ကျွန်တော်တို့ လူသားတွေသည် ကိုယ့်အနားမှာ ရှိတဲ့ အရာတွေ၊ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ ချစ်ရသူတွေကို တန်ဖိုးထားရကောင်းမှန်း၊ ချစ်ရကောင်းမှန်း မသိကြပါဘူး။ အချိန်လွန် သွားပြီး အနား မှာ မရှိတော့မှ နောင်တ အကြီးအကျယ် ရတတ်ကြပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့အတွက် အစကတည်းက သတိထားရမှာပါ။

တကယ်လို့ ကွီးတို့ အခုကစပြီး ပြောင်းလဲချင်တယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။ ကွီးတို့ရဲ့ Relationship တစ်ခုလုံးကို တစ်ဖန် ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားနိုင်ပါသေးတယ်။ အချိန်လွန် မှ နောင်တတွေ အကြီးအကျယ်ရမယ့်အစား အနား မှာ ရှိခိုက်မှာ ဂရုစိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ နှစ်ဦးသားစလုံး ပျော်ရွှင်ရမှာပဲ ဖြစ်ပါတယ်။

ဘယ်လို နည်းလမ်းတွေနဲ့ ကွီးတို့ရဲ့ Relationship ကို တစ်ဖန်ပြန်လည် စိုပြေလာအောင် ဖန်တီး ကြိုးစားယူနိုင်မလဲဆိုတော့…

သူ(မ)နဲ့အတူတူ အချိန်ကုန်ဆုံးပါ

couple

ဘဝမှာ တန်ဖိုးအရှိဆုံး အရာကတော့ ကိုယ် ချစ်ရတဲ့သူနဲ့ အတူတူ အချိန် ကုန်ဆုံးရတဲ့ အခိုက်အတန့်တစ်ခုပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူတိုင်းက စားဝတ်နေရေးကြောင့် အားလပ်ချိန်တောင် မရအောင် ရုန်းကန်နေကြရတာပါ။ ကိုယ့်ရဲ့ အိပ်မက်တွေနောက်၊ ကိုယ် ဖြစ်ချင်တဲ့အရာတွေနောက် လိုက်ရင်း ကိုယ် ချစ်ရတဲ့သူတွေကို လျစ်လျှူရှုထားမိမှန်း မသိပါဘဲနဲ့၊ လျစ်လျှူရှုထားမိတာမျိုးပါ။ တကယ်လို့ ကွီးတို့က အဲ့ဒီလိုမျိုး ပြုလုပ်နေမိပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ကြည့်ပါ။ ကိုယ် ချစ်ရတဲ့သူကို အဲ့ဒီလိုမျိုး ပစ်ထားမိတာ မှန်ရဲ့လားလို့။ တစ်ချိန်ချိန်မှာ ကိုယ့်အနားမှာ သူ မရှိတော့ရင် နောင်တ မရမှာ သေချာလား စတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ် သုံးသပ်ကြည့်လိုက်ပါ။

ချစ်တယ်လို့ ပြောပါ

အချိန်လွန် အနား

ချစ်သူ ရည်းစား မဖြစ်ခင်၊ အဖြေမရသေးခင်၊ လက်မထပ်ခင်မှာတော့ ကွီးတို့ရဲ့ ချစ်သူကို ချစ်တယ် လို့ တဖွဖွ ပြောဖူးပါလိမ့်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အချိန်တွေ ကြာလာတဲ့ခါ ထိုစကားကို ပြောဖို့ မေ့သွားပါတော့တယ်။ ဒီလိုနဲ့ တစ်ဖက်လူကို ချစ်တယ်ဆိုတဲ့ အမှန်တရားကို မေ့သွားပြီး ကိုယ့်အနားမှာ တစ်သက်လုံး ရှိနေမယ့် သူပါလေဆိုပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ ပြည့်နှက်နေပါတော့တယ်။ တကယ်တမ်းကျတော့ ကိုယ့်ရဲ့ ချစ်သူ၊ ဇနီး မယားကို ချစ်တယ် ဆိုတဲ့ စကားလေး ပြောဖို့ ဝန်မလေးနေသင့်ပါဘူး။ ဒီစကားတစ်ခွန်းက ကွီးတို့ရဲ့ သမီးရည်းစား ဆက်ဆံရေး၊ အိမ်ထောင်ရေးကို အများကြီး ပြောင်းလဲပစ်နိုင်ပါတယ်။ ကွီးတို့ရဲ့ ဆက်ဆံရေးကို အရင်ကထက် ပိုပြီး သာယာလှပလာအောင် ပိုပြီး ချိုမြိန်လာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။​

ကျန်းမာရေးကို ဂရုစိုက်ပါ

အချိန်လွန် အနား

ကွီးတို့ရဲ့ ကျန်းမာရေး၊ ကိုယ် ချစ်ရတဲ့သူရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ကွီးတို့သည် သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်မှာပါ။ တရားသေ တွက်ထားလို့ မရတဲ့ ကံကြမ္မာကြားမှာ ကိုယ် ကိုယ်တိုင် ဂရုစိုက်လို့ရတဲ့ ကျန်းမာရေးဆိုင်ရာ အရာတွေကို ဂရုစိုက်နိုင်မယ်ဆိုရင်တော့ အချိန်လွန် သွားပြီး အနား မှာ မရှိတော့မှ နောင်တရတာမျိုးတွေ ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်မယ်၊ ကိုယ် ချစ်တဲ့သူတွေကိုလည်း ဂရုစိုက်ပြီး ချစ်ခင် ကြင်နာမယ်ဆိုရင်တော့ ကွီးတို့အတွက် ပျော်ရွှင်မှုအတိပြီးတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ် ချစ်ရတဲ့သူတွေကို လျစ်လျူရှုထားကာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားနေတုန်းလား။

Source: Aurosign.com

Featured Image: Astroclips