ဖွားဖက်တော်နဲ့ ပတ်သတ်ပြီး ကွီးတို့ ယောကျာ်းလေးတိုင်း ကြုံရဖူးတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာအကောင်းဆုံး အခြေအနေတစ်ခုကတော့ အချိန်အခါမဟုတ် အငယ်ကောင် ထထထိုင်တာပါပဲ။ အထူးသဖြင့် လူကြားသူကြားထဲမှာ ရုတ်တရက် လိင်တံထောင်မတ် လာတာဟာ အဆိုးဆုံး စိတ်အနှောက်အယှက် ဖြစ်စရာပါ။ ယောကျာ်းလေး အများစုက ပုံမှန်အားဖြင့် သဘာဝအရ ဟော်မုန်းအပြောင်းအလဲနဲ့ လိင်စိတ်နိုးကြားမှုကြောင့် တစ်နေ့တာအတွင်းမှာ အကြိမ်ပေါင်းများစွာ လိင်တံထောင်မတ်မှု ဖြစ်ပေါ်လေ့ ရှိပြီး ဒါဟာ ကျန်းမာတဲ့ ဖွားဖက်တော်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဖုံးဖိရခက်တဲ့ အခြေအနေမလို့ Public မှာဆိုရင် တော်တော်လေး စိတ်ညစ်ရပါတယ်။ လိင်တံထောင်မတ်ခြင်းကို ပြန်လည်ပြေလျော့သွားဖို့အတွက် အသင့်လျော်ဆုံး နည်းလမ်းကတော့ သုတ်လွှတ်လိုက်ဖို့ပါ။ ဒါပေမယ့် ဒါဟာ အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားရတဲ့ အနေအထားတစ်ခု ဖြစ်တာကြောင့် အကယ်၍များ လူကြားသူကြားထဲ အချိန်အခါမဟုတ် မြွေကြီး ခေါင်းထောင် လာတယ်ဆိုရင်တော့ အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။

(၁) စိတ်လျော့ပြီး အချိန်ခဏစောင့်ပါ

Meditation

Photo : Form Nutrition

အချိန်အခါမဟုတ် အငယ်ကောင် ထထထိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ ထောင်မတ်မှု ပြန်လည်ပြေလျော့သွားအောင် စိတ်ကိုလျော့ထားပြီး အချိန်ခဏ စောင့်ဆိုင်းပေးဖို့ပါ။ နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ရှုသွင်းရှုထုတ် လုပ်ရမှာဖြစ်ပြီး တက်နိုင်သမျှစိတ်ကို လျော့ထားရပါမယ်။ ဒါဆိုရင်တော့ စက္ကန့်ပိုင်း သို့မဟုတ် မိနစ်အနည်းငယ်အတွင်းမှာ သူ့အလိုလို ဖွားဖက်တော် ထောင်မတ်မှုဟာ ပြန်လည်ပြေလျော့ သွားမှာပါ။

(၂) အာရုံပြောင်းပါ

Single man sitting on the bench in the park

Photo : Freepik

အာရုံပြောင်းတဲ့ နည်းလမ်းကလည်း အသုံးတော်တော်လေး ဝင်ပါတယ်။ မြွေကြီး ထောင်မတ်နေတဲ့ အပေါ်ကိုပဲ စိတ်မရောက်အောင် ထိန်းရမှာဖြစ်ပြီး အခြားအရာတွေပေါ် ပြောင်းလဲပြီး စိတ်အာရုံကို ပြောင်းကြည့်ပါ။ ဥပမာအားဖြင့် သီချင်းစာသား သို့မဟုတ် ကဗျာတစ်ပုဒ်ကို တွေးနေတာ ၊ သင်္ချာပုစ္ဆာကို စိတ်တွက်တွက်နေတာနဲ့ အခြား အာရုံပြောင်းစေမယ့် အရာတွေကို တွေးတောအာရုံ ပြောင်းလဲကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

(၃) အထိုင်/အထ ပြောင်းလုပ်ကြည့်ပါ

Office Furniture

Photo : chefrito.com

အထိုင်/အထ အပြောင်းအလဲ လုပ်တာကလည်း ရုတ်တရက် မြွေကြီး ခေါင်းထောင် လာတဲ့ အခြေအနေကို အမြန်ဆုံး ပြေလျော့စေနိုင်ပါတယ်။ ထိုင်နေလျက် ဖွားဖက်တော် ထောင်မတ်နေရင် ခဏလောက် မတ်တပ်ရပ်ပြီး ဟိုနားဒီနား လမ်းလျောက်ကြည့်ပါ။ ထနေလို့ အဆင်ပြေမရင် ပြန်ထနိုင်ပါတယ်။ ဒီလိုအမျိုး အထိုင်/အထ ခဏလောက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက ဖွားဖက်တော်ကို ပွတ်တိုက်ထိမိနေတဲ့ အဝတ်အစားနဲ့ အတွင်းခံ ဘောင်းဘီတွေကို ရွေ့လျားမှု ဖြစ်စေတာကြောင့် လိင်တံထောင်မတ်မှုကို ပြန်လည်ပြေလျော့ သက်သာစေမှာ ဖြစ်ပါတယ်။

(၄) ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ

Stretching

Photo : Fatherly

ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေကလည်း ဖွားဖက်တော် ရုတ်တရက် ထောင်မတ်လာတဲ့ အခြေအနေကို ပြေလျော့ သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ အကြော့လျော့တာ ၊ ခပ်ရွရွပြေးတာ ၊ ထိုင်ထလုပ်တာ စတဲ့ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို မိနစ်အနည်းငယ်လောက် ပြုလုပ်ကြည့်နိုင်ပါတယ်။

ကွီးတို့ရော လူကြားသူကြားထဲ အချိန်အခါမဟုတ် မြွေကြီး ခေါင်းထောင် လာရင် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလေ့ ရှိပါသလဲ ???

Source : Medical News Today

Featured Photo : MEL Magazine