လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီး အပေါ်ယံ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ စကားက အရမ်း မှန်ပါတယ်။ ပိန်တာ ဝတာ ၊ အရပ်ပု အရပ်ရှည်တာတွေဟာ လူတစ်ယောက်ရဲ့ ပင်ကိုစွမ်းရည်အပေါ် လွမ်းမိုးမှု မရှိနိုင်ပါဘူး။ အရပ်ရှည်ခြင်းနဲ့ အောင်မြင်မှုဆိုတာလည်း ဆက်စပ်မှုမရှိပါဘူး။ ကမ္ဘာကျော် သရုပ်ဆောင်တွေ ကမ္ဘာကျော် ဘောလုံးသမားတွေထဲမှာလည်း အရပ်ပုပေမယ့် အောင်မြင်ကျော်ကြားသူတွေ အများကြီး ရှိကြပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ Hip Hop ဂီတလောကထဲက လူကောင်းသေးသေးလေးနဲ့ စွမ်းအားကြီးတဲ့ နာမည်ကြီး ရက်ပ်ပါ ၄ ဦးအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Bushwick Bill


Photo : Rolling Stone

Bushwick Bill ကတော့ ဂျမေကာ-အမေရိကန် ရက်ပ်ပါ ၊ Record Producer တစ်ယောက် ဖြစ်ပါတယ်။ နာမည်အရင်း ကတော့ Richard William Stephen Shaw ပါ။ သူ့ကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ မွေးခဲ့ပါတယ်။ Geto Boys လို့ခေါ်တဲ့ Hip Hop ဂီတအဖွဲ့ရဲ့ အဖွဲ့အဝင်တစ်ယောက်အဖြစ် လူသိများပြီး နာမည်ကြီး သီချင်းများစွာ ဖန်တီးသီဆိုခဲ့တဲ့ အောင်မြင်တဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်ပါတယ်။ Bushwick Bill ရဲ့ အရပ်ကတော့ ၃ ပေ ၈ လက်မသာရှိပြီး လူကောင်သေးသေးနဲ့ စွမ်းအားကြီးတဲ့ ရက်ပ်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။

(၂) Lil’ Kim

Photo : Rolling Stone

Lil’Kim လို့ လူသိများတဲ့ အမေရိကန် အမျိုးသမီး ရက်ပ်ပါ Kimberly Denise Jones ကတော့ လူကောင်သေးသေးနဲ့ စွမ်းအားကြီးတဲ့ အဆိုတော်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို ၁၉၇၄ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ မွေးခဲ့ပြီး အရပ်ကတော့ ၄ ပေ ၉ လက်မသာ ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်ကတည်းက Freestyle Rap တွေကို သီဆိုခဲ့ပြီး လူကြိုက်များ ရေပန်းစားတဲ့ လူကောင်အသေးဆုံး အမျိုးသမီး ရက်ပ်ပါ တစ်ဦးအဖြစ် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားပါတယ်။

(၃) Eazy-E

Photo : Hypebeast

Eazy-E ကတော့ အရပ်အပုဆုံး အမေရိကန် ရက်ပ်ပါတွေထဲက တစ်ယောက်ဖြစ်ပြီး အရပ် ၅ ပေ ၂ လက်မသာ ရှိပါတယ်။ သူ့ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ မွေးခဲ့ပြီး Godfather of Gangsta Rap လို့ လူသိများပါတယ်။

(၄) Lil Wayne

Photo : NME

Lil Wayne ကတော့ Hip Hop လောကထဲမှာ မသိတဲ့သူမရှိလောက်အောင် ကျော်ကြားတဲ့ နာမည်ကြီး ရက်ပ်ပါ တစ်ဦးဖြစ်ပါတယ်။ သူ့ကို ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ မွေးခဲ့ပါတယ်။ ၁၉၉၅ ဝန်းကျင်မှာ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ယနေ့ထိ လူကြိုက်များနေဆဲ ရက်ပ်ပါတစ်ဦးပဲ ဖြစ်ပါတယ်။ Lil Wayne ရဲ့ အရပ်ကတော့ ၅ ပေ ၄ လက်မ သာရှိပြီး လူကောင်ခပ် သေးသေးနဲ့ စွမ်းအားကြီးတဲ့ ရက်ပ်ပါတွေထဲက တစ်ဦး ဖြစ်ပါတယ်။

Featured  Photo : Rolling Stone