အစာအိမ်ဆိုတာ အစာခြေဖျက်နိုင်သော ကြွက်သားအင်္ဂါတစ်ခုဖြစ်ပါတယ်။ ကွီးရဲ့ အစာအိမ်နှင့် အူလမ်းကြောင်း စနစ်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အစာအိမ် က အစာကို လက်ခံရရှိတဲ့အခါ အစာကို ခြေဖျက်ပေးတဲ့ အက်ဆစ်နဲ့ အင်ဇိုင်းတွေကို ထုတ်ပေးပါတယ်။ အစာအိမ်မှာ စားလိုက်တဲ့အစာတွေကို တစိတ်တစ်ပိုင်း ခြေဖျက်ပြီး အူသိမ်ဆီသို့ ရောက်သွားပါတယ်။ အစာအိမ် ကျန်းမာရေး ဟာလည်း အထူးဂရုပြုရမဲ့ အထဲမှာ ပါဝင်ပါတယ်။

ဆာလောင်မွတ်သိပ်မှုနှင့် အစာစားခြင်းလုပ်ငန်းစဉ်မှာ အစာအိမ်ရဲ့အခန်းကဏ္ဍက ဘာလဲ။

ကွီးရဲ့ အစာစားချင်စိတ်နှင့် အစာစားသုံးမှုအတွက် အစာအိမ်က ဦးနှောက်သို့ အချက်ပြမှု ပေးပို့တာကနေ စတင်ပါတယ်။ ဦးနှောက်ရဲ့ hypothalamus အတွင်းရှိ အာရုံကြောဆဲလ်များ နိုးကြားလာတဲ့အါ ဆာလောင်မှုကို ခံစားရစေပါတယ်။

အစာအိမ် ကျန်းမာရေး

Photo : WTOP

ကွီးတို့အနေနဲ့ အလွန်အမင်း ဆာလောင်မှု ကြုံလာတဲ့အခါ၊ အစာအိမ် ကျန်းမာရေး ကို အရေးမထားဘဲ မစားသင့်တဲ့ အစားအစာတွေကို စားသောက်မိတတ်ပါတယ်။ ဥပမာအားဖြင့် ကယ်လိုရီများသော သရေစာတွေကို စားလိုက်တဲ့အခါ အော့အန်ခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းပျက် ဝမ်းလျှောခြင်းတို့ကို ဖြစ်ပေါ်စေတဲ့အပြင် အစာအဆိပ်သင့်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ အကြောင်း ကတော့ ကွီးအနေနဲ့ အချိန်အတော်ကြာ အစားမစားတဲ့အတွက် အစာအိမ်နှင့် အူလမ်းကြောင်း (GI) က အစားအစာ အမျိုးအစား အချို့ကို ပိုပြီး အာရုံခံစားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အစာအိမ် ကျန်းမာရေး အတွက် အလွန်အမင်းဗိုက်ဆာနေချိန်တွင် မစားသင့်သော အစားအစာ များကို သိထားဖို့လိုပါတယ်။

(၁) ထောပတ်သီး

အစာအိမ် ကျန်းမာရေး

Photo : CNN

ထောပတ်သီးမှာ အာဟာရဓာတ်များစွာပါဝင်ပြီး ကိုလက်စထရောပမာဏကို လျှော့ချပေး ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ မျက်စိကိုကာကွယ်ပေးတာ၊ မျိုးပွားမှုကို မြှင့်တင်ပေးတာ၊ မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်ချက်ကို မြှင့်တင်ပေးတာ၊ အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးတာ၊ အရိုးအဆစ်ရောင်ခြင်းကို တားဆီးပေးတာ စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိပါတယ်။

ဒါပေမယ့် အထူးသဖြင့် အစာမစားရသေးတဲ့ အစာအိမ်မှာ အစာ မရှိတဲ့အခါ ထောပတ်သီးစားတာက ကွီးအတွက် မကောင်းပါဘူး။ ထောပတ် သီးမှာပါတဲ့ အဆီဓာတ်က အစာခြေဖျက်ရာမှာ အလွန်နှေးကွေးပြီး ကွီးရဲ့ အစာအိမ်တွင်းရှိ အရာများကို အစာပြွန်ထဲသို့ ပြန်လည် ရောက်ရှိသွားစေတဲ့ ဖြစ်စဉ် Gastroesophageal Reflux ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထောပတ်သီး ဟာ အစာအိမ် ကျန်းမာရေး အတွက် အလွန်အမင်း ဗိုက်ဆာနေချိန် တွင် မစားသင့်သော အစားအစာ ဖြစ်ပါတယ်။

