ပိတ်ရက်ဆို ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အမြဲရှာဖွေ ကြည့်တတ်တဲ့ ကွီးတို့ရှိပါသလား။ ရုပ်ရှင်ဇာတ်ကား အမျိုးအစားအများကြီးထဲကမှ ဟာသကားတွေကလည်း လူကြိုက်များတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ မိသားစုနဲ့ ရယ်မောပျော်ရွှင်ရင်း အချိန်ကောင်းလေးတွေ ကုန်ဆုံးချင်လို့သော်လည်းကောင်း၊ စိတ်ညစ်စရာတွေကို ရယ်မောရင်း ဖြေဖျောက်ဖို့သော်လည်းကောင်း Comedy ဇာတ်ကားတွေက ရွေးချယ်ဖို့ အကောင်းဆုံးပါ။ ဒီအပတ်မှာတော့ ကွီး Page ကနေ အခွီတစ်လိုင်း ဘီးကျဲတို့အတွက် ဇာတ်ကား ကောင်းတွေ ကို တင်ပြပေးသွားမှာပါ။

House Party

Source : kinoCheck Comedy

အခွီတစ်လိုင်း ဘီးကျဲတို့ အကြိုက်တွေ့စေမဲ့ ဇာတ်ကား ကောင်းတစ်ခုကတော့ House Party ဆိုတဲ့ ကားလေးပါ။ ဒီဇာတ်ကားထဲမှာ လူနှစ်ယောက်ဟာ NBA ကစားသမား LeBron James ရဲ့ အိမ်ကြီးကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ငွေအမြန်ရဖို့ ထိုအိမ်မှာ ကြီးမားတဲ့ ဟောလိဝုဒ်ပါတီပွဲတစ်ခု ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုမြူးမြူးကြွကြွနဲ့ စိတ်လှုပ်ရှားရယ်မောရမလဲ ဆိုတာကတော့ House Party မှာ ရှုစားလိုက်ပါ။

When You Finish Saving the World

Photo : A24

ဒီဇာတ်ကားကတော့ Stranger Things ဇာတ်ကားထဲမှ မင်းသား Finn Wolfhard ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ တစ်ယောက်နှင့်တစ်ယောက် နားလည်ဖို့ ရုန်းကန်နေရတဲ့ မိခင်နှင့်သားတို့အကြောင်း ရိုက်ကူးထားတဲ့ ဟာသဒရာမာ အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Jesse Eisenberg ရေးသား ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဟာသဒရာမာ အမျိုးအစားလို့ ပြောလို့ရသော်လည်း ကြည့်ရှုသူများအတွက် လေးနက်တဲ့ Message ရရှိစေတာကြောင့် ခံစားကြည့်ရှုဖို့ စာရင်းထဲထည့်လိုက်နော်။

Shotgun Wedding

Source : Prime Vedio

အခွီတစ်လိုင်း ဘီးကျဲတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဇာတ်ကားကောင်းကတော့ Jennifer Lopez နဲ့ Josh Duhamel တို့ပါဝင်ထားတဲ့ Shotgun Wedding ဆိုတဲ့ ကားလေးပါ။ ဒီကားလေးမှာ ပျော်ရွှင်စရာ မင်္ဂလာပွဲကနေ ဘယ်လို စိတ်လှုပ်ရှားစရာ၊ ရယ်မောစရာတွေ ဖြစ်လာလဲဆိုတာတော့ Shotgun Wedding မှာ ရှုစားရမှာပါ။

You People

Source : Netflix

You People ဆိုတဲ့ Netflix ရဲ့ ဇာတ်ကားမှာတော့ Jonah Hill (ရုပ်ရှင်ကိုလည်း ပူးတွဲရေးသားခဲ့သူ) က သူ့မိဘများနဲ့ သူ့ရည်းစားရဲ့ မိဘများ အပြန်အလှန် တွေ့ဆုံသည့် စုံတွဲမှ အမျိုးသား အဖြစ် သရုပ်ဆောင်ထားပါတယ်။ သို့သော်လည်း နှစ်ဖက်မိဘများရဲ့ ပုံစံက အလွန်ကွဲပြားတာကြောင့် သူတို့စီစဉ်ထားတဲ့ အတိုင်းဖြစ်မလာဘဲ ဘယ်လို ရယ်မောစရာ ဇာတ်ဝင်ခန်းဖြစ်မလဲ ဆိုတာ ကြည့်လိုက်ရအောင်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်နဝါရီလကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ Weekend လေးမှာ ဟာသကားလေးတွေ ကြည့်ရင်း Chill မယ်ဆိုရင်တော့ ဒီဇာတ်ကားတွေကိုသာ ရွေးချယ်လိုက်တော့ဗျာ။

Source : Seventeen

Featured Photo : IMdb