ချစ်သူရည်းစား စုံတွဲ တစ်ခုမှာ လိင်မှုကိစ္စဟာ မပါမဖြစ် မဟုတ်ပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ အရေးပါပါတယ်။ အိမ်ထောင်သည် ချစ်သူစုံတွဲတွေအနေနဲ့ လိင်မှုကိစ္စကို မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းသတ်မှတ်ချက်မျိုး မရှိပေမယ့်လည်း လိင်မှုကိစ္စနဲ့ ဝေးကွာလွန်းရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အချိန်အကြာကြီး ချစ်တင်းမနှောတဲ့ စုံတွဲတွေ ကြုံရနိုင်တဲ့ ပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လိင်စိတ်ဆန္ဒ ကျဆင်းလာမယ်

Woman and man in the bedroom

Photo : Psychology Today

ပုံမှန်လိင်မှုကိစ္စ လုပ်ဆောင်ခြင်း မရှိတဲ့ စုံတွဲ တွေမှာ အများဆုံး ကြုံရတဲ့ ပြဿနာက Libido ကျလာတာပါ။ အချိန်ကာလတစ်ခုအထိ လိင်မှုဆိုင်ရာ ထိတွေ့မှုနဲ့ ကင်းကွာသွားမယ်ဆိုရင် ချစ်တင်းနှောလိုစိတ် ၊ လိင်စိတ်နိုးကြားတက်ကြွမှုတွေ ကျဆင်းလာပြီး လိင်စိတ်ဆန္ဒသာယာမှုကို ခံစားနိုင်ဖို့ ပိုမိုခက်ခဲသွားစေ နိုင်ပါတယ်။

(၂) လိင်အင်္ဂါ ကမောက်ကမ ဖြစ်နိုင်တယ်

Woman and man in the bedroom

Photo : Anger Coach

ဒါကတော့ အမျိုးသားတွေမှာ ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ပုံမှန် လိင်မှုဆိုင်ရာ နှိုးဆွမှု မရှိဘူးဆိုရင် လိင်တံဆီသို့ သွေးစီးဆင်းမှု ကျဆင်းပြီး လိင်တံထောင်မတ်ဖို့ ခက်ခဲတာ ၊ လိင်တံထောင်မတ်မှုကို အချိန်ကြာကြာ ထိန်းမထားနိုင်တာတွေ ကြုံရနိုင်ပါတယ်။ နောက်ပြီး ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်ကျဆင်းကာ ပြန်ပြီးအတူနေတဲ့ အချိန်မှာ စွမ်းဆောင်ရည် ကောင်းကောင်း မပြနိုင်တာမျိုး ဖြစ်တက်ပါတယ်။

(၃) မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ နာကျင်ခြင်းတွေကို ခံစားရနိုင်တယ်

Woman and man in the bedroom

Photo : Interesting Engineering

အမျိုးသမီးတွေမှာတော့ ပုံမှန်လိင်မှုဆိုင်ရာ လှုံ့ဆော်မှု မရှိရင် လိင်အင်္ဂါတစ်သျှူးတွေ ခြောက်သွေ့ပြီး အားနည်းလာတက်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ လိင်မှုဆိုင်ရာ နှိုးဆွမှုတွေ လုပ်သည်တိုင် မိန်းမကိုယ်ကနေ သဘာဝချောဆီ ထုတ်လုပ်မှု လျော့ကျပြီး မိန်းမကိုယ် ခြောက်သွေ့တာ ၊ လိင်ဆက်ဆံစဉ်မှာ မသက်မသာ ခံစားရတာ ၊ နာကျင်တာနဲ့ သွေးထွက်တဲ့ အခြေအနေတွေအထိ ဖြစ်နိုင်ပါတယ်။

(၄) တင်ပါးဆုံ ကြွက်သားတွေ အားနည်းလာမယ်

Woman and man in the bedroom
Photo : News18

လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ တင်ပါးဆုံ ကြွက်သားတွေဟာ ဆက်စပ်မှု အများကြီး ရှိပါတယ်။ တင်ပါးဆုံ ကြွက်သားတွေဟာ ဆီးအိမ်နဲ့ လိင်အင်္ဂါတဝိုက်က တစ်သျှူးတွေကို ထောက်ပံ့နေတဲ့ အဓိက ကြွက်သားအစိတ်အပိုင်းတစ်ခု ဖြစ်ပြီး လိင်မှုဆိုင်ရာ သာယာမှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အကယ်၍ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေပါက တင်ပါးဆုံ ကြွက်သားတွေ အားနည်းလာနိုင်ပြီး ဆီးမထိန်းနိုင်တာ ၊ တင်ပါးဆုံတွင်း အင်္ဂါတွေ ကျုံ့သွားတာနဲ့ လိင်စိတ်ကျေနပ်မှု လျော့ကျတာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

Source : Healthshots

Featured Photo : Healthshots