ကျွန်တော်တို့ လူအများစုဟာ ဘဝမှာ သက်တောင့်သက်သာနဲ့ လူတန်းစေ့ နေထိုင်နိုင်ဖို့ အလုပ်တွေ ကြိုးစားရင်း ငွေရှာကြရပါတယ်။ တချို့သူတွေကတော့ ကံကောင်းစွာပဲ ပြည့်စုံတဲ့မိဘတွေကနေ မွေးဖွာလာကြပြီး ဘဝမှာ ချမ်းချမ်းသာသာနေထိုင်ကြရသလို ၊ တချို့ကျတော့ သူမတူတဲ့ စွမ်းရည်တွေနဲ့ ကိုယ်ထူကိုယ်ထ ချမ်းသာလာကြသူတွေလည်း အများကြီးရှိပါတယ်။ အခုဆောင်းပါးလေးကနေ ပြောပြပေးမှာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်နေကြတဲ့ ကမ္ဘာပေါ်က အချမ်းသာဆုံး ကလေး ၅ ဦး အကြောင်းပါ။
(၁) Prince George Alexander Louis

Photo : Newsweek
ဗြိတိန်မင်းသား ဝီလျှံရဲ့ သားတော် တော်ဝင်မင်းသားလေး ဂျော့ဂ်ျဟာ ဒေါ်လာ ၁ ဘီလီယံကျော် ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး ကလေး ငယ်တစ်ဦး ဖြစ်ပါတယ်။ မင်းသားလေး ဂျော့ဂ်ျဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၈ နှစ်သာရှိတဲ့ သန်းကြွယ်သူဌေးလေးတစ်ဦး ဖြစ်ပါတယ်။ တော်ဝင်မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ မင်းသားလေး ဂျော့ဂ်ျဟာ တစ်ချိန်မှာ ဗြိတိန်ထီးနန်းကို ဆက်ခံရမယ့်သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ဒေါ်လာ ၁ ဘီလီယံကျော်ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာလေး အဖြစ် ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။
(၂) Phoebe Adele Gates
Photo : South China Morning Post
Phoebe Adele Gates ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft သူဌေးကြီး ဘီလ်ဂိတ်စ်ရဲ့ သားသမီး ၃ ဦးထဲက အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ သူမကို ၂၀၀၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ မွေးခဲ့ပါတယ်။ ဘီလ်ဂိတ်စ်နဲ့ ဇနီးဖြစ်သူ မယ်လင်ဒါဂိတ်စ်တို့ဟာ သူတို့ရဲ့အချိန်အများစုကို ပရဟိတအလုပ်တွေနဲ့ပဲ ကုန်ဆုံးနေသူတွေဖြစ်သလို မိသားစုအကြောင်းနဲ့ ပတ်သတ်ပြီးလည်း များများစားစား ထုတ်ပြောထားခြင်းမရှိတဲ့အတွက် သူတို့ရဲ့ သားသမီးတွေဟာ တခြား ဆယ်လီတွေနဲ့ ဘီလီယံနာတွေရဲ့ ကလေးတွေလိုတော့ နာမည်ကြီးသူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် Phoebe Adele Gates ကတော့ ချမ်းသာတဲ့ မိဘတွေနဲ့ မွေးဖွာလာသူ ဖြစ်တာနဲ့အညီ လက်ရှိမှာ ဒေါ်လာ ၁ ဘီလီယံကျော်ပိုင်ဆိုင်ထားတဲ့ အချမ်းသာဆုံး ဆယ်ကျော်သက် ဘီလီယံနာတစ်ဦး ဖြစ်ပါတယ်။
(၃) Blue Ivy Carter

Photo : People.com
Blue Ivy Carter ကတော့ အသက် ၁၀ နှစ်သာရှိသေးတဲ့ ယူအက်ရဲ့ အချမ်းသာဆုံး ကလေးငယ်တစ်ဦး ဖြစ်ပါတယ်။ Blue Ivy ဟာ Hip Hop လောကထဲက အချမ်းသာဆုံး အဆိုတော် Jay-Z နဲ့ Beyoncé တို့ရဲ့ သက်ဦးသမီးလေး ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ မွေးခဲ့ပါတယ်။ ချမ်း သာတဲ့ အနုပညာရှင်အသိုင်းအဝိုင်းက မွေးဖွားလာသူဖြစ်တာနဲ့အညီ လက်ရှိမှာ ဒေါ်လာ ၁ ဘီလီယံခန့် ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်က အချမ်းသာဆုံး ကလေး တွေထဲကတစ်ဦး ဖြစ်ပါတယ်။
(၄) Suri Cruise

Photo : South China Morning Post
Suri Cruise ကတော့ ဟောလီးဝုဒ် နာမည်ကျော်မင်းသားကြီး တွမ်ခရုစ်ရဲ့ သမီး ဖြစ်ပါတယ်။ သူမကို၂၀၀၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ မွေးခဲ့ပြီး လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်မလေး ဖြစ်နေပါပြီ။ Suri Cruise ဟာ တခြားသော ဟောလီးဝုဒ်စတားတွေရဲ့ သားသမီးတွေလိုပဲ မိဘတွေ ကွယ်လွန်ချိန်မှာ ချမ်းသာကြွယ်ဝမှုတွေကို လက်ဆင့်ခံ အမွေ ဆက်ခံရမယ့်သူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဒေါ်လာ ၈ မီလီယံခန့် ပိုင်ဆိုင်ထားတဲ့ အချမ်းသာဆုံး ဆယ်ကျော်သက်တစ်ဦး ဖြစ်ပါတယ်။
(၅) Knox Jolie Pitt နဲ့ Vivienne Jolie Pitt

Photo : South China Morning Post
Knox Jolie Pitt နဲ့ Vivienne Jolie Pitt တို့ကတော့ နာမည်ကြီး ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီနဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဘရက်ပစ်တို့က မွေးဖွားခဲ့တဲ့ အမြွှာကလေးငယ် စူပါစတားလေး ၂ ဦး ဖြစ်ပါတယ်။ ဟောလီးဝုဒ်စတားတွေက မွေးဖွားခဲ့သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ကံကြမ္မာကတော့ ပြောစရာမလိုအောင် ပြည့်စုံပြီးသားပဲ ဖြစ်ပါတယ်။ သူတို့ကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပြီး အခုဆိုရင် အသက် ၁၃ အရွယ်ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ Knox Jolie Pitt နဲ့ Vivienne Jolie Pitt ကတော့ လက်ရှိမှာ ဒေါ်လာ ၂ မီလီယံစီ ပိုင်ဆိုင်ထားတဲ့ အချမ်းသာဆုံး ကလေး တွေပဲ ဖြစ်ပါတယ်။
Featured Photo : Siachen Studios

