား ပွန်းပဲ့ နာကျင် တဲ့ ပြဿနာကတော့ ချစ်တင်းနှော တဲ့နေရာနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဥပမာအားဖြင့် ကြမ်းပြင်ပေါ် ဒါမှမဟုတ် မျက်နှာပြင်ကြမ်းတမ်းတဲ့ ကော်ဇော သို့မဟုတ် အိပ်ရာအခင်းတွေပေါ်မှာ ချစ်တင်းနှော တဲ့အခါ ပွတ်တိုက်မှုကြောင့် နောက်ကျော ၊ ဒူး ၊ တင်ပါးနဲ့ အခြားသော ခန္ဓာကိုယ်အပေါ်ယံ အရေပြားပေါ်မှာ ပွန်းပဲ့ဒဏ်ရာ ၊ မီးလောင်ဒဏ်ရာကဲ့သို့ နာကျင်မှု ဖြစ်စေတဲ့ ပြင်ပဒဏ်ရာ အနာတရတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေ ထိုးသွင်းဆက်ဆံခြင်း

Stuck Foreign Objects

Photo : Web MD

ချစ်တင်းနှောချိန်မှာ ပုံမှန်နဲ့မတူကွဲပြားတဲ့ ခံစားမှုအတွေ့အကြုံအသစ်တွေ ရရှိခံစားနိုင်ဖို့ လူကြီးကစားစရာ Sex Toys တွေဟာ အဓိက ကူညီပေးနိုင်ပါတယ်။ သို့သော်လည်း လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် သီးသန့်ဒီဇိုင်း ထုတ်ထားတဲ့ Sex Toys တွေကို မသုံးပဲ ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေ ဥပမာအားဖြင့် အသီးအနှံတွေ ၊ လျှပ်စစ် သွားတိုက်တံ ၊ Roll-on ဗူးကဲ့သို့ အသုံးဆောင်ပစ္စည်းတွေနဲ့ အခြား အိမ်သုံးအရာဝတ္တု တစ်ခုခုကို အသုံးပြုမယ်ဆိုရင် လိင်အင်္ဂါမှာ ထိခိုက်ဒဏ်ရာ ရရှိစေနိုင်သလို ဘတ်တီးရီးယား ပိုးဝင်ခြင်း ၊ ရောဂါပိုး ကူးစက်ခံရနိုင်ခြင်း စတာတွေပါ ဖြစ်ပွားနိုင်ပါတယ်။

(၅) လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါများ ဖြစ်ပွားခြင်း

Sexually Transmitted Infection (STI)

Photo : Web MD

Sexually Transmitted Infection (STI) လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေဟာ လည်း နာကျင် မှုကို ဖြစ်ပေါ်စေတက်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ဆီးပူညောင်းကျရောဂါ ၊ ကလဲမိုက်ဒီးယား ၊ လိင်အင်္ဂါရေယုန်နဲ့ ဆစ်ဖလစ် အပါအဝင် အခြားသော ကာလသားရောဂါတွေဟာ လိင်အင်္ဂါ ၊ ပါးစပ်နဲ့ စအို ဧရိယာတဝိုက်မှာ အဖုအပိန့်နဲ့အနာများ ဖြစ်ပွားခြင်း ၊ ဆီးသွားချိန်မှာ နာကျင်ခြင်း ၊ လိင်အင်္ဂါကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းခြင်း ၊ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်း စတဲ့ ရောဂါလက္ခဏာ အခြေအနေတွေကို ဖြစ်ပွားစေတက်ပါတယ်။

Source :Web MD

Featured Photo : MedicalNewsToday