အချို့ရက်တွေမှာ စိတ်ရောလူပါ မလန်းဆန်းတာမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ လူတိုင်းဖြစ်လေ့ရှိတဲ့ အခြေအနေ တစ်ခုပါပဲ။ အများစုကတော့ အိပ်ချိန်နည်းတာ ၊ စိတ်ဖိစီးမှုတစ်ခုခု ရှိနေတာကြောင့် ဒီလို ခံစားချက် ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ကွီးတို့ လန်းဆန်းအောင် ကော်ဖီသောက် ၊ အားဖြည့်အချိုရည်တွေ သောက်ပေမယ့် မထူးခြားဘူး။ အချိန်တိုင်း နီးပါး ပြိုင်းမြဲပြိုင်းဆဲပဲ ဆိုရင်တော့ အခုပြောပြမယ့် အချက်တွေ ဖြစ်နေလား ဆန်းစစ်ကြည့်လိုက်ပါ။

(၁) ကိုယ်လက်လှုပ်ရှားမှု နည်းနေလို့

Photo : Medium

အထိုင်များတဲ့ လူနေမှုပုံစံက ခန္ဓာကိုယ်စွမ်းအင်ကို လျော့ကျစေပြီး စိတ်ပင်ပန်းနွမ်းနယ်ခြင်း အားကုန်ခြင်းတွေ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာအထိုင်များတဲ့ ရုံးဝန်ထမ်းတွေ အနေနဲ့ အချိန်တိုင်းနီးပါး မလန်းမဆန်းဖြစ်ခြင်းတွေပိုပြီး ခံစားကြရတာ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ အတက်နိုင်ဆုံး ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှာနေပေးသင့်ပြီး အထိုင်များတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ရင်တောင်မှ မကြာခဏလမ်းလျောက်ပေးတာ အကြောလျော့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာမျိုးလုပ်ဆောင် သင့်ပါတယ်။

(၂) အာဟာရ မျှတအောင် မစားသုံးလို့

Healthy Diet

Photo : Smith County Memorial Hospital

ဗီတာမင်နဲ့ သတ္တုဓါတ်ချို့တဲ့ခြင်းက ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ သံဓါတ်၊ ဗီတာမင် B12၊ Omega 3 Fatty Acid နဲ့ ဗီတာမင်ဒီချို့တဲ့တာတွေ အဓိကပါဝင်ပါတယ်။ ဒါ့ကြောင့် အမြဲပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရတာကို သက်သာအောင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီများ၊ သကြားဓါတ်များတဲ့ အစားအစာများနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

(၃) အိပ်ချိန် အရမ်းနည်းနေလို့

Insomnia

Photo : MedicalNewsToday

အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် တစ်ညကိုအနည်းဆုံး ၇ နာရီ အိပ်စက်ဖို့ လိုပါတယ်။  ကွီးတို့က အမြဲလိုလို ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် ပထမအဆင့်စဉ်းစားရမှာ ညစဥ်အိပ်ချိန် ၇နာရီပြည့်အောင် အိပ်စက်ရဲ့လား ဆိုတာပါပဲ။ တကယ်လို့  ညအိပ်ချိန် ၇နာရီ ပြည့်ပေမယ့် မကြာခဏနိုးတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။

(၄) ရေဓာတ်ခမ်းခြောက်နေလို့

Dehydration
Photo : Krishi Jagran

ကွီးတို့ ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်ဝစွာ မရဘူးဆိုရင် ရေငတ်ခြင်းကို ဖြစ်စေပြီး ခံတွင်းခြောက်သွေ့စေပါတယ်။ ဒါကလည်း ပင်ပန်းနွယ်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်ခန်းခြောက်နေပြီဆိုရင် ချွေးထွက်လွန်တာ ၊ ဝမ်းလျှောတာနဲ့ အော့အန်တာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

Source : Eat This Not That

Featured Photo : Cleveland Clinic Health Essentials