ကွီးတို့က တစ်ခါမှ အတွေ့အကြုံ မရှိတဲ့ လူပျိုကြီး တစ်ယောက်လား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ပထမဦးဆုံး အတွေ့အကြုံအတွက် ရင်ခုန်နေပါလိမ့်မယ်။ ဒါ့အပြင် အတွေ့အကြုံ မရှိတော့ အမှားမှား အယွင်းယွင်းလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် ရှော်တီလေးနဲ့ ဘယ်လို အစပြု ပြီး ဘယ်လိုမျိုး ချစ်တင်းနှော ရမလဲဆိုတာကိုလည်း စိုးစဥ်းမျှ သိမှာမဟုတ်သေးပါဘူး။

ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ရှု လေ့လာကြည့်လိုက်ပါ။ ကွီးတို့ရဲ့ အတွေ့အကြုံများကို ရင့်သန်လာအောင် ကူညီပေးပါလိမ့်မယ်။​

Foreplay က အရေးကြီးပါတယ်

couple in bed

Foreplay ကို အနီးစပ်ဆုံး ဘာသာပြန်ရမယ်ဆိုရင်တော့ ပွတ်သီးပွတ်သပ် ပြုလုပ်တာမျိုးပေါ့။ ဒီလိုမျိုး ပွတ်သီးပွတ်သပ် ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကွီးတို့ရဲ့ စကီလေးကို ချစ်တင်းနှောချင်စိတ် တဖွားဖွားပေါ်လာစေဖို့ လှုံ့ဆော်ပေးခြင်း တစ်မျိုးပါပဲ။ ဒီအဆင့်ကို ကျော်ပြီး ချစ်တင်းနှောတဲ့ စုံတွဲတွေအတွက် အဆုံးစွန်ထိ သာယာကြည်နူးမှုကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီအဆင့်နဲ့ အစပြု ပြီး ချစ်တင်းနှော ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

ရိုမန့်တစ်ဆန်တဲ့ တေးဂီတ သီချင်းမျိုး ဖွင့်ထားလိုက်ပါ

အစပြု ချစ်တင်းနှော

ရိုမန့်တစ်ဆန်တဲ့ တေးသီချင်းများကလည်း ကွီးတို့ရဲ့ ချစ်တင်းနှော ချင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ ဘယ်လို သီချင်းမျိုးက ကွီးတို့ကို ချစ်တင်းနှောချင်စိတ်တွေ တဖွားဖွား ပေါ်လာအောင် လုပ်ဆောင် ပေးနိုင်သလဲ ဆိုတာကို လေ့လာကြည့်ပါ။ ပြီးတော့ နှစ်ယောက်စလုံးအတွက် အကြိုက်တွေ့မယ့် သီချင်းကို Playlist တစ်ခုအနေနဲ့ သေချာ စုစည်းထားပြီး နောက်ခံ တေးသီချင်းအဖြစ် ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ဆက်စီ ဂိမ်းမျိုးကို ဆော့ကစားပါ

အစပြု ချစ်တင်းနှော

ဆက်စီ ဖြစ်တဲ့ ဂိမ်းတွေက ဘယ်လိုမျိုးလဲဆိုပြီး စဥ်းစားရ ကြပ်နေပါသလား။ ဘယ်လို ဂိမ်းမျိုးကိုမဆို ဆက်စီ ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်ပါတယ်။ ဥပမာ ကွီးတို့က စာလုံး ဆက်တိုင်း ဆော့ကြတယ် ဆိုပါစို့၊ ရှုံးသွားတဲ့သူက အနမ်းပေးတိုင်း ဆော့ကစားကြတာမျိုးဆိုရင် ဂိမ်းက တစ်မျိုး တစ်မည် ပြောင်းသွားပြီး ဆက်စီကျသွားမှာ အမှန်ပါပဲ။

ကွီးတို့ရော အစပြု ပြီး ချစ်တင်းနှော ဖို့ ကြိုးစားတဲ့အခါ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ ထားရှိပါသလဲ။

Source: Menshealth

Featured Image: Yourtango.com