သောက်လေ သောက်လေ ငတ်မပြေတဲ့အရာတွေထဲမှာ ပင်လယ်ရေပြီးရင် နောက်တစ်ခုက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ ဘယ်လောက်ပဲ ရရှိပိုင်ဆိုင်ထားပါစေ၊ ထပ်တလဲလဲ လိုချင်တပ်မက်နေတဲ့အရာက ဘာဖြစ်မလဲ……. ကွီးတို့ ထိုအရာကို တွေးနေတယ်ဆိုရင်တော့ ကွီးတို့ တွေးနေတာမှန်ပါတယ်။ ဒါပေမဲ့ အပြောကျယ်လှတဲ့ အချစ် ပင်လယ်ကြီးထဲမှာ တူနှစ်ကိုယ် ရွက်လွှင့် တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များရှိပါတယ်။​ ဒါမှ နှစ်ဦးသားစလုံး စိတ်ကြည်နူးမှုကို ခံစားရမှာပဲဖြစ်ပါတယ်။

အချစ် ပင်လယ်ကြီးထဲမှာ တူနှစ်ကိုယ် ရွက်လွှင့် တော့မယ်ဆိုရင် ဘယ်အချက်တွေကို သိထားသင့်သလဲ။

သဘောတူညီချက်ထားရှိပါ

couple in bed

နှစ်ဦးသားစလုံး သဘောတူညီချက်တစ်ခု ထားရှိရပါတယ်။ ဥပမာ ဆိုကြပါစို့။ တစ်ပတ်ကို တစ်ကြိမ်လောက် ရွက်လွှင့်ကြမယ်ဆိုရင် ထိုနေ့မှာ ဘယ်လောက်အလုပ်များနေပါစေ၊ အချိန်ဖယ်ပေးထားတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါမှသာ အချိန်ကြာလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်မသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက် စိတ်မပါဘူးဆိုရင် ကိုယ့်ဘက်က သူ့ရဲ့ စိတ်ဆန္ဒကို လေးစားကာ အတင်းအကြပ် လုပ်ယူတာမျိုးတွေကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ နို့မဟုတ်ရင်တော့ ဘယ်လောက်ပဲ လက်ထပ်ထားတယ်ပဲဆိုဆို၊ အိမ်တွင်းအကြမ်းဖက်ရာ ရောက်တယ်ဆိုတာကို သတိချပ်ထားသင့်ပါတယ်။

အာရုံငါးပါးကို လက်တွေ့အသုံးချပါ

အချစ် ရွက်လွှင့်

အောင်မြင်တဲ့ ရွက်လွှင့်မှုတစ်ခု ဖြစ်တည်ဖို့အတွက် ကွီးတို့ရဲ့ အာရုံငါးပါးကို အသုံးချဖို့ လိုအပ်ပါတယ်။ လိင်ကိစ္စ ပြီးမြောက်ဖို့အတွက် အထိအတွေ့တစ်ခုတည်းသာ အသုံးဝင်တာမဟုတ်ပါဘူး။ အနံ့ခံအာရုံ၊ အကြားအာရုံတို့ကိုလည်း အသုံးချနိုင်ပါတယ်။ ဥပမာ မွှေးရနံ့သင်းကာ ရိုမန့်တစ်ဆန်တဲ့ ဖယောင်းတိုင် ထွန်းထားတာမျိုး၊ သာယာငြိမ့်ညောင်းတဲ့ နောက်ခံတီးလုံးသံလေး ဖွင့်ထားတာမျိုး စတာတွေသည်လည်း ကွီးတို့ကို စိတ်ပါလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရနံ့သင်းပျံ့တဲ့ ဆီမွှေးကို အသုံးပြုကာ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးခြင်းသည်လည်း ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အရသာရှိတဲ့ အစားအစာများကို ရိုမန့်တစ်ဆန်ဆန် ခွံ့ကျွေးရင်းလည်း အစပြုနိုင်ပါသေးတယ်။ နည်းလမ်းမျိုးစုံ စမ်းကြည့်ပြီး အချစ် ပင်လယ်ကြီးထဲ ရွက်လွှင့် နိုင်ပါတယ်။

လူကြီးအရုပ်များကို အသုံးပြုပါ

အချစ် ရွက်လွှင့်

ဒီအရုပ်တွေကတော့ ကွီးတို့ကို ကူညီပေးမယ့် လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ပစ္စည်းတွေကိုတော့ အွန်လိုင်းကလည်း ဝယ်ယူနိုင်ပါတယ်။ ပစ္စည်းတစ်ခုဝယ်ဖို့ ဈေးကြီး ပေးဝယ်စရာလည်း မလိုပါဘူး။ ကွီးတို့သာ လက်ထဲရှိတဲ့ ပစ္စည်းကို သေချာအသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ပင်လယ်ပြင် ခရီးအတွက် အထောက်အကူဖြစ်စေမှာ အမှန်ပါပဲ။

သန့်ရှင်းအောင် ထားရှိပါ

အချစ် ရွက်လွှင့်

ဒီနေရာမှာတော့ ကွီးတို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အဓိကထား ပြောချင်တာပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေ ဆယ်ခါလောက် ချိုးနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိဖို့လိုအပ်ပါတယ်။ သန့်ရှင်းပြီး အနံ့အသက် ကင်းမှသာလျှင် တစ်ဖက်ကလည်း ကွီးတို့ကို အစွမ်းကုန် ပြုစုယုယပေးမှာမဟုတ်လား။ နို့မဟုတ်ရင် အနံ့အသက် မကောင်းဘူးဆိုရင်တော့ တစ်ဖက်ကလည်း ဖီးလ်ကျဲသွားမှာပေါ့။

စိတ်ဖိစီးမှုများကို ဖယ်ရှားပါ

အချစ် ရွက်လွှင့်

စိတ်ဖိစီးမှုများနေခြင်းသည်လည်း ကွီးတို့ရဲ့ ပင်လယ်ပြင် ခရီးလမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အတွက် အခြားတစ်ဖက်ကိုလည်း စိတ်ပါမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချပါ။ အလုပ်ကိစ္စများကို အိမ်အထိ မသယ်လာပါနဲ့။ နို့မဟုတ်ရင် စိတ်ဖိစီးမှုများကြောင့် ပင်လယ်ပြင်ကြီးမှာ ပျော်ပျော်ပါးပါး ရွက်မလွှင့်လိုက်ရဘဲ နေပါလိမ့်မယ်။

ကွီးတို့ရော ဘယ်လိုထင်မြင်မိပါသလဲ။ ဒီနည်းလမ်းတွေက တကယ်ပဲ အသုံးဝင်ရဲ့လားဆိုတာကိုတော့ ကိုယ်တိုင် စမ်းကြည့်မှ သိပါလိမ့်မယ်။

Source: Familyserviceshub

Featured Image: Freepik