အိပ်ရာဝင်ခါနီးမှာ သွားရေစာမုန့် စားခြင်းနှင့် ပတ်သက်ပြီး ဝိဝါဒကွဲပြားကြတာတွေရှိကြပါတယ်။ အကောင်းနှင့် အဆိုးသည် အမြဲတမ်း ဒွန်တွဲလျက်ရှိတဲ့ အားလျော်စွာ ဒီလိုမျိုး အိပ်ရာဝင်ခါနီးမှာ အစား စားခြင်းကြောင့် ခံစားရမယ့် ကောင်းကျိုး ဆိုးပြစ် များသည်လည်း အသီးသီးရှိကြပါတယ်။

ကောင်းကျိုးများ

man can't sleep

ကောင်းကျိုးများကတော့ ဗိုက်ထဲမှာ အစာရှိသွားတဲ့အတွက်ကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခြင်း၊ Melatonin ဟော်မုန်းများ မြင့်မားလာခြင်း၊ Tryptophan ဓာတ်များ မြင့်မားလာခြင်း၊ သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါတယ်။

Tryptophan သည် အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး Melatonin ကတော့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ သူတို့သည် အိပ်စက်ဖို့ရန်အတွက် လှုံ့ဆော်ပေးတဲ့အရာတွေဖြစ်ပါတယ်။ Tryptophan ဓာတ် မြင့်မားတဲ့ အစားအစာများကတော့ နွားနို့၊ ချိစ်၊ ဥအမျိုးမျိုး၊ အခွံမာသီးများ၊ ငါးနှင့် ပဲအမျိုးမျိုးတို့ဖြစ်ပြီး Melatonin ဓာတ် မြင့်မားတဲ့ အစားအစာများကတော့ ချယ်ရီသီးများ၊ သစ်ကြားသီးများ၊ ငှက်ပျောသီး၊ အုတ်ဂျုံနှင့် ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။

ဗိုက်အဆာခံပြီး အိပ်စက်လိုက်တဲ့အခါ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်နိုင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို သွားရေစာများ အဖြစ် စားသုံးနိုင်ပါတယ်။

ဆိုးကျိုးများ

fat man

ဇီဝကမ္မဖြစ်စဉ် နှေးကွေးသွားခြင်း။ ညအိပ်ရာဝင်ခါနီးမှာ အစားစားခြင်းသည် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ ခန္ဓာကိုယ်သည် ညဘက်မှာ အိပ်စက်ဖို့ရန်အတွက် ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများရဲ့ လုပ်ငန်းဆောင်တာများကို နှေးကွေးပစ်လိုက်ပါတယ်။ တကယ်လို့ သင်သည် ညဘက်မှာ အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ သင့်ရဲ့အစာအိမ်သည် ကောင်းမွန်အစာမချေဖျက်နိုင်တာ့ဘဲ တဖြည်းဖြည်းနဲ့ ဝိတ်တက်လာမှာပဲဖြစ်ပါတယ်။

နှလုံးရောဂါ၊ အဝလွန်ရောဂါတို့ကိုပါ ခံစားရခြင်း

အစား ကောင်းကျိုး ဆိုးပြစ်

အကောင်းဆုံးကတော့ အိပ်ချိန်နှင့် ၄ နာရီခြားပြီး အစားစားသုံးခြင်းပဲဖြစ်ပါတယ်။ အိပ်ချိန်နှင့် အလွန်နီးကပ်စွာ စားသုံးမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေပြီး အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့ကိုလည်း ခံစားရစေနိုင်ပါတယ်။

ဒါဆိုရင် ညအိပ်ရာဝင်ခါနီး ဗိုက်ဆာရင် ဘယ်လိုလုပ်ရမလဲ

အစား ကောင်းကျိုး ဆိုးပြစ်

ဗိုက်အရမ်းဆာလို့ဆိုပြီးတော့ ထမင်းတစ်ဇလုံကြီး မစားလိုက်ပါနဲ့။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သွားရေစာများ ဖြစ်ဖို့လိုအပ်ပါတယ်။ ဥပမာ အချိုလျော့ထားသော Crackers များ၊ ပန်းသီး၊ နွားနို့၊ ချယ်ရီသီး၊ ချိစ်၊ ဥအမျိုးမျိုး၊ အခွံမာသီးများ၊ ငါးနှင့် ပဲအမျိုးမျိုး၊ သစ်ကြားသီးများ၊ ငှက်ပျောသီး၊ အုတ်ဂျုံနှင့် ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။ အဆီအဆိမ့်များလွန်းသော အစားအစာများ၊ အငန်ဓာတ် များလွန်းသော အစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ကွီးတို့ရော ညအိပ်ရာဝင်ခါနီးမှာ အစား စားမယ်ဆိုရင် ဒီလို ကောင်းကျိုး ဆိုးပြစ် များကို ခံစားရတဲ့အခါ ဆက်လက်စားသုံးမိနေဦးမှာလား။

Source: Amerisleep

Featured Image: Selecthealth