(၂) ဟင်းသီးဟင်းရွက် အစိမ်းများ

အစာအိမ် ကျန်းမာရေး

Photo : Food Revolution Network

ဟင်းသီးဟင်းရွက်တွေက ကွီးရဲ့ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဒါပေမယ့် အစာအိမ်မှာ အစာမရှိဘူးဆိုရင် ဟင်းသီးဟင်းရွက်အစိမ်းတွေဟာ လုံးဝရှောင်သင့်တဲ့ အစားအစာ မျိုးပါ။ ဟင်းသီး ဟင်းရွက် အစိမ်းတွေက အမျှင်ဓာတ်များတဲ့အတွက်ကြောင့် အစာကြေဖို့ ခက်ခဲပြီး ဓာတ်ငွေ့တွေ ထွက်တဲ့အတွက် အစာအိမ် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် သွေးတွင်းသကြားဓါတ်ကို ကျဆင်းတာကြောင့် အစာအိမ် ကျန်းမာရေး အတွက် အလွန်အမင်း ဗိုက်ဆာနေချိန် ကွီးအနေနဲ့ မစားသင့်သော အစားအစာ ဖြစ်ပါတယ်။

(၃) အသီးအနှံများ များများစားမိခြင်း

အစာအိမ် ကျန်းမာရေး

Photo : The Daily Meal

ကွီးအနေနဲ့ ဆာလောင်ချိန်မှာ ငှက်ပျောသီးတစ်လုံး (သို့) ပန်းသီးတစ်လုံးစားလိုက်ရင် စိတ်ကျေနပ်မှု ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အစာအိမ်မှာ အစာမရှိချိန် အမြောက်အများစားမိရင် သွေးတွင်းဂလူးကို့စ်ကို ရုတ်တရက် မြင့်တက်စေပါတယ်။ ထပ်ပြီးဆာလောင်လာပါတယ်။ မိနစ် ၃၀ ကနေ ၆၀ အတွင်း အသီးအနှံ တွေမှာပါတဲ့ အချဉ်ဓာတ်က အက်ဆစ်ပြန်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၄) Protein Shakes

အစာအိမ် ကျန်းမာရေး

Photo : British GQ

ကွီးတို့ ကြွက်သားသန်စွမ်းဖို့အတွက် ပရိုတင်း Shakes တွေကို စားသောက်ကြပါတယ်။ ပရိုတင်း Shakes အများစုမှာ Whey ပါ၀င်တဲ့အတွက် ဆာလောင်နေချိန် စားသုံးမိရင် ဝမ်းချုပ်တာ၊ ကြွက်တက်တာ၊ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

(၅) အနီရောင်အသား

Meat

Photo : Eat This, Not That

အမဲသား၊ ဝက်သားလို အနီရောင်အသားတွေက ပရိုတင်းဓာတ်ကြွယ်ဝတဲ့အတွက် အစာအိမ်က ခြေဖျက်ဖို့ အချိန်ယူရပါတယ်။ ဆာလောင်နေချိန် အနီရောင်အသားစားခြင်းက ကွီးရဲ့ အစာအိမ်ကို ပိုအလုပ်လုပ်စေပြီး ပရိုတင်းများကို ဖြိုခွဲခြင်းကို ဖြစ်စေပြီး ဗိုက်အောင့်ခြင်းနဲ့ အလွန် အကျွံ ဗိုက်ပြည့်ခြင်း ကိုလည်း ခံစားရစေပါတယ်။ အစာအိမ် ကျန်းမာရေး အတွက် အလွန်အမင်း ဗိုက်ဆာနေချိန်တွင် အနီရောင်အသားလို အစားအစာကို မစားပါနဲ့။

(၆) ကော်ဖီ

coffee

Photo : Testing Table

ကွီးအနေနဲ့ မနက်ခင်း အစာအိမ်ထဲ အစာမရှိဘဲ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို ထုတ်ပေးနိုင်ပြီး အစာခြေစနစ်အတွင်း အချဉ်ဓာတ်ကို တိုးလာစေပြီး အစာချေဖျက်မှုဆိုင်ရာ ပြဿနာများ ဖြစ်စေပါတယ်။

(၇) ဆီကြော်များ

chips

Photo : Mashes

အလွန်အမင်းဗိုက်ဆာနေချိန်တွင် မစားသင့်သော အစားအစာများ ထဲမှာ ဆီကြော်များ များလည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြော်ထားသော အာလူးက အစာအိမ်အတွက် အစာမကြေတာ ဖြစ်နိုင်ပါတယ်။

ကွီးတို့အနေနဲ့ အစာအိမ် ကျန်းမာရေး အတွက် အလွန်အမင်း ဗိုက်ဆာနေချိန်တွင် အထက်မှာဖော်ပြထားတဲ့ အစားအစာတွေကို သတိထားရှောင်ကြဉ်ဖို့ အကြံပြုလိုက်ပါတယ်။

Source : Bold Sky

Featured Photo : Talk Radio News