ဒီနေ့ခေတ်မှာ ဖုန်းနဲ့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေကလည်း အများအပြားပါပဲ။ သို့သော်လည်း တိုးတက်လာသော နည်းပညာနဲ့ အညီ မိုဘိုင်းလ်ဂိမ်းအများစုက ကစားနိုင်ရန် အင်တာနက်ချိတ်ဆက်မှု လိုအပ်ပါတယ်။ ထိုအခါမှ အင်တာနက်မရှိတဲ့ နေရာရောက်နေတဲ့အခါဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ချိတ်ဆက်မှု မရှိတဲ့နေရာဖြစ်စေ ထိုဂိမ်းတွေကို ဆော့ဖို့အခက်တွေ့တတ်တယ်။ ဒါပေမယ့် မပူပါနဲ့။ ဒီနေ့မှာ အင်တာနက်မရလဲ အေး‌ဆေးကစားလို့ရတဲ့ အမိုက်စား မိုဘိုင်းဂိမ်းတွေ ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Legendary Heroes

Source : Maya Games

လူများများနဲ့ ကစားလို့ရတဲ့ Multiplayer Online Battle Arena (MOBA) ဂိမ်းများကို သူငယ်ချင်းတွေနဲ့ ကစားလို့ရတာကြောင့် Gamers တော်တော်များများ ကြိုက်ကြပါတယ်။ သို့သော်လည်း Multiplayer Games တွေက အင်တာနက်နဲ့ချိတ်ဆက်ပြီး ကစားရတာများပါတယ်။ သို့သော်လည်း ဒီ Legendary Heroes ကဲ့သို့ Offline ကစားနိုင်တဲ့ MOBA ဂိမ်းက ကွီးတို့ကို စိတ်လှုပ်ရှားမှုနှင့် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

Dead Target

Source : VNG Game Studio

ဒီဂိမ်းကလည်း Offline ကစားလို့ရတဲ့ Zombies ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ ကွီးတို့က Zombies များကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကစားချင်ရင် ဒီ Zombie သေနတ်ပစ်စွန့်စားခန်း ဂိမ်းက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်းကို ကစားဖို့အတွက် ဉာဏ်ရည်ဉာဏ်သွေးနဲ့ အွန်လိုင်းဂိမ်း တိုက်ခိုက်မှုစွမ်းရည်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Epic Conquest

Source : Gaco Games

တစ်ယောက်တည်း အေးဆေး ကစားချင်တဲ့ ကွီးတို့အတွက် ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အက်ရှင် RPG ဂိမ်း Epic Conquest ရှိပါတယ်။ ဆန်းကြယ်သော Anime အမြင်အာရုံဝတ္ထုပုံစံ ဂရပ်ဖစ်များဖြင့် ဖန်တီးထားသော ဒီဂိမ်းက ကွီးတို့ကို စွဲလန်းစေပြီး စိတ်ကျေနပ်မှုပေးနိုင်မှာတော့ အသေအချာပါပဲ။ ဒါ့အပြင် တိုက်ခိုက်မှုတွေ၊ အောင်ပွဲတွေ၊ အန္တရာယ်တွေအပြင် အချစ်ဇာတ်လမ်းနဲ့မှာ ဒီဂိမ်းထဲကို စီးမြောနိုင်ပါတယ်။

SoulCraft

Source : MobileBitsGames

ဒီဂိမ်းကတော့ ကောင်းကင်၊ မြေကြီးနှင့် ငရဲသုံးဘုံကြား မျှခြေပြန်လည်တည်ဆောက်ရန် တာဝန်ပေးထားသော နတ်သမီးသူရဲကောင်းတစ်ဦးရဲ့ အခန်းကဏ္ဍကို ကစားသမားက ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက အမှောင် စိတ်ကူးယဉ်ကမ္ဘာတွင် ဇာတ်အိမ်တည်ထားသည့် အက်ရှင်မိုဘိုင်းလ်ဂိမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဂိမ်းမှာ တိုက်ပွဲအဆင့်များက တိုတောင်းသော်လည်း၊ ၎င်းတို့က ခက်ခဲလွန်းခြင်းမရှိဘဲ လုံလောက်သောစိန်ခေါ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တမူထူးခြားတဲ့ အက်ရှင်ဂိမ်းကို ကစားချင်ရင်တော့ ဒီဂိမ်းလေးကို Try ကြည့်နိုင်ပါတယ်။

Alto’s Odyssey

Source : Alto’s Adventure

ဒီဂိမ်းလေးကတော့ ကွီးတို့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အင်တာနက်မရလဲ အမိုက်စားကစားလို့ ရတဲ့ ဂိမ်းလေးဖြစ်ပြီး ကျယ်ပြောလှတဲ့ ခမ်းနားထည်ဝါတဲ့ သဲကန္တာရထဲမှာ စူးစမ်းမှုတွေပြုလုပ်ဖို့ Alto နဲ့သူငယ်ချင်းများနဲ့အတူ ပူးပေါင်းပါဝင်ပြီး ကစားလိုက်ပါ။ ဒီဂိမ်းလေးကလည်း ကွီးတို့ကို စိတ်ကျေနပ်မှု ရရှိစေမှာ အသေအချာပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Offline ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ ကြိုက်တဲ့ အမိုက်စား Offline ဂိမ်းတွေရှိရင်လည်း ဝေမျှပေးခဲ့ပါဦး။

Source : The Gamer

Featured Photo : WPXBOX