ညီအစ်ကိုတို့ရေ အားလပ်ချိန်တွေကို မိုဘိုင်းလ်ဂိမ်းလေး ကစားရင်း ဖြတ်သန်းချင်တဲ့ ကွီးတို့ရှိပါသလား။ အခုဆိုရင်တော့ Google Play Store နဲ့ Apple ရဲ့ App Store တို့မှာ ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း အက်ပ် အများအပြားရှိသော်လည်း ဘာကို ရွေးချယ်ပြီး ကစားရမှန်းမသိဘူး ဖြစ်နေပါသလား။ ဒါဆိုရင်တော့ မပူပါနဲ့ ညီအစ်ကိုတို့အတွက် အဂေါ်ဆုံး မိုဘိုင်းလ်ဂိမ်းတွေ ကို ဖော်ပြပေးမှာပါ။ နောက်တော့မှာ ဆော့မိတာ နောင်ကျလေခြင်းဆိုတာ မဖြစ်ရလေအောင် ဘာဂိမ်းတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ဗျာ။
Evony

Photo : YouTube
ညီအစ်ကိုတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ အဂေါ်ဆုံး မိုဘိုင်းလ်ဂိမ်းတွေ ထဲက တစ်ခုကတော့ Evony ဆိုတဲ့ အလယ်ခေတ် စိတ်ကူးယဉ်ကမ္ဘာ အွန်လိုင်းဗျူဟာ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Evony မှာ ကစားသမားများက ၎င်းတို့ရဲ့ ပထမဆုံးမြို့ကို တည်ဆောက်ပြီး အရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်းဖြင့်စတင်ပြီး နယ်မြေအတွက် အခြားကစားသမားများနဲ့ ယှဉ်ပြိုင်တိုက်ခိုက် ရမှာပါ။ ဒီဂိမ်းမှာ ဂိမ်းအတွင်း ကစားသမားအချင်းချင်း ဆက်သွယ်နိုင်ပြီး အမျိုးမျိုးသော ပွဲများနှင့် ပြိုင်ပွဲများတွင် ပါဝင်နိုင်ပြီး စိတ်ဝင်စားဖွယ် ကစားရမှာပါ။
GTA V (Grand Theft Auto V)

Photo : Time News
ဒီဂိမ်းလေးက လူကြိုက်အများဆုံး ဂိမ်းများထဲမှ တစ်ခုဖြစ်ပြီး ကွီးတို့နဲ့လည်း စိမ်းမယ်မထင်ပါဘူး။ GTA V (Grand Theft Auto V) ကို ဖုန်းနဲ့ ကစားရတာ ပိုပြီးမိုက်လားဆိုတာကတော့ ညီအစ်ကိုတို့ ကစားကြည့်မှ သိမှာနော်။ ဒီဂိမ်းကိုလည်း iOS ရော Android မှာပါ ကစားလို့ရပါတယ်။
Garena Free Fire: Kalahari

Photo : IGN latam
နောက်ထပ်ဖော်ပြချင်တဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ အက်ရှင် မိုဘိုင်းလ် ဂိမ်းတစ်ခု ဖြစ်တဲ့ Garena Free Fire: Kalahari ပဲ ဖြစ်ပါတယ်။ Andriod ရော iOS မှာပါ ကစားလို့ရတဲ့အပြင် Play Store မှာ ဒေါင်းလုဒ်ပေါင်း သန်း ၅၀၀ ကျော်ရှိတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ ဒီဂိမ်းဟာလည်း ဘယ်လို စိတ်လှုပ်ရှားဖွယ်ကောင်းမလဲဆိုတာ သိရအောင် အခုပဲ ကစားကြည့်လိုက်ပါ။
Stranger Things: The Game

Photo : TechRader
Stranger Things စီးရီးရဲ့ ပရိသတ်တွေ ရှိပါသလား။ ဒါဆိုရင်တော့ ဒီဂိမ်းက ဆော့ကို ဆော့ကြည့်ရမဲ့ ဂိမ်းပါ။ ညီအစ်ကိုတို့က Stranger Things ရဲ့ထွက်ရှိခဲ့ပြီးတဲ့ စီးရီးအကုန်လုံးကို ကြည့်ပြီးပြီဆိုရင်တော့ ဒီဂိမ်းက “Stranger Things 3” အတိုင်း Storyline က အတူတူပါပဲ။ ဂိမ်းက အက်ရှင်-စွန့်စားခန်းဂိမ်းဖြစ်ပြီး Hawkins နှင့် ၎င်းရဲ့အနီးနားရှိ နေရာများကို စူးစမ်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။
Cover Fire: Offline Shooting

Photo : Tap Tap
စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စနိုက်ပါဂိမ်းကို ကစားချင်ရင် ဒီ Cover Fire: Offline Shooting ဆိုတဲ့ ဂိမ်းရှိပါတယ်။ ဒီဂိမ်းထဲမှာ ကစားသူအတွက် ပန်းတိုင်မှာ တိုက်ပွဲကို ဦးဆောင်ပြီး အကောင်းဆုံး စနိုက်ပါနှင့် သေနတ်သမား ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ တတ်တတ်ကြွကြွနဲ့ စိတ်ဝင်စားဖွယ် ကစားရမဲ့ ဂိမ်းဆိုလည်း မမှားပါဘူး။
ကဲ……ညီအစ်ကိုတို့အတွက် အဂေါ်ဆုံး မိုဘိုင်းလ်ဂိမ်းတွေ ဖော်ပြပေးထားတာမလို့ ခုပဲ ကစားကြည့်လိုက်ဦးနော်။
Source : SEASIA
Featured Photo : Nextren
