A$AP Rocky သည် ၂၀၁၁ ခုနှစ်တင် အနုပညာလောကထဲသို့ ဝင်ရောက်လာကာ နာမည်ကြီးခဲ့တဲ့ အမေရိကန် ရက်ပ်ပါ အဆိုတော် တစ်ယောက်ဖြစ်ပြီး အနုပညာလက်ရာမြောက်သော သီချင်း များကို သီဆိုလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့ဘဝသည် အနုပညာလောကထဲ ဝင်ရောက်လာဖို့ရန်အတွက် လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သို့သော် ထို အဆိုတော် သည် အခက်အခဲများ ကြားထဲကနေ သီချင်း ကောင်း မြောက်မြားစွာကို ဖန်တီးခဲ့ကာ အောင်မြင်ကျော်ကြား လူကြိုက်များလာပြီး ရက်ပ်ဂီတလောကမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။
အဆိုတော် A$AP Rocky ရဲ့ လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး သီချင်း များကို သီချင်း ချစ်သူပရိသတ်များအတွက် စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
Praise The Lord – Feat. Skepta
ဒီသီချင်းကတော့ ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းသည် A$AP Rocky ရဲ့ငယ်ဘဝကို ပြန်လည်အမှတ်ရစေတဲ့ သီချင်းလေးလို့ သူက ပြောကြားခဲ့ပါတယ်။ သီချင်းရဲ့ Chorus အပိုဒ်လေးကလည်း နားထဲစွဲနေစေတဲ့ စာသားလေးတွေနဲ့ ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။
Everyday – Feat. Rod Stewart, Miguel & Mark Ronson
ဒီသီချင်းကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဆိုတော် များရဲ့ အပေးအယူတည့်မှုကို ဒီ သီချင်း လေးထဲမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
Fuckin’ Problems – Feat. Drake, 2 Chainz & Kendrick Lamar
ဒီသီချင်းကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ရက်ပ်သီချင်း ကြိုက်နှစ်သက်သူများအတွက် နားဆင်ခံစားသင့်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
Wild For The Night – Feat. Skrillex & Birdy Nam Nam
ဒီသီချင်းလေးသည် အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းစာသားများနဲ့ ပြည့်နှက်နေပေမယ့် Underrated ဖြစ်နေတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။
Fashion Killa
ဒီသီချင်းလေးကတော့ ဖက်ရှင်မျိုးစုံအကြောင်းကို ရည်ညွှန်းသီဆိုထားတာဖြစ်ပြီး သူ့ရဲ့ချောမောလှပတဲ့ ကောင်မလေးသာ ဖက်ရှင်ဘရန်းများကို ဝတ်ဆင်ပါက ထိုဖက်ရှင်ဘရန်းများ နာမည်ကြီးသွားမှာဖြစ်ကြောင်း ဖော်ကျူးထားတာဖြစ်ပါတယ်။
Rihanna က Featuring အနေနဲ့ သီဆိုထားတာဖြစ်ပါတယ်။ A$AP Rocky နဲ့ Rihanna တို့နှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူစုံတွဲများ ဖြစ်ကြပြီး မကြာခင်မှာပဲ မိဘနေရာသို့ ရောက်ရှိလာကြတော့မှာဖြစ်ပါတယ်။
Lord Pretty Flacko Jodye 2
ဒီသီချင်းကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Peso
Peso ကတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီသီချင်းထဲမှာ ထို အဆိုတော် ရဲ့ သီချင်း ရေးစပ်နိုင်စွမ်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Babushka Boi
ဒီသီချင်းလေးကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပါတယ်။
Goldie
Goldie ထဲမှာလည်း သူ့ရဲ့ ရက်ပ်စကေးတွေက သြချရလောက်အောင်ကို ကောင်းလွန်းလှတာ တွေ့မြင်ရမှာပါ။
Multiply
ဒီသီချင်းကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့သီချင်းဖြစ်ပြီး A$AP Rocky ရဲ့ စတိုင်လ်တစ်ခုကို ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်။
Source: Tonestart
Featured Image: Tonestart