အချစ် သီချင်းကောင်းလေးတွေကိုမှ ရွေးချယ်နားထောင်တတ်တဲ့ ကွီးတို့ရှိပါသလား။ ယနေ့ချိန်ထိ ထွက်ရှိခဲ့တဲ့ အချစ်သီချင်းတွေလည်း များစွာရှိပါတယ်။ အချစ်သီချင်းတွေဟာ ချစ်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်မှုတွေ၊ သစ္စာဖောက်မှု၊ ကြေကွဲမှု၊ ခါးသီးမှု၊ လျစ်လျူရှုမှု၊ နဲ့ မရေမတွက်နိုင်တဲ့ ခံစားချက်တွေနဲ့ ရေးဖွဲ့သီကုံးထားပြီး နားဆင်သူကိုလည်း ခံစားချက်ပေါင်းများစွာ‌ ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ အချစ် သီချင်းကောင်း လေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ သီချင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) “Melt” by Kehlani

Source : Kehlani

ပထမဆုံးဖော်ပြချင်တဲ့ အချစ် သီချင်းကောင်း လေးကတော့ R&B နဲ့ Soul အမျိုးအစား သီချင်းလေးဖြစ်တဲ့ Kehlani ဆိုထားတဲ့ “Melt” ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ ဆက်ဆံရေးတစ်ခုရဲ့ ပျော်ရွှင်ဖွယ်၊ တပ်မက်မှု၊ ချစ်ခင်မှုနှင့် သဟဇာတရှိသော အခြေအနေတွေကို နားဆင်ခံစား ရမှာပါ။

(၂) “Cinema” by Harry Styles

Source : Harry Styles

နောက်ထပ် အချစ် သီချင်းကောင်း တစ်ပုဒ်ကတော့ Harry Styles သီဆိုထားတဲ့ Cinema ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ Cinema က Harry Styles ရဲ့ ၂၀၂၂ မှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ် ဖြစ်တဲ့ ‘Harry’s House’ မှာ ပါဝင်တဲ့ ၈ ပုဒ်မြောက် သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကလည်း အချစ် သီချင်းကောင်းလေးတွေကို မှ နားဆင်ချင်ပါတယ် ဆိုတဲ့ ကွီးတို့ အကြိုက်တွေ့စေမှာပါ။

(၃) “Wish That I Could” by UMI

Source : UMI

Wish That I Could ကတော့ R&B အဆိုတော်နဲ့ တေးရေးဆရာ UMI ရဲ့ဒီနှစ် မေလ ၂၆ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ သံစဉ်လေးက တကယ်ကို နားထောင်လို့ကောင်းတဲ့ အတွက် နားဆင်ကြည့်လိုက်ပါ။

(၄) “Anything 4 U” By Banks

Source : Banks

Banks ၏ နောက်ဆုံးထွက်ရှိထားတဲ့ Serpentina အယ်လ်ဘမ်မှာ ပါဝင်တဲ့ “Anything 4 U”ဆိုတဲ့ သီချင်းဟာ တကယ်ကို အချစ်သီချင်းစစ်စစ်လို့ ပြောလို့ရပါတယ်။ မြူးမြူးကြွကြွနဲ့ ခံစားချက်အပြည့်ပါတဲ့ သီချင်းကောင်းလေးတစ်ပုဒ် လည်း ဖြစ်ပါတယ်။

(၅) “Sere” by DJ SPINALL, Fireboy DML

Source : SPINALL

ကွီးတို့အတွက် နောက်ဆုံး ဖော်ပြချင်တဲ့ မြူးမြူး ကြွကြွ အချစ် သီချင်းကောင်း လေးတစ်ပုဒ်ကတော့ Sere ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ အရမ်းကို စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ဒီသီချင်းကို DJ SPINALL နဲ့ Fireboy DML တို့က တွဲဖက် သီဆိုထားပါတယ်။

Source : Esquire

Featured Photo : Lashkar