လူတစ်ယောက်မှာ တစ်ကိုယ်ရည် သန့်ရှင်းရေးသည် အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိရင် ကျန်းမာရေးအတွက်လည်း မကောင်းသလို ကိုယ့်ဘေးနားက ဖြတ်သွားမယ့် လူတွေကလည်း နှာခေါင်းရှုံ့ချကြပါလိမ့်မယ်။ ကွီးတို့က ဆွဲဆောင်မှုလည်း တိုးချင်တယ် အသားအရေ ကြည်လင် ဝင်းပချင်တယ် ရှော်တီလေးရဲ့ အချစ် ကိုလည်း ရချင်တယ်ဆိုရင်တော့ Body Scrub ကို အသုံးပြုနိုင်ပါတယ်။

Body Scrub ဆိုတာ ဘာလဲ

man using body scrub

Body Scrub ဆိုတာကတော့ ခန္ဓာကိုယ် အပေါ်ယံလွှာရှိ ဆဲလ်သေများကို ဖယ်ရှားပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရေပြားသည် သဘာဝ အဆိပ်အတောက်များနဲ့ ထိတွေ့နေရတဲ့အခါ အရေပြား အပေါ်ယံအလွှာမှာ ဆဲလ်သေများ တဖြည်းဖြည်း စုပုံလာပါတယ်။ ထိုဆဲလ်သေများကို ချေးမတွန်း၊ Body Scrub မတိုက်ဘဲ ဒီအတိုင်းထားမယ်ဆိုရင် အသားအရေက ညိုညစ်ညစ်နဲ့ ညစ်ထေးပြီး ကြည့်မကောင်းဖြစ်နေမှာပါ။ ဒါ့ကြောင့်မို့လို့ Body Scrub ကို အသုံးပြုသင့်တာပဲ ဖြစ်ပါတယ်။

ဘယ်နှကြိမ်လောက် အသုံးပြုသင့်သလဲ

အချစ် Body Scrub

ဒီအချက်ကတော့ ကွီးတို့ လိုချင်တဲ့ ရလဒ်အပေါ် မူတည်ပါတယ်။ တကယ်လို့ ကွီးတို့က Body Scrub လုပ်ပြီး လန်းဆန်းပေါ့ပါးသွားတဲ့ ဖီလင်မျိုးကို ခံစားချင်တယ်ဆိုရင်တော့ တစ်ပတ်လျှင် တစ်ကြိမ်လောက်ဆို လုံလောက်ပါတယ်။ တကယ်လို့ ကွီးတို့က အသားအရေရဲ့ မညီမျှဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင်တော့ တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ပြုလုပ်နိုင်ပါတယ်။

ဘယ်လို Body Scrub အမျိုးအစားကို အသုံးပြုသင့်သလဲ

အချစ် Body Scrub

ဈေးကွက်ထဲမှာ Body Scrub အမျိုးအစားတွေက ရွေးချယ်စရာ အများအပြား ရှိပါတယ်။ ဘရန်း အမျိုးမျိုးပေါ် မူတည်ပြီး ရွေးချယ်စရာ အမျိုးမျိုးရှိပါတယ်။ အသားအရေ ကြည်လင်ချင်တယ်ဆိုရင် အမျိုးအစားတစ်ခု၊ အသားအရေ ခြောက်သူများအတွက် ရွေးချယ်စရာတစ်ခု စသည်ဖြင့် အမျိုးမျိုး ရွေးချယ်စရာ ရှိပါတယ်။ ကိုယ့် အသားအရေနဲ့ လိုက်ဖက်မယ့် အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

ဘယ်လိုမျိုး အသုံးပြုရမလဲ

အချစ် Body Scrub

အဆင့် (၁) အရင်ဦးဆုံး ခန္ဓာကိုယ်ကို ရေစိုအောင် ပြုလုပ်လိုက်ပါ။ ကြက်သီးနွေး ရေနွေးလေးဖြင့် စိုစွတ်အောင် ပြုလုပ်နိုင်ပါတယ်။

အဆင့် (၂) ထို့နောက် Body Scrub ကို ခန္ဓာကိုယ်ပေါ် လိမ်းကျံပေးလိုက်ပါ။

အဆင့် (၃) ထို့နောက် အသားအရေကို နှိပ်နယ်ပေးလိုက်ပါ။

အဆင့် (၄) Body Scrub များကို ချက်ချင်း ရေ မလောင်းချလိုက်ဘဲနဲ့ မိနစ် အနည်းငယ်လောက် စောင့်ပါ။ မိနစ် အနည်းငယ်လောက်ကြာမှ ရေစင်အောင် ဆေးချလိုက်ပါ။

အဆင့် (၅) အားလုံးပြီးသွားတဲ့အခါမှာတော့ ရေခြောက်အောင် သဘက်လေးဖြင့် ပုတ်ခါ ပုတ်ခါဖြင့် ခြောက်အောင် သုတ်ပေးလိုက်ပါ။

အဆင့် (၆) နောက်ဆုံးအဆင့်အနေနဲ့ ဘော်ဒီလိုးရှင်းလေး လူးပေးလိုက်ရပါမယ်။

ဒီလိုသာ တစ်ပတ် ၂ ကြိမ်လောက် ပုံမှန် လုပ်ပေးမယ်ဆိုရင် ကွီးတို့သည် ရှော်တီလေးရဲ့ အချစ်ကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ရှော်တီလေးရဲ့ အချစ် ကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် Body Scrub တိုက်ဖို့ ရယ်ဒီပဲလား။

Source: Thegroomedmanco

Featured Image: Mensxp