အချိန် ခရီးသွားခြင်းသည် ယနေ့ထိတိုင် အဖြေရှာမရဘဲ ပဟေဠိလိုဖြစ်နေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ပဟေဠိဆန်တဲ့ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ဇာတ်ကွက်များနဲ့ ပေါင်းစပ်လိုက်တဲ့ အတွက်ကြောင့် အချိန် ခရီးသွားတဲ့ ရုပ်ရှင် တွေသည် နာမည်ကြီး လူကြိုက်များနေခြင်းပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အချိန် ခရီးသွားတဲ့ ရုပ်ရှင် တွေကို ကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ကြည့်ရှုနိုင်ပါတယ်။​

(၁) Edge of Tomorrow

Source: Warner Bros. Pictures

အက်ရှင်ဇာတ်ကားကိုမှ အချိန် ခရီးသွားတာမျိုးကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင် တစ်ကားပဲဖြစ်ပါတယ်။ စစ်သားတစ်ယောက်က ဂြိုလ်သားများနဲ့ အပြိုင်အဆိုင် တိုက်ခိုက်ရင်း တိုက်ပွဲမှာ သူ ကျဆုံးသွားတိုင်း နောက်ရက်တစ်ရက် ပြန်လည် နိုးထလာတာမျိုးပဲ ဖြစ်ပါတယ်။ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ၇.၉ တောင် ရရှိထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

(၂) About Time

Source: Universal Pictures

Tim ဆိုတဲ့ ကောင်လေးသည် သူ့အသက် ၂၁ နှစ်အရွယ်မှာ အချိန် ခရီးသွားနိုင်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူသည် အတိတ်ကို ပြန်သွားပြီး သူ့ရဲ့ဘဝမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ထိုကဲ့သို့ ပြောင်းလဲခြင်းသည် သူထင်ထားသလောက်တော့ လွယ်ကူမနေပါဘူး။

(၃) The Time Traveler’s Wife

Source: Sky TV

Henry DeTamble ဆိုသူသည် စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး သူ့စိတ်ထဲက မပါဘဲနဲ့ အချိန်ခရီးသွားခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ အမျိုးသမီးဖြစ်သူ Claire Abshire ကတော့ သူ့ရဲ့ စွမ်းရည်ကြောင့် အခက်တွေ့နေ ရပါတော့တယ်။ သူတို့ နှစ်ယောက်ကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရပါလိမ့်မယ်။ Henry တစ်ယောက်ကတော့ သူ့ရဲ့ စွမ်းရည်ကို ဘယ်လိုမှ ထိန်းချုပ်မရဖြစ်နေတာတွေ အဆင်ပြေသွားပါ့မလား။

(၄) Midnight in Paris

Source: Sony Pictures Classics

ဒီဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အချိန် ခရီးသွား ရုပ်ရှင် ပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်သည် သူ့ရဲ့ သတို့သမီးလောင်း မိသားစုတွေနဲ့အတူတူ ပဲရစ်မြို့မှာ အတူတူ ခရီးထွက်နေရင်းနဲ့ ညသန်းခေါင် ၁၂ နာရီထိုးတာနဲ့ ထိုအမျိုးသားသည် ၁၉၂၀ ခုနှစ်သို့ ပြန်ရောက်ရောက်သွားတာပဲဖြစ်ပါတယ်။ ညတိုင်းဆိုသလို အတိတ်ဆီသို့ ရောက်သွားတာပဲ ဖြစ်ပါတယ်။

(၅) The Adam Project

Source: Netflix

Adam Reed နေရာမှာ Ryan Reynolds က သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ Adam ရဲ့ အမျိုးသမီးက ရုတ်တရက် ပျောက်ဆုံးသွားတာကြောင့် သူ(မ)ကို ရှာဖွေဖို့အတွက် သူ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ ၁၂ နှစ်အရွယ် Adam နဲ့ အလုပ်အတူတူ ပေါင်းလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။

ဒီဇာတ်ကားတွေက ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှစ်ကားလောက်ကို ကြည့်ဖူးပါသလဲ။

Source: Netflix.com

Featured Image: Collider.com