လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ပရီးမီးယားလိဂ်ဟာ တကမ္ဘာလုံး မသိသူမရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာပြီး ကမ္ဘာကျော်ကလပ်တွေနဲ့အတူ ကမ္ဘာကျော် ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာတလွှားက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

နာမည်ကျော် လူကြိုက်များလာတာနဲ့အမျှ ဝင်ငွေကလည်း တိုးမြင့်ရရှိလာတာက သဘာဝဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် အင်္ဂလန်မှာ လစာအများဆုံးရရှိနေတဲ့ ကစားသမား ၅ ဦးက ဘယ်သူတွေများဖြစ်မလဲ

Timo Werner

Photo: Sportsbrowser

၅။ တီမို ဗာနာ- ချဲလ်ဆီး

တီမို ဗာနာဟာ လိုက်ပ်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီမှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၂၇၂၀၀၀ ရရှိနေတယ်လို့ သိရပါတယ်။

Paul Pogba

Photo: Sportsbrowser

၄။ ပေါလ် ပေါ့ဂ်ဘာ- မန်ချက်စတာယူနိုက်တက်

ယခုလကုန်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ပြင်ဆင်နေတဲ့ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၅ သန်း ရရှိနေတာဖြစ်ပါတယ်။

N'golo Kante

Photo: Sportsbrowser

၃။ အန်ဂိုလို ကွန်တေ- ချဲလ်ဆီး

ချဲလ်ဆီးပရိသတ်တွေရဲ့ အချစ်တော် အန်ဂိုလို ကွန်တေဟာ လက်စတာစီးတီးနဲ့ရော ချဲလ်ဆီးအသင်းနဲ့ပါ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစာသမားဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ တစ်ပတ်လုပ်ခလစာ ပေါ် ၂၉၀၀၀၀ ရရှိနေပေမယ့် အားလုံးသိတဲ့အတိုင်း ကြွားဝါခြင်းမရှိဘဲ နှိမ့်ချတတ်သူဖြစ်ပါတယ်။

David De Gea

Photo: Sportsbrowser

၂။ ဒေးဗစ် ဒဟေးယား-မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ရဲ့ အားထားရတဲ့ ဂိုးတံတိုင်းကြီး ဒေးဗစ် ဒဟေးယားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ လက်စွမ်းကျဆင်းနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာ ရမှတ်တွေ မလျော့ကျရအောင် အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ရရှိနေသူဖြစ်ပါတယ်။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို-မန်ချက်စတာယူနိုက်တက်

တသက်တာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ပေါ်တူဂီဂန္တဝင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဂျူဗင်တပ်ကနေ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၅၁၀၀၀၀ ရရှိနေတာဖြစ်ပါတယ်။

Featured Photo: Sportsbrowser