ယနေ့ခေတ်မှာ နည်းပညာတွေသည် တစ်စထက် တစ်စ တဖြည်းဖြည်း မြင့်တက်လို့ လာနေပါတယ်။ ထိုနည်းပညာနောက်ကို အမှီလိုက်နိုင်မှာ အများနောက်မှာ နောက်ကျ မကျန်ခဲ့မှာပါ။ နောင်လာမယ့် အနာဂတ်မှာလည်း ယခုထက် ပို အဆင့် မြင့် တဲ့ နည်းပညာ များကို မျက်ဝါးထင်ထင် တွေ့မြင်ရဦးမှာပါပဲ။

အနာဂတ်မှာ ဘယ်လိုမျိုး အဆင့် မြင့် တဲ့ နည်းပညာ တွေက ကျွန်တော်တို့ လူသားတွေရဲ့ ဘဝထဲကို ချဥ်းနင်း ဝင်ရောက်လာမလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်လက်ဖတ်ရှု ကြည့်လိုက်ပါဦး။

ကျန်းမာရေးလက်ပတ်များ

ကျန်းမာရေးလက်ပတ်များ

အခုဆိုရင် ရိုးရိုး လက်ပတ်နာရီတွေအစား စမတ်နာရီတွေကို ပြောင်းလဲ ဝတ်ဆင်လာကြပါပြီ။ စမတ်နာရီကနေတဆင့် ကွီးတို့ရဲ့ ကျန်းမာရေး အခြေအနေ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း စတဲ့ အချက်အားလုံးကို လေ့လာနိုင်ပြီပဲ ဖြစ်ပါတယ်။ နောင်အနာဂတ်မှာတော့ ထိုစမတ်နာရီထက် ပိုမို အဆင့်မြင့်ပြီး ကွီးတို့ရဲ့ ကျန်းမာရေး ရှုထောင့်ပေါင်းစုံကို မျက်ခြေမပြတ် စောင့်ကြည့်ပေးမယ့် လက်ပတ်မျိုး ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် အမြွှာများ

ဒစ်ဂျစ်တယ် အမြွှာများ

ဒစ်ဂျစ်တယ် အမြွှာဆိုတာကတော့ ကွီးတို့ လက်ရှိမှာ အသုံး ပြုနေတဲ့ စက်ပစ္စည်းတွေကို နောက်ထပ် ပုံစံတူ ပွားထားတာမျိုးပဲ ဖြစ်ပါတယ်။ အကောင်လိုက် ပွားထားတာမျိုး မဟုတ်ဘဲ Virtual ပုံရိပ်ယောင် အမြွှာမျိုးကို ဆိုလိုတာပါ။ ဒီလိုမျိုး ပုံရိပ်ယောင် အမြွှာမျိုး ဖန်တီးထားလိုက်ခြင်းသည် ကုန်ထုတ်လုပ်ငန်းတွေ၊ မြို့ပြ စီမံကိန်းများ၊ ကားပစ္စည်းများ ထုတ်လုပ်ရာမှာ ပြဿနာ နည်းနည်း၊ အကုန်အကျ နည်းနည်းနဲ့ အကောင်းဆုံး ပစ္စည်း၊ ရလဒ်မျိုး ထွက်ရှိလာအောင် လုပ်ယူပေးတာပဲ ဖြစ်ပါတယ်။

ပိုမို အဆင့်မြင့်လာမယ့် စက်ရုပ် နည်းပညာများ

အဆင့် မြင့် နည်းပညာ

ယခု လက်ရှိမှာ စက်ရုပ်တွေကို တချို့ ကုမ္ပဏီတွေမှာ အသုံး ပြုလာကြပါပြီ။ တချို့အိမ်တွေမှာလည်း စက်ရုပ်ကို အသုံးပြုလာကြပါတယ်။ ဖုန်စုပ်စက်ငယ်များကလည်း စက်ရုပ် အသေးစားတစ်ခုပါပဲ။ နောင်လာမယ့် အနာဂတ်မှာတော့ အိမ်တိုင်း အိမ်တိုင်းမှာ စက်ရုပ်များကို အသုံးပြုလာမယ့် အလားအလာ မြင်တွေ့နေရပါတယ်။

အာကာသ ခရီးသွားလာခြင်းက တွင်ကျယ်လာမယ်

အဆင့် မြင့် နည်းပညာ

SpaceX နဲ့ Blue Origin တို့လို့ ကုမ္ပဏီများက အာကာသဆီသို့ လူသားများ ခရီးသွားလာနိုင်အောင် ဦးတည်လျက်ရှိပါတယ်။ ဒီလို နည်းပညာများသည် အာကာသဆီသို့ အာကာသယာဥ်မှူးများသာမက သာမန်အရပ်သားများပါ သွားလာနိုင်အောင် တီထွင်ဖန်တီးလျက်ရှိတာပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ အာကာသ နည်းပညာပိုင်းနဲ့ သုတေသနပိုင်းကလည်း ဒီထက်တောင် ပိုမို ခေတ်စားလာမှာပါ။ ဒါ့ကြောင့် ကွီးတို့လည်း အာကာသ ခရီးသွားချင်တယ်ဆိုရင်တော့ အခုကတည်းက ပိုက်ဆံ​ ကြိုစုထားမှ တော်ရာကျပါလိမ့်မယ်။

ကွီးတို့ရော နောင်လာမယ့် အနာဂတ်မှာ ဘယ်လိုမျိုး အဆင့်မြင့်တဲ့ နည်းပညာများကို မျက်ဝါးထင်ထင် မြင်တွေ့ရမယ်လို့ ခန့်မှန်းမိပါသလဲ။

Source: Simplilearn.com

Featured Image: Linkedin.